နေမကောင်းဖြစ်နေတဲ့ ခင်ပွန်းရဲ့ ကိုယ်စား မော်လမြိုင်က ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ရွှေမှုံရတီ
အနုပညာနယ်ပယ်တစ်ခုစီကနေ ပရိသတ်တွေရဲ့ လက်ခံအားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်မိသွားကြတာမို့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်နေကြတာပါ။ လတ်တလောမှာတော့ ရွှေမှုံရတီက နေမကောင်းဖြစ်နေတာကြောင့် ပွဲဖျက်လိုက်ရတဲ့ ခင်ပွန်းဖြစ်သူရဲ့ကိုယ်စား မော်လမြိုင်ကပရိသတ်တွေကိုရော တာဝန်ရှိသူတွေကိုပါ တောင်းပန်ထားတဲ့ စာလေးကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။


ရွှေမှုံရတီကတော့ “သဲယောက်ျားကိုယ်စား မော်လမြိုင်မြို့မှပရိသတ်ကြီးကို ဦးစွာပထမ အားနာကြောင်းနှင့် စိတ်မကောင်းကြောင်းကို တောင်းပန်ချင်ပါတယ်။ ကိုရွှေထူးက ပန်းပွဲတော်ပြီးကတည်းက ရာသီဥတုအပြောင်းအလဲကြောင့် အိပ်ယာထဲလဲကာ ဖျားနေပြီး အသံပါမထွက်နိုင်တော့တာကြောင့် ဒီနေ့ပွဲကို ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ရော ဖျော်ဖြေဖို့ပါ အဆင်မပြေဖြစ်သွားတဲ့အတွက် အင်မတန် သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ရပါတယ်။

ဒီပွဲလေးကို သူအများကြီးမျှော်မှန့်းထားပေမယ့် အခုလို မလာနိုင်ပဲဖြစ်သွားရတဲ့အတွက် အင်မတန် ဝမ်းနည်းနေရပါတယ်။ ပွဲစီစဉ်ပေးသော #myanmarbeer အဖွဲ့အစည်းကိုလဲ တောင်းပန်ပါတယ် နားလည်ခွင့်လွှတ်ပေးဖို့ သဲကပဲ သူ့အစား မေတ္တာရပ်ခံချင်ပါတယ်။ မော်လမြိုင်ကပရိသတ်အားလုံး နောက်တစ်ခါထပ်ဖျော်ဖြေခွင့်ရဖို့ မျှော်လင့်ပါတယ်ရှင် သဲသိသလောက် ဒါသူ့ဘဝမှာ ပထမဦးဆုံး နေမကောင်းဖြစ်ပြီး အလုပ်ပျက်ခြင်းမို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ဝမ်းနည်းခြင်းများစွာဖြင့် ” ဆိုပြီး နေမကောင်းဖြစ်နေတဲ့ ခင်ပွန်းရဲ့ကိုယ်စား တောင်းပန်စကား ဆိုထားတာပါ။

ခင်ပွန်းဖြစ်သူရဲ့ကိုယ်စား တာဝန်ယူတောင်းပန်ပေးတဲ့ ရွှေမှုံလေးကတော့ တကယ့် ဇနီးကောင်းတစ်ဦးပါပဲနော်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ရက်နေ့က လက်ထပ်လက်မှတ်ထိုးခဲ့ပြီး နိုဝင်ဘာလ ၁၁ရက်နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်တဲ့ရွှေနှစ်ရွှေကတော့ မတူညီတဲ့ နယ်ပယ်တွေမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေထူးတစ်ယောက် အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
credit-(momolay)Myint Myat
Source:Shwe Mhone Yati’s Facebook
https://celemyinkwin.com/2018/12/25/%E2%80%8B%E1%80%B1%E1%80%94%E1%80%99%E2%80%8B%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E2%80%8B%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E2%80%8B%E2%80%8B%E1%80%B1%E1%80%94%E1%80%90%E1%80%B2-2/?fbclid=IwAR2ChNnl_P312vmRtRKgAevazxKs05kiiMhre8db1sTXwC-LdygDDB7aUlE
No comments:
Post a Comment
Note: Only a member of this blog may post a comment.