အပ်ိဳမစစ္လုိ႔ဆုိၿပီး မဂၤလာဦးညမွာပင္ သတုိ႔သားအသစ္စက္စက္ရဲ႕ ကြာရွင္းျခင္းခံခဲ့ရသူ

https://thadinyatkwat.com/archives/13651
အပ်ိဳမစစ္လုိ႔ဆုိၿပီး မဂၤလာဦးညမွာပင္ သတုိ႔သားအသစ္စက္စက္ရဲ႕ ကြာရွင္းျခင္းခံခဲ့ရသူ

အပ်ိဳစစ္ျခင္းမစစ္ျခင္းဆိုသည္မွာ ေဆးဘက္ဆိုင္ရာ ပညာရွင္ေတြအခ်င္းခ်င္းေတာင္ သေဘာထားကြဲလြဲေစတဲ့ ကိစၥမ်ိဳးပါ။ အမ်ိဳးသမီးတစ္ေယာက္ အပ်ိဳစစ္ျခင္း မစစ္ျခင္းဆိုသည္ကို အလြယ္္ေျပာဖို႔အတြက္ တစ္ပါးေသာေယာက္်ားနဲ႔ ႏွီးေနာပတ္သက္မႈမရွိဖူးသူဆိုရင္ေတာ့ အဲဒီအမ်ိဳးသမီး အပ်ိဳစစ္တယ္လို႔ သတ္မွတ္လို႔ရပါတယ္။
Virgin ကို အဓိပၸါယ္ဖြင့္ဆိုရာမွာေတာ့ A person who has never had sexual intercourse. ဆိုၿပီး အဓိပၸါယ္ဖြင့္ဆိုခဲ့ရာ ဒါဟာ အျငင္းပြားဖြယ္ရာေတြကို ျဖစ္ေစပါတယ္။ အေၾကာင္းကေတာ့ sexual intercourse ဆိုသည္မွာ အေဖာ္မပါဘဲ တစ္ကိုယ္တည္း ျပဳလုပ္လို႔ရႏိုင္တဲ့ အေျခအေနျဖစ္ေနလို႔၊ ဘာသာဘာဝ တစ္ဦးတည္း အာသာေျဖတတ္သူေတြအေနနဲ႔ Virgin ဆိုတဲ့ ေဘာင္မဝင္ေတာ့ဘူးလို႔ အျငင္းပြားဖြယ္ရာ ျဖစ္ေစျပန္ပါတယ္။
ဒီေတာ့ Virgin ဆိုတဲ့ စကားကို အဓိပၸါယ္သတ္မွတ္ရမွာ မည္သည့္အခ်က္ကို အတည္ျပဳရမယ္ဆိုတာ ေသေသခ်ာခ်ာ မေျပာႏိုင္ေသးေသာ္လည္း ေနာက္ပိုင္းမွာေတာ့ ေဆးဘက္ဆိုင္ရာ ဆရာဝန္ေတြရဲ႕ ေဆးပညာနဲ႔ႏွီးႏြယ္တဲ့ စမ္းသပ္စစ္ေဆးမႈ သက္ေသခံခ်က္ သို႔မဟုတ္ အပ်ိဳစစ္ေၾကာင္းေထာက္ခံခ်က္ေတြဟာ အလြန္အေရးပါလာပါတယ္။

အခု အမ်ိဳးသမီးတစ္ဦးကေတာ့ မဂၤလာဦးညမွာ သတို႔သားအသစ္စက္စက္နဲ႔ ခ်စ္တင္းေႏွာစဥ္ ေသြးမထြက္လို႔ဆိုၿပီး သတို႔သားအသစ္စက္စက္က သူမကို အပ်ိဳမစစ္ဘူး စြပ္စြဲခဲ့တာပါ။ အဆိုပါ အမ်ိဳးသားရဲ႕ဦးေႏွာက္ထဲမွာ အပ်ိဳစစ္စစ္ဆိုရင္ ေသြးထြက္ရမယ္လို႔ တရားေသ မွတ္ယူထားပုံရပါတယ္။


