HD က အမှန်ဟုတ်မဟုတ်ဖြေရှင်းလိုက်တဲ့ သင်းသင်း
CELEBRITY, ENTERTAINMENTDecember 18, 2018

အလှမယ်သင်းသင်းဟာ ပရဟိတသူရဲကောင်းကြီး ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့တရားစွဲဆိုမယ်လို့ မီဒီယာတွေကို အသိပေးထားတာမကြာသေးပါဘူး။ နောက်ပိုင်းမှာတော့ သင်းသင်းရဲ့ HD လို့ဆိုတဲ့ Video တွေ၊မထော်မနန်းဓာတ်ပုံတွေ အခြားလူတွေနဲ့ ပတ်သက်ထားတဲ့ဓာတ်ပုံတွေ Facebook ပေါ်မှာ တစ်စတစ်စနဲ့ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။အဲဒါတွေနဲ့ပတ်သက်ပြီး သင်းသင်းက Live လွှင့်ပြီးဖြေရှင်းလိုက်ပါတယ်။
သင်းသင်းက သူမကိုတိုက်ခိုက်နေကြတဲ့လူတွေကို စိတ်ထဲမှာမရှိကြောင်း၊အဖက်မလုပ်ကြောင်းကို “သင်းသင်းဆိုတဲ့ account အတုတွေနဲ့လည်းတင်တယ်။ ဟိုတစ်နေ့ကလည်း အကောင့်အဟောင်းနှစ်ခုကိုဟက်တယ်။ ဟက်ပြီးတော့ကြတော့ အရင်ကပုံတွေကိုတင်တယ်။အရမ်းပျော်နေကြလားရှင့်။ကျွန်မအာရုံထဲမှာမရှိဘူးရှင့်။ဘယ်သူလုပ်တယ်ဆိုတာလည်းအချိန်ကစကားပြောသွားမှာပါ။အဲဒီအတွက်အရေးကြီးတာကိုပဲ ကျွန်မကြည့်တယ်။အရေးမပါတာတွေကိုကြည့်ကိုမကြည့်ပါဘူး။အဲ့လောက်ကျွန်မကိုတိုက်ခိုက်ဖို့အတွက်အချိန်အရမ်းအားနေလားမသိဘူးနော်”လို့ ပြောသွားပါတယ်။
ဒါ့အပြင် လူတွေကြားပျံ့နှံ့နေတဲ့ HD တွေ က တကယ်လားဆိုတာကိုလည်း “လူတွေကပြောကြတယ်။ HD တွေတက်လာတာ တကယ်လားလို့မေးကြပါတယ်။ အဲဒါတွေကိုလည်းကျွန်မမကြည့်ပါဘူး။ကျွန်မခေါင်းကိုက်မခံပါဘူးရှင့်၊မကြည့်ပါဘူး။ ကျွန်မကိုယုတ်မာပြီးတော့တမင်လုပ်ထားတာဖြစ်သည့်အတွက် HD ထွက်တိုင်းသာ -ာဇာတ်သွင်းရမယ်ဆိုရင် အကုန်လုံးက အဲ့လိုဖြစ်နေမယ်လို့တော့ထင်ပါတယ်။ အဲ့တော့အချိန်ကိုပဲစောင့်ကြည့်ပေးပါ”လို့ ရှင်းပြထားပါတယ်။
ပရဟိတသမားအချင်းချင်း အမှားမကင်းပါဘူးဆိုပြီးဖာဖာထေးထေးပြောထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း သင်းသင်းက သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းတဲ့အထိမှားတုန်းလားဆိုပြီး “ပရဟိတသမားတွေက ဒီလိုပဲ ဖြေတတ်ကြလားမသိဘူး။ ပြောသွားပါသေးတယ်။ အမှားဆိုတာမကင်းဘူးဆိုပြီး။ အသက်ငါးဆယ်နားကပ်တဲ့လူတော်တော်များများဟာ သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေကြပါပြီ။ အဲ့တော့ သေတဲ့အထိမှားတုန်းလားရှင်”လို့လည်း ဒဲ့ဖြဲထားပါသေးတယ်။
သင်းသင်းက သူမ crown သိမ်းခံရတယ်ဆိုတာမဟုတ်ကြောင်းနဲ့ crown သိမ်းခံရတယ်ဆိုသူတွေကို Data တွေစုပြီးအသရေဖျက်မှုနဲ့တရားစွဲမှာဖြစ်ကြောင်းလည်းပြောထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်းသင်းပြောတာတွေကိုထောက်ခံကြလား။ ဘယ်သူ့ဘက်ကမှန်တယ်လို့ထင်မိကြလဲ။ပြောခဲ့ကြပါဦး။
Can’t Wait To Say
https://nanmalgyi.com/archives/46143?fbclid=IwAR3Fz4eLxzEg8rkzAxzEofAJ4SOpHhYvH6yhzlnz3ZlTVRTc3YJ9-Zx6-fY
No comments:
Post a Comment
Note: Only a member of this blog may post a comment.