2018 အတွင်း အဆဲခံရဆုံး ဆယ်လီများ
နာမည်ကျော်ဖြစ်ရတာလည်းတကယ်မလွယ်ပါဘူး။ ကိုယ့်မှာအရည်အချင်းတစ်ခုခုရှိလို့ အနုပညာကိုဝါသနာပါလို့ တစ်စုံတစ်ရာဖြစ်ဖြစ်မြောက်မြောက်ထူးထူးချွန်ချွန်လုပ်လာနိုင်လို့ နာမည်ကျော်လာသည်ဖြစ်စေ လူတွေရဲ့ဝိုင်းပြီး မညှာမတာအချဉ်ဖောက်ခြင်းကိုခံရပြီးနာမည်ကျော်လာသည်ဖြစ်စေ နာမည်ကျော်လာပြီဟေ့ဆိုတာနဲ့ အဆဲခံရခြင်းကကပ်ပါလာတော့တာပါပဲ။ တစ်ဖက်ကကြည့်ရင်လည်း Justin Bieber လို ကမ္ဘာကျော်ထိပ်တန်းအဆိုတော်တောင်မှ ခြေလှုပ်လက်လှုပ်လိုက်ကြည့်ခံနေရပြီး အဆဲခံနေရသေးတာပဲလေ။ နိုင်ငံကျော်အနုပညာရှင်တွေအနေနဲ့ အဆဲခံရတာကဖြေသာပါသေးတယ်လို့ပြောရမလားပါပဲ။ ပြောချင်လွန်းလို့ Page ကနေ 2018 တစ်နှစ်တာအတွင်းအဆဲခံရဆုံးသရဖူကြီးကို ဆွတ်ခူးရရှိသွားတဲ့ ဆယ်လီများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။
ခြိမ့်ကေကို
Myanmar Idol ပြိုင်ပွဲမှာ မြန်မာပြည်သိန်းတန်ကြီးက ငှက်ပျောသီးကျွေးလိုက်ရာကနေ ဝက်ဝက်ကွဲ သောက်သောက်လဲနာမည်ကြီးလာခြဲ့ပီး ကျွန်တော်လွမ်းလို့ငိုရတော့မယ်မမရေဆိုတဲ့ စာသားလေးနဲ့ ပရိသတ်တွေရဲ့စိတ်နှလုံးကိုညိုးချုံးစေခဲ့ပြီး အခုဆိုရင် ညီမလေးသီချင်းနဲ့ပါ မြို့မေတ္တာခံယူတော့မယ့် ခြိမ့်ကေကိုဆိုသူ လူငယ်လေးဟာဆိုရင်တော့ဖြင့် ပရိသတ်တွေကြားထဲမှာ အော့ကြောလန်အောင် အဆဲခံနေရရှာသူလေးပါ။ ဒါပေမယ့် ခြိမ့်ကေကိုက ဆဲတာဆိုတာတွေကိုသိပ်ပြီးဂရုစိုက်လှသူတော့မဟုတ်ပါဘူး။ အဆဲမိုးတွေရွာ အဆဲမီးတွေလောင် အဆဲမုန်တိုင်းတွေတိုက်ခတ် အဆဲကောင်းကင်ကြီးအောက်မှာ အဆဲလျှပ်စီးတွေလက်နေတဲ့ကြားကနေပြီး သူလုပ်စရာရှိတာတွေ လုပ်ချင်တာတွေကို အိနြေ္ဒရရဆက်လုပ်နေသူလေးဖြစ်ပါတယ်။
နေခြည်ဦး
ချီချီလို့ချစ်စနိုးခေါ်ကြတဲ့နေခြည်ဦးဟာ ချစ်တဲ့သူတွေများသလို ဝေဖန်ကဲ့ရဲ့ချင်သူတွေလည်းတော်တော်များသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ရုတ်တရက်လွှတ်ခနဲလွှတ်ခနဲမဆင်မခြင်ပြောထွက်တတ်တဲ့စကားတွေကလည်း ဆဲချင်သူတွေကီုမီးစာထည့်ပေးသလိုဖြစ်နေပါတယ်။ အခုဆိုရင် နေခြည်ဦးဘာလုပ်လုပ်မျက်မုန်းကျိုးပြီး မျက်စိမှိတ်ဆဲမယ်ဆိုသူတွေက ဒုနဲ့ဒေးဖြစ်လို့နေပါပြီ။ဒါပေမယ့်နေခြည်ဦးကတော့ ဆဲတဲ့လူတွေကိုလှည့်ကြည့်ဖို့မအားပဲ ရုပ်ရှင်တွေဇယ်ဆက်သလိုရိုက်နေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ပါအလုပ်တွေရှုပ်လျက်ရှိနေပါတယ်။