ဒီအေၾကာင္းကို ကာယကံရွင္အမ်ိဳးသမီးရဲ႕ကိုယ္စား Ashraf Ariff အမည္ရ အမ်ိဳးသားက တြစ္တာေပၚမွာ တင္ခဲ့တာပါ။ သူရဲ႕ ပို႔စ္ေအာက္မွာ အျမင္ခ်င္းမတူတဲ့ သေဘာထားေတြကို ေတြ႕ရပါတယ္။ တကယ္တမ္း နစ္နာခဲ့ရသူကေတာ့ အမ်ိဳးသမီးျဖစ္ၿပီး၊ ဒီလို ျပဳလုပ္လိုက္ျခင္းေၾကာင့္ သူမရဲ႕ ဘဝအတြက္ အမည္းစက္ ျဖစ္သြားေစပါတယ္။ ဒီအျဖစ္အပ်က္ဟာ မေလးရွားႏိုင္ငံမွာ ျဖစ္ခဲ့တာလို႔ သိရပါတယ္။
credit – နတ္စည္ေတာ္ (MyanmarNote)
Unicode
အပျိုစစ်ခြင်းမစစ်ခြင်းဆိုသည်မှာ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေအချင်းချင်းတောင် သဘောထားကွဲလွဲစေတဲ့ ကိစ္စမျိုးပါ။ အမျိုးသမီးတစ်ယောက် အပျိုစစ်ခြင်း မစစ်ခြင်းဆိုသည်ကို အလွယ်ပြောဖို့အတွက် တစ်ပါးသောယောက်ျားနဲ့ နှီးနောပတ်သက်မှုမရှိဖူးသူဆိုရင်တော့ အဲဒီအမျိုးသမီး အပျိုစစ်တယ်လို့ သတ်မှတ်လို့ရပါတယ်။
Virgin ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာတော့ A person who has never had sexual intercourse. ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့ရာ ဒါဟာ အငြင်းပွားဖွယ်ရာတွေကို ဖြစ်စေပါတယ်။ အကြောင်းကတော့ sexual intercourse ဆိုသည်မှာ အဖော်မပါဘဲ တစ်ကိုယ်တည်း ပြုလုပ်လို့ရနိုင်တဲ့ အခြေအနေဖြစ်နေလို့၊ ဘာသာဘာဝ တစ်ဦးတည်း အာသာဖြေတတ်သူတွေအနေနဲ့ Virgin ဆိုတဲ့ ဘောင်မဝင်တော့ဘူးလို့ အငြင်းပွားဖွယ်ရာ ဖြစ်စေပြန်ပါတယ်။
ဒီတော့ Virgin ဆိုတဲ့ စကားကို အဓိပ္ပါယ်သတ်မှတ်ရမှာ မည်သည့်အချက်ကို အတည်ပြုရမယ်ဆိုတာ သေသေချာချာ မပြောနိုင်သေးသော်လည်း နောက်ပိုင်းမှာတော့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ဆေးပညာနဲ့နှီးနွယ်တဲ့ စမ်းသပ်စစ်ဆေးမှု သက်သေခံချက် သို့မဟုတ် အပျိုစစ်ကြောင်းထောက်ခံချက်တွေဟာ အလွန်အရေးပါလာပါတယ်။
အခု အမျိုးသမီးတစ်ဦးကတော့ မင်္ဂလာဦးညမှာ သတို့သားအသစ်စက်စက်နဲ့ ချစ်တင်းနှောစဉ် သွေးမထွက်လို့ဆိုပြီး သတို့သားအသစ်စက်စက်က သူမကို အပျိုမစစ်ဘူး စွပ်စွဲခဲ့တာပါ။ အဆိုပါ အမျိုးသားရဲ့ဦးနှောက်ထဲမှာ အပျိုစစ်စစ်ဆိုရင် သွေးထွက်ရမယ်လို့ တရားသေ မှတ်ယူထားပုံရပါတယ်။
ဒီအကြောင်းကို ကာယကံရှင်အမျိုးသမီးရဲ့ကိုယ်စား Ashraf Ariff အမည်ရ အမျိုးသားက တွစ်တာပေါ်မှာ တင်ခဲ့တာပါ။ သူရဲ့ ပို့စ်အောက်မှာ အမြင်ချင်းမတူတဲ့ သဘောထားတွေကို တွေ့ရပါတယ်။ တကယ်တမ်း နစ်နာခဲ့ရသူကတော့ အမျိုးသမီးဖြစ်ပြီး၊ ဒီလို ပြုလုပ်လိုက်ခြင်းကြောင့် သူမရဲ့ ဘဝအတွက် အမည်းစက် ဖြစ်သွားစေပါတယ်။ ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။
credit – နတ်စည်တော် (MyanmarNote)
https://thadinyatkwat.com/archives/13651
No comments:
Post a Comment
Note: Only a member of this blog may post a comment.