ကျား သုံးကောင်က အရှင်လတ်လတ်ကိုက်စားတာကို ခံရတဲ့ အမျိုးသား ဗီဒီယိုဖိုင်
တရုတ်နိုင်ငံအရှေ့ပိုင်းကတိရစ္ဆာန်ရုံတခုတည်းမှာအမျိုးသားတဦးဟာကြောက်မက်ဖွယ်ကျား၃ကောင်ရဲ့ကိုက်စားတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။အဆိုပါအမျိုးသားကတော့ အဲဒီအမျိုးသားဟာ ကျားလှောင်အိမ်အနီး လာရောက်လည်ပတ်သူတွေ ကြည့်ရှုဖို့ခွင့်ပြုထားတဲ့ဇုန်ကနေဖြတ်ကျော်ခဲ့ပြီးကျားတွေကိုအနီးကပ်ကြည့်ရှုဖို့ကြိုးစားချိန်မှာကျားတွေရဲ့တိုက်ခိုက်ခံမှုကိုခံခဲ့ရတာပါ။
ကျား၃ကောင်ဟာအဲဒီအမျိုးသားကိုသူ့ရဲ့ဇနီးနဲ့ကလေးဖြစ်သူရှေ့မှာတင်ခုန်အုပ်တိုက်ခိုက်ခဲ့ကြပြီးခေါင်းကိုဖြတ်ကိုက်ထားတဲ့မြင်ကွင်းကဇနီးဖြစ်သူနဲ့ကလေးအတွက်အရမ်းကိုကြေကွဲစရာကောင်းလှပါတယ်။ကျားသုံးကောင်ရဲ့မလွတ်တမ်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ ၎င်းအမျိုးသားဟာဆိုရင်လည်း မသေခင် ငရဲကျ ရသလိုပါပဲ။ အရမ်းကိုဆာလောင်မွတ်သိပ်နေသလိုပုံစံအမျိုးသားရဲ့ခန္ဓာကိုယ်ကိုအတင်းအကျပ်ကိုက်ဖဲ့နေတဲ့ကျားတွေရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်တော့ ဘယ်နေရာဘယ်အချိန်ပဲဖြစ်ဖြစ် ကျားဆိုတာက ကျားပါပဲ။ မထိမဲ့မြင် မလုပ်သင့်ပါဘူး။
ပရိသတ်တွေလည်းအခုလိုအဖြစ်အပျက်တွေကိုသတိထားဆင်ခြင်နိုင်စေဖို့အတွက်ဒီသတင်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။ source – DVB & CGTN
https://celemyinkwin.com/2018/12/25/%E1%80%80%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%80-%E1%80%A1%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%9C%E1%80%90%E1%80%B9/?fbclid=IwAR2EQDjNDG9fB4Xs4LIfw5JNHLVIVeTzc-RLHiSJCV3d1nDtw9Opyl2jCwg
No comments:
Post a Comment
Note: Only a member of this blog may post a comment.