အာကာသစကြာဝဠာကနေ ကမ္ဘာမြေအထိ လေဟုန်စီးခဲ့တဲ့ ပထမဦးဆုံးလူသား
ဒီတစ်ပါတ် ကမ္ဘာတစ်လွှား ထူးခြားဆန်းဖွယ်ဖြစ်ရပ်များမှ တစ်ခုအပါအဝင်ဖြစ်တဲ့ အာကာသပေါ်ကနေ ကမ္ဘာမြေပေါ်အထိ အသံနှုန်းကို ချိုးဖောက်၍ လေဟုန်စီးခဲ့သော Felix Baumgartner ဆိုသူဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ထူးခြားဆန်းကျယ်သော သတင်းဖြစ်ရပ်တွေ၊ကမ္ဘာ့စံချိန်တင်တွေကို စုစည်းတင်ပြပေးတဲ့ “Hall of Fame” ကမ္ဘာအကျော်ကြားဆုံး စာအုပ်မှတ်တမ်းကို ၁၉၉၅ ခုနှစ်ကတည်းကနေ စတင် ဖွဲ့စည်းထားပြီး ကမ္ဘာ့ရပ်ဝန်းမှကလေးတွေနဲ့ လူကြီးများပါ စိတ်ဝင်စားဆုံး ကျနော်တို့ကမ္ဘာဂြိလ်ရဲ့ အံ့သြဖွယ်သတင်း၊တရိစ္ဆာန်များအကြောင်းကို ယခုစာအုပ်ကနေရှာဖွေပြီးတင်ဆက်ပေးလိုက်ပါတယ်။
ဒီခုန်ချမှုအပေါ် ငါးနှစ်တာ စီမံကိန်းရေးဆွဲခဲ့တာဖြစ်ပြီး စုစုပေါင်းကုန်ကျမှုစရိတ် အမေရိကန်ဒေါ်လာ သန်း၂၀ ကုန်ကြခဲ့တာဖြစ်ပြီး (ယူရိုအားဖြင့် ၁၂.၄၅ သန်း) ကို Red Bull Stratos project ကနေ သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ဒေသစံတော်ချိန် မနက် ၉နာရီ ၂၈မိနစ်တွင်၊ Felix ကို Roswell ၊New Mexico၊ USA ကနေလွှတ်တင်ခဲ့တာဖြစ်ပြပြီး ပန်းတိုင်နေရာဖြစ်တဲ့ အာကာသ အစွန်းတစ်နေရာကိုရောက်ရှိပါတယ်။ နောက်ထက်နာရီပိုင်းအတွင်း Felix က ကမ္ဘာမြေပေါ်သို့ ပြန်လည်ရောက်ရှိလာတာကတော့ မူလပုံမှန်အတိုင်းမဟုတ်ပဲ ပထမဦးဆုံး အသံနှုန်းကိုချိုးဖောက်၍ လေဟုန်စီးခဲ့သူတစ်ဦးအဖြစ် ပြန်ရောက်လာတာဖြစ်ပြီး ၊ အမြင့်ဆုံး လေဟုန်စီးခြင်းစံနှုန်းဖြစ်တဲ့ ၃၈,၉၆၉.4၄ မိုင်၊၁၂၇,၈၅၂ ပေဖြစ်ပြီး၊ အမြန်ဆုံး လေဟုန်စီးခြင်းဆုကိုရရှိခဲ့တဲ့နှုန်းကတော့ တစ်နာရီကီလိုမီတာ ၁,၃၅၇.၆ နှုန်းပင် ဖြစ်ပါတယ်။
Felix ကို ၁၉၆၉ ခုနှစ်တွင်မွေးဖွားခဲ့သည်၊လေထီးခုန်ခြင်း အစဉ်အဆက်အရ သူသည်16 နှစ်အရွယ်တွင်စတင်ခုန်ခဲ့သည်။ Felix သည်မိမိလေထီးခုန်ခြင်းပြည့်စုံအောင်နှ်စ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး အသေးစားပစ်မှတ် ဇုန်ပေါ်သို့ဆင်းသက်ဖို့ကိုတော့ ဘယ်လိုလေ့လာသင်ယူရမလည်းဆိုတာကို သြစတြီးယားစစ်တပ်သို့ join ဖို့သွားခဲ့ပါတယ်။ သူက ”ပျံသန်းဖို့မွေးဖွား” လို့ ဆိုတဲ့စကားလုံးကို Gothic အဘိဓာန်စာလုံးဖြင့် သူ၏လက်ဖျံပေါ်မှာတက်တူးထိုးတာတယ်လို့သိရပါတယ်။ ပရိသတ် တို့ဗဟုသုတရဖွယ် သိရအောင် ပုံနှင့် အတူတကွvideo ကိုပါ မျှဝေပေးလိုက်ပါတယ်။
https://celemyinkwin.com/2018/12/27/%E1%80%A1%E1%80%AC%E1%80%80%E1%80%AC%E1%80%9E%E1%80%85%E1%81%BE%E1%80%80%E1%80%AC%E1%80%9D%E1%80%A0%E1%80%AC%E1%80%80%E1%80%B1%E1%80%94-%E1%80%80%E1%80%99%E1%80%AC%E1%81%BB%E1%80%B1%E1%80%BB%E1%80%99/?fbclid=IwAR0XInawCTSqrvTgZSzkYN3FYY8_2Z_n70-ADVFHrPpFrU5dshhxzv7z-cU
No comments:
Post a Comment
Note: Only a member of this blog may post a comment.