စည်သူပလတ်ကျွတ်
စည်သူပလတ်ကျွတ်ဆိုတာကတော့ ပြည်တွင်းဖြစ်သူရဲကောင်းဝတ်စုံဖားဖားကြီးနဲ့ ကြောင်နက်သိုင်းဆိုလားဘာလား ဗီဒီယိုတွေရိုက်နေပြီး Interview တွေကိုမရှက်တမ်းဖြေနေတဲ့ သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုလည်းလူတွေက မျက်စိနောက်တယ်နဲ့တူပါတယ် ရိပ်ခနဲမြင်လိုက်တာနဲ့ ဝင်ဆဲကြတော့တာဆိုတော့ နောက်ပိုင်းမှာသူလည်းနည်းနည်းငြိမ်သွားပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာဘယ်လိုပုံစံနဲ့ပြန်ပေါ်လာမလဲဆိုတာကိုတော့ လူတွေက ဆဲဖို့လျှာကိုမောင်းတင်၊ပါးစပ်ကိုအသင့်ဖွင့်ပြီး ရယ်ဒီအနေအထားနဲ့ စိတ်ပါလက်ပါစောင့်ဆိုင်းလျက်ရှိကြလေရဲ့။
အိမ့်ထရက်ရှ
အိမ့်ထရက်ရှာဆိုသူလေးကတော့အရမ်းကိုချစ်ဖို့ကောင်းတဲ့ မော်ဒယ်မလေးပါ။ ဒါပေမယ့်မော်ဒယ်မလေးခမျာ စိတ်ကိုအလိုလိုက်မှုကြောင့် HD ထွက်ပြီးလူတကာရဲ့ တံတွေးခွက်မှာ position မျိုးစုံနဲ့မျောရတော့တာပါပဲ။ဒါပေမယ့်အိမ့်လေးက အသိညဏ်ကောင်းကောင်းရှိသလိုစဉ်းစားဆင်ခြင်နိုင်စွမ်းလည်းရှိပါတယ်။ ဒီလိုအမှားအတွက် ဒီလို HD ကိုဖြန့်ပြီးတိုက်ခိုက်ခံရတဲ့အတွက် လုံးဝလဲပြိုသွားမှာမဟုတ်ဘူး။ ပြန်ထလာမှာ အများကြီးပိုပြီးကြိုးစားသွားမှာလို့ အင်တာဗျူးတွေမှာပြောထားခဲ့ပါတယ်။
ရွှေထူးနဲ့ရွှေမှုံ
ရွှေနှစ်ရွှေစုံတွဲလောက် အဆဲခံရတာ ဒီနှစ်ထဲမှာဘယ်သူမှရှိတော့မယ်တောင်မထင်ပါဘူး။ ပထမက ရွှေထူးပေါ့လေ။ ခြောက်နှစ်ကျော်တွဲလာခဲ့တဲ့ ရည်းစားနဲ့ လမ်းခွဲလိုက်လို့၊လမ်းခွဲပြီးဘာမှမကြာသေးခင် ရွှေမှုံနဲ့တွဲပြီး တန်းပြီးတော့ပါ လက်ထပ်ပစ်လိုက်လို့။ ရွှေထူးနဲ့ရွှေမှုံနဲ့စတွဲတုန်းကတော့ ရွှေထူးကိုခြံခုန်တယ်၊ရွှေမှုံကိုစနိုက်ကြော်တယ်ဆိုပြီး စိတ်ပါတိုင်းဆဲ၊သတိရတိုင်းဆဲ၊ စိတ်မကြည်တိုင်းဆဲ၊ ဗိုက်ဆာတိုင်းဆဲ၊ အိမ်သာတက်တိုင်းဆဲ ဆိုသလို အဆဲမိုးတွေမွှန်ပြီး အဆဲမီးခိုးတွေဝေ့တက်နေခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ကြည်နူးစရာမင်္ဂလာဆောင်လေးတွေအပြီးမှာနှစ်ယောက်သားပျော်ရွှင်နေကြတာကိုကြည့်ပြီး ဆဲတဲ့လူတွေလည်း နည်းနည်းအရှိန်လျော့သွားခဲ့ပါတယ်။ဒါပေမယ့် တစ်ချက်မှားတာနဲ့ အဆဲလှိုင်းလုံးကြီးတွေက တမုဟုတ်ချင်းပြန်ရိုက်ခတ်လာဦးမှာဖြစ်လို့ ရွှေနှစ်ရွှေစုံတွဲမှာ သတိအနေအထားနဲ့ နေကြရဦးမှာပါပဲ။
သင်ဇာဝင့်ကျော်
2018 ကတော့ သင်ဇာရဲ့နှစ်ပဲလို့ပြောရလောက်အောင်ကို သင်ဇာက 2018 ထဲမှာ အရမ်းကို ဟော့တဲ့ဝတ်စုံတွေကိုသတ္တိရှိရှိနဲ့ဝတ်ပြခဲ့သလို နေရွှေသွေးအောင်ရဲ့ MTV ထဲမှာလည်း အရမ်းကို ကြမ်းတဲ့အခန်းတွေကို သရုပ်ဆောင်ပေးခဲ့ပါသေးတယ်။အဲဒါကလည်းသင်ဇာကိုပိုပြီးအောင်မြင်စေခဲ့သလို ပိုပြီးတော့လည်းအဆဲခံရစေခဲ့တယ်ဆိုရင်မမှားပါဘူး။သင်ဇာကတော့ ဝေဖန်မှုတွေကို ဘယ်တုန်းကမှဂရုမစိုက်ခဲ့တဲ့ သူ့စတိုင်အတိုင်းပဲ ခပ်တည်တည်နဲ့ လုပ်စရာရှိတာဆက်လုပ်နေခဲ့ပါတယ်။
ဟိန်းမင်းသူ
ဟိန်းမင်းသူကတော့ အားလုံးလည်းသိကြမှာပါ။ သူ့ account ကို အကြိမ်ပေါင်းများစွာ Hack ခံရတဲ့အပြင် ဆိုးရွားပြီး သိက္ခာကျစေနိုင်ခဲ့တဲ့ Chat List တွေပေါ်သွားခဲ့တာကြောင့် လူကလည်း ဆယ်ကျော်သက်အရွယ်လူငယ်လေးပဲဆိုတော့ စိတ်ဓာတ်တွေကျပြီး စိတ်မြန်လက်မြန်နဲ့ ဘာမီတွန်တွေတစ်ဗူးလုံးသောက်ခဲ့တာဖြစ်ပါတယ်။ ဒါတောင်မှ စိတ်ပျော့လှချည်လားဆိုပြီး ဂရုဏာဒေါသောနဲ့တစ်နိုင်ငံလုံးက အားရှိပါးရှိဝိုင်းဆဲခဲ့ကြပါသေးတယ်။ ဟိန်းမင်းသူနဲ့အပေါင်းအပါတွေဖြစ်တဲ့ ပိုင်တံခွန်တို့တိုင်ရွန်တို့ပါအလိုတူအလိုပါ ဝိုင်းဆဲခံကြရပါသေးတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဒီထဲက ဘယ်သူ့ကိုဆဲနေတဲ့အထဲမှာတစ်တပ်တစ်အားပါဝင်ဖူးကြလဲ။ ဒါမှမဟုတ်ဒီထဲက တစ်ယောက်ယောက်ရဲ့ပရိသတ်လား။ သူတို့ထဲကဘယ်သူ့ကိုအကြိုက်ဆုံးလဲ၊ဒါမှမဟုတ် မကြိုက်ဆုံးလဲ။ ပြောခဲ့ကြပါဦး။ ဒီထဲမှာမပါပဲ အဆဲဒဏ်ကိုအလူးအလဲခံရတဲ့ဆယ်လီတွေရှိရင်လည်း Comment မှာ ကပ်တိုးလေးပြောပြခဲ့ကြဦးနော်။
http://wavecele.com/celebrities/2018-%E1%80%A1%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%86%E1%80%B2%E1%80%81%E1%80%B6%E1%80%9B%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%80%86%E1%80%9A%E1%80%B9%E1%80%9C%E1%80%AE/?fbclid=IwAR1bh1wrEA9wmqE1XhU2HF4jV_B0lyrVGH5WJsXkOpfm20U_2bS_vzfQSj4
No comments:
Post a Comment
Note: Only a member of this blog may post a comment.