အမေ၊ မိန်းမနဲ့ သားလေး ဘယ်သူ့ကို ကယ်ရမလဲ ဆိုတဲ့ အရက်စက်ဆုံး ရွေးချယ်မှုကြီးနဲ့ ကြုံခဲ့ရသူ
http://www.mmcelesmedia.com/?p=20661&fbclid=IwAR1dQcwnEbmi5iw3BV80V2XKOY-dwka5n84GyD9tSpK5jv2xEPKmhm0HdxU
အမေ၊ မိန်းမနဲ့ သားလေး ဘယ်သူ့ကို ကယ်ရမလဲ ဆိုတဲ့ အရက်စက်ဆုံး ရွေးချယ်မှုကြီးနဲ့ ကြုံခဲ့ရသူ
အမေ၊ မိန်းမနဲ့ သားလေး ဘယ်သူ့ကို ကယ်ရမလဲ ဆိုတဲ့ အရက်စက်ဆုံး ရွေးချယ်မှုကြီးနဲ့ ကြုံခဲ့ရသူ
Udin Ahok ဆိုသူဟာ ပြီးခဲ့တဲ့ စနေမှာ တိုက်ခတ် ခဲ့တဲ့ ဆူနာမီ အတွင်း မိသားစုဝင်တွေ ထဲက ဘယ်သူ့ကို ကယ်ရမလဲ ဆိုတဲ့ အရက်စက်ဆုံး ရွေးချယ်မှုကြီးနဲ့ ရင်ဆိုင်ခဲ့ရ သူပါ ။
အသက် ၄၆ နှစ် အရွယ် အဆိုပါ လူဟာ အဲ့ ညပိုင်းက အိပ်ရာ ဝင်နေစဉ်မှာ ဘာသတိပေးချက်မှ မရခဲ့ဘဲ ဆူနာမီရဲ့ လျှပ်တပြက် တိုက်ခတ်ခြင်းကို ခံရလို့ အိမ်နံရံ ပြိုသွားခဲ့ ပါတယ် ။
ဒါကြောင့် သူဟာ သူ့ရဲ့အသက် ၇၀ အရွယ် အမေအိုကြီးကို ကြိုးစားပြီး သွားရောက် ကယ်ဆယ်ဖို့ လုပ်နေတဲ့ အချိန်မှာ ရေနစ်ခါနီး ဖြစ်နေတဲ့ ဇနီးဖြစ်သူနဲ့ တနှစ်အရွယ် သားလေးကို တွေ့လိုက်ရ ပါတယ် ။
ဒီအချိန်ဟာ သူ့အတွက် အရမ်းကို ဆုံးဖြတ်ရ ခက်ခဲ တဲ့ စက္ကန့်ပိုင်းလေး ပါပဲ ။ အချိန်ယူ စဉ်းစား တွေဝေ နေချိန် မရခဲ့ဘူး ဆိုပေမယ့် ဒီစက္ကန့်ပိုင်းလေးဟာ ဘဝမှာ မွန်းကြပ်ဆုံး အကြာရှည်ဆုံး ကာလတခုလို ခံစားခဲ့ရ ပါတယ် တဲ့ ။
မဖြစ်ဘူး …. တွေဝေ ဆုံးဖြတ်ရ ခက်နေလို့ မဖြစ်ဘူး ။ အားလုံးထဲက တယောက် … မျက်စိ ဆုံးမှိတ်ပြီး ရင်နာနာနဲ့ ရွေးချယ်လိုက် ပေတော့ Ahok ရေ … ။
အဲ့တာနဲ့ Ahok ဟာ ဇနီးသည်ကို မ ယူ ဆယ်တင် လိုက်ပြီးနောက် ထပ်မံ ကယ်တင်ဖို့ ကြည့်လိုက်တဲ့အခါ ရက်စက် ဆိုးဝါးလွန်း လှတဲ့ ဆူနာမီဆိုတဲ့ ကပ်ဆိုးကြီးကြောင့် သူရဲ့ အမေအိုနဲ့ သားလေးရဲ့ အသက်ကို မမီတော့ ပါဘူး ။
ဒီ ရင်နင့်ဖွယ် ကောင်းတဲ့ ဖြစ်ရပ်နဲ့ ရက်စက်လွန်းတဲ့ ရွေးချယ်မှုကြောင့် သူအရမ်းကို နောင်တ ရနေရပြီး ကွယ်လွန်ပြီး သူတွေ ဘုရားသခင်ရဲ့ အရိပ်အောက်မှာ အေးချမ်းပါစေ လို့ပဲ ဆုတောင်းပေးနေ ရပါတော့ တယ်တဲ့ ။
တကယ်လို့သာ အချိန်ရမယ် ဆိုရင် သူ အားလုံး ကယ်တင်ချင် ခဲ့မှာပဲ … ဖြစ်သလို … ။ အကယ်၍သာ သေချာ ရွေးချယ်ခွင့် ရှိခဲ့ရင် သူ့အမေ ဒါမှမဟုတ် သူ့သားလေးကို များလား … သို့မဟုတ် မိန်းမကိုပဲ ရွေးချယ်သွားမလား ဆိုတာကတော့ ။
သူငယ်ချင်းတို့ရော အဲ့ဒီလို ဖြစ်ရပ်မျိုးနဲ့ ကြုံလာခဲ့မယ် ဆိုရင် ဘယ်သူ့ကို ရွေးမလဲ ???
CRD
No comments:
Post a Comment
Note: Only a member of this blog may post a comment.