အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး
မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ
အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ ပဲ သုံးသပ်ကြတယ် ဘာသာတိုင်းမှာလည်း
ကိုးကွယ်မှုပြယုတ်အမျိုးမျိုးရှိတာပဲလေဆိုပြီးသာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်

ဘာသာအမျိုးမျိုးရှိလို့ ကိုးကွယ်မှု အမျိုးမျိုးရှိကြပေမဲ့ အတုနဲ့ အစစ်ရဲ့ဂုဏ်အရည်အချင်း
ကတော့ ကွာခြားပါလိမ့်မယ်
ကတော့ ကွာခြားပါလိမ့်မယ်
စေတီတည်ထိုက်တဲ့အရာတွေဖြစ်တဲ့ ဓာတုစေတီဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂ စေတီတွေ
ဆိုတာဟာ ပူဇော်ရင်အကျိုးကြီးမားစွာရှိလို့ ဘုရားရှင်ဟောထားခဲ့တာပါ

နောက်တစ်ခါ ငါဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါ၌ ငါဘုရားရှင်ကိုပူဇော်ဖူးမြင်ရသော
အကျိုးသည်၎င်း မရှိသောအခါ၌ စေတီ ပုံတော်ကိုပူဇော်ဖူးမြင်ရခြင်းသည်၎င်း သဒ္ဒါတရား
ထက်သန်တူညီမှုရှိခဲ့သော အကျိုးပေးသည်လည်းအတူတူပင်ဖြစ်ပေ၏ တဲ့

မိမိရဲ့အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲဖြစ်ဖြစ် စေတီတစ်ဆူဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား
ဘုရားရှင်ကဲ့သို့ စိတ်ထားနိုင်ပြီး ပန်း၊ ရေချမ်း၊ဆီမီး၊ ဆွမ်း အစရှိတဲ့ကောင်းမှူ့ တွေလုပ်တာဟာ
သက်ရှိထင်ရှားဘုရားကိုပူဇော်လို့ ရတဲ့အကျိုးနဲ့ အတူတူပါပဲ၊

ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းအတွက်မဖြစ်မနေသိထားသင့်တဲ့အရေးကြီးတဲ့
ကိစ္စပါ အခြားဘာသာတွေကဲ့သို့ ကိုးကွယ်မှုပြယုတ်မဟုတ်ပါဘူး
တကယ်သဒ္ဒါထက်သန်ရင်တကယ်အကျိုးပေးကြီးလှပါတယ်

ဒီကိစ္စနဲ့ ပါတ်သတ်လို့  တကယ့်အဖြစ်အပျက်လေးတစ်ခုပါ လူတော်တော်များများလည်း
ကြားဖူးကြမှာပါ
ကြားဖူးကြမှာပါ
ပဲခူးတိုင်း ဖြူးမြို့ နယ်က ဒေါ်ကုလားမဆိုတဲ့အမယ်အိုကြီးတစ်ဦးရှိတယ် အရမ်းဆင်းရဲတယ်
မလှူနိုင် မတန်းနိုင်ပါဘူ။း ဒါပေမဲ့ သူ့ ရဲ့ထူးခြားတဲ့ကုသိုလ်က ဆွမ်းကပ်တဲ့အခါ
သက်တော်ထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုးဆွမ်းအများကြီးနဲ့ ကပ်တယ် ကိုယ်ရေသောက်တိုင်း
ဘုရားရှင်ကိုလည်း ခဏခဏသောက်တော်ရေကပ်တယ်။မနက်စောစော မျက်နှာသစ်တော်ရေ အစရှိတဲ့
အိမ်မှာရှိတဲ့ဘုရားကိုသက်ရှိထင်ရှားဘုရားကဲ့သို့ သဘောထားပြီးသဒ္ဒါထက်သန်စွာနဲ့ကောင်းမှု
ကုသိုလ်တွေပြုခဲ့တယ်

တစ်နေ့ တော့ အဲဒီနယ်ကဆရာတော်ကြီးတစ်ပါးဟာမျောပြီးနတ်ပြည်ကိုရောက်သွားတယ် နတ်ပြည်မှာအလွန်တောက်ပတဲ့ဗိမ္မာန်ကြီးကိုတွေ့ ရတယ်။
ဗိမ္မာန်ရှင်နတ်သားကိုမတွေ့ လို့ မေးကြည့်တော့နတ်သားတစ်ပါးကပြောတယ် အဲဒီ ဗိမ္မာန်ဟာ
ဖြူးမြို့ စမ်းမြိုင်ရပ်က ဒေါ်ကုလားမ ဗိမ္မာန်တဲ့သူကမသေသေးဘူး အခုရှိသေးတယ်
သူသေရင်နေဖို့ တဲ့

နောက်တော့ ဆရာတော်ကြီးