တွဲနေကြပြီလားလို့ ထင်မှတ်မှားစေတဲ့ ဒေါင်းနဲ့ဝတ်မှုန်ရွှေရည်ရဲ့ အပြုအမူလေးတွေ
လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အကြောင်းအရာကတော့ ဒေါင်းနဲ့ဝတ်မှုန်ရွှေရည် တို့ တွဲခုတ်နေကြပြီလားဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ နှစ်ယောက်သားက ၂၀၁၆ ခုနှစ်ကတည်း က စတင်တွေ့ဆုံပြီး အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ လမ်းကြောင်းတူ လောကသားတွေဖြစ်လို့ မကြာခဏဆုံတွေ့ကြတာတော့ မဆန်းပါဘူး။
နှစ်ယောက်လုံးကိုလည်း ပရိသတ်တွေက သို့လောသို့လော ထင်မြင်ယူဆနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဝတ်မှုန်ရွှေရည်တစ်ယောက် သူမရဲ့ Instagram မှာ ဒေါင်းအကောင်လေးပုံကို တင်ပြီး အသည်းပုံအစိမ်းရောင်လေး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီပုံရိပ်လေးဟာ လတ်တလောရေပန်းစားနေတဲ့ နှစ်ယောက်သားရဲ့အချစ်ရေးကိုဖော်ပြတာလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
ဒေါင်းကလည်း သူ့ရဲ့ Instagram မှာ မြန်မာမိန်းကလေးဆိုလို့ ဝတ်မှုန်ရွှေရည်တစ်ယောက်တည်း ကိုသာ Follow လုပ်ထားတာဖြစ်လို့ အားလုံးကလည်း အတော်လေးကို စိတ်ဝင်စားနေကြပါတယ်။ နှစ်ယောက်သားကတော့ လတ်တလောထိ ထူးထူးခြားခြား Relation ပုံစံမျိုးမရှိသေးတာမို့ အတည်မပြုနိုင်သေးပါဘူး။ ပရိသတ်ကြီးကရော သူတို့နှစ်ယောက်ကို သဘောတူလားဆိုတာ ပြောခဲ့ပေးပါဦးနော်။
Photo – Wutt Hmone Shwe Yi / Daung
Credit- myanmarload
Credit- myanmarload
No comments:
Post a Comment
Note: Only a member of this blog may post a comment.