အပြာကားထဲက ဇာတ်ဝင်ခန်းကို အားကျပြီး လိင်အင်္ဂါထဲ သံလိုက်ပုတီးလုံး ၃၄လုံး ထည့်မိလို့ ဆေးရုံရောက်သွားတဲ့ အထန်ကောင်
အမျိုးသားတစ်ဦးဟာ သူ့ရဲ့အမျိုးသား လိင်အင်္ဂါမှတစ်ဆင့် ဒီအလုံးတွေကိုသွင်းခဲ့တာဖြစ်ပါတယ်တဲ့။ တရုတ်နိုင်ငံမြောက်ပိုင်းက အမျိုးသားတစ်ဦးဟာ သူ့လိင်အင်္ဂါထဲကို သံလိုက်ဂေါ်လီလုံး အလုံး ၃၀ ကျော်ထည့်ပြီးနောက် ၂ ရက်အကြာမှာတော့ ဆေးရုံကိုရောက်လာပါတော့တယ်။

ဒီအသက် ၃၆ နှစ်အရွယ် တရုတ်အမျိုးသားတစ်ယောက်ဟာ အပြာကားကြည့်ပြီးနောက် ၅ မီလီမီတာ (ဝ.၂လက်မ) အရွယ်အစားရှိတဲ့ ဂေါ်လီလုံးတွေကို ဆီးလမ်းကြောင်းမှတစ်ဆင့် တစ်လုံးပြီး တစ်လုံးထည့်ခဲ့တာဖြစ်ပါတယ်။ဗီဒီယိုထဲက အခန်းတစ်ခု အတိုင်းလုပ်ကြည့်တာပါ လို့သူကပြောပါတယ်ဆီးအိမ်ထဲမှာတွေ့ရှိရတဲ့ သံလိုက်ဂေါ်လီလုံး ၃၄ လုံး ဒီ သံလိုက်ပုတီး ဟာ ၁၇ စင်တီမီတာအရှည်ရှိပြီးတော့ ဆီးအိမ်ထဲမှာ နှစ်ပိုင်းပြတ်နေတာတွေ့ရပါတယ်။ဆရာဝန်တွေဟာ ဒီသံလိုက်ဂေါ်လီတွေကို ကတ်ကြေးနဲ့လိုက်ဖမ်းပြီးတော့ လူနာရဲ့ဆီးပြွန်ထဲမှ ဖယ်ထုတ်ခဲ့ရတာပါ။Xushui နယ် Hebei အပိုင်းမှာနေထိုင်တဲ့ ဒီ လူနာ ဟာ သူ့ရဲ့ဖြစ်စဉ်ကို Baoding Radio News ကိုပြောပြခဲ့ပါတယ်။ ပထမတော့ အလုံးအနည်းငယ်ပဲထည့်ခဲ့တာဖြစ်ပြီးတော့ အထဲဝင်သွားတဲ့အလုံးတွေကို ပြန်စုပ်ထုပ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အခြားအလုံးတွေထပ်ထည့်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။နောက်တော့ ဆီးသွားနေစဉ်အတွင်း နာကျင်မှုတွေ ခံစားလာရတာကြောင့် ဆေးရုံကို ပြေးခဲ့ရပါတော့တယ်။

ဆီးသွားဖို့ခက်ခဲလာသလို ဆီးသွားပြီဆိုရင်လည်း မခံမရပ်နိုင်အောင် နာကျင်ခံစားခဲ့ရပါသတဲ့။ ဓါတ်မှန်ရိုက်ပြီးနောက် လူနာရဲ့ဆီးအိမ်ထဲမှာ သံလိုက်ပုတီးနှစ်ခုရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ ဆရာဝန်တောင် အံအားသင့်သွားပါတယ်။ ဒေါက်တာ ချန် နဲ့ အခြားဆရာဝန်နှစ်ယောက်ဟာ ဒီသံလိုက်ဂေါ်လီလုံးတွေကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။အမျိုးသားကတော့ ခွဲစိတ်ပြီး သုံးရက်အကြာမှာဆေးရုံက ဆင်းသွားခဲ့ပါတယ်။ ဒေါက်တာချန်ဟာ သူ့လူနာတွေကို ဒီအကြောင်းပြောပြပြီးတော့ အခုလိုဖြစ်ခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးလာရောက်ဖို့ လိုကြောင်းရှင်းပြပါတယ်။ ဆီးအိမ်ထဲကို ပြင်ပအရာဝတ္တုတွေ ရောက်သွားမယ်ဆိုရင် ဆီးအိမ်ရောင်ယမ်းခြင်းနဲ့ ဒဏ်ရာရခြင်းတို့ဖြစ်လာနိုင်ပါတယ်။ဆီးအိမ်ဒဏ်ရာရတဲ့အခါမှာ ကျောက်ကပ်ကို ကူးစက်သွားနိုင်ပြီး အသက် အန္တရာယ်နိုင်တဲ့အခြေအနေ ရောက်သွားနိုင်ပါတယ်။ သြဂုတ်လတုန်းက ဂေါ်လီလုံး ၂၆ လုံးထည့်ခဲ့တဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း Wenzhou မြို့က ကောင်လေးတစ်ယောက် ရှိခဲ့ဖူးသေးတယ်။ သူလည်း ဒီတစ်ယောက်လိုပဲ ဆီးသွားစဉ် အရမ်းနာကျင်ပြီးသွေးတွေပါ ပါလာတဲ့အတွက် ဆေးရုံကိုပြေးလာခဲ့ရပါတယ်။ ဒီကောင်လေးကိုတော့ နှစ်နာရီလောက်ကြာအောင် အော်ပရေးရှင်းပြုလုပ်ပြီး ဂေါ်လီလုံးတွေကိုဖယ်ရှားပေးခဲ့ရပါတယ်
https://celemyinkwin.com/2018/12/17/%E1%80%A1%E1%80%BB%E1%80%95%E1%80%AC%E1%80%80%E1%80%AC%E1%80%B8%E1%80%91%E1%80%B2%E1%80%80-%E1%80%87%E1%80%AC%E1%80%90%E1%80%B9%E1%80%9D%E1%80%84%E1%80%B9%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%80/?fbclid=IwAR1NAWb3Xz4uZX04D0eNk9x-N95yxXD1BKIZiI5zq9pxd96fgO7V57URXOc

No comments:
Post a Comment
Note: Only a member of this blog may post a comment.