သင်ဇာဝင့်ကျော် တောင်းပန်ပါပြီ
နှစ်ကုန်အထိ ဒီလိုဆက်ဆီဆန်တဲ့ ဖက်ရှင်မျိုး ဝတ်ခွင့်ပေးပါလို့ ပရိသတ်တွေကို သင်ဇာဝင့်ကျော်က တောင်းဆိုလိုက်ပါတယ်။
ဆိုင်ဖွင့်ပွဲတွေလက်ခံထားတဲ့အတွက့် ဒီနှစ်မကုန်ခင်အထိတော့ ဒီလို လေးတွေဝတ်ခွင့်ပေးပါနော်လို့တောင်းဆိုထားပြီး…ငှားရမ်းသူဆိုင်ရှင်တွေ ရဲ့တောင်းဆိုမှုကြောင့်ဝတ်ရတာမို့လို့နဲနဲများသွားရင်လဲ တောင်းပန်ပါတယ်ရှင် လို့ ပြောထားပါတယ်။
စိန်တိုက်ဖွင့်ပွဲတစ်ခုကို သူမရဲ့ စတိုင်ဖြစ်တဲ့ အမိုက်စားပုံစံနဲ့ တက်ရောက်လာပြန်တဲ့ သင်ဇာဝင့်ကျော်
ဆက်စီဆန်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပရိသတ်တွေကြား အမြဲလိုလို ဂယက်ထစေခဲ့တဲ့ သင်ဇာဝင့်ကျော်ကတော့ ယနေ့မှာ အောင်သီရိစိန်တိုက်ဖွင့်ပွဲသို့ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
သူမဟာ အဓိကအားဖြင့် ပွဲတက်ဝတ်စားဆင်ယင်မှုတွေမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းထန်ဆုံးခံရလေ့ရှိပြီး သူမအတွက်တော့ ဒါဟာ စားဝတ်နေရေးအလုပ်တစ်ခုဖြစ်တဲ့အတွက် ရှေ့ဆက်သွားနေမှာဖြစ်တယ်လို့ သင်ဇာဝင့်ကျော်ကဆိုပါတယ်။
သူမခန္ဓာကိုယ်လှပမှုအပေါ် အမြဲယုံကြည်လေ့ရှိတဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အလှအပတွေကိုပေါ်လွင်စေမယ့် ဝတ်စားမှုမျိုးတွေနဲ့အတူ ပွဲတက်လေ့ရှိတာဖြစ်ပါတယ်။
ယနေ့မှာလည်း အောင်သီရိစိန်တိုက်ရဲ့ ၄ နှစ်ပြည့်အထိမ်းအမှတ် ဈေးရောင်းပွဲတော်နဲ့ ရုံးချုပ်ဖွင့်လှစ်ခြင်းအခမ်းအနားကို အမြင်ထူးတဲ့ပုံစံနဲ့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
Unicode
https://thadinyatkwat.com/archives/15813
No comments:
Post a Comment
Note: Only a member of this blog may post a comment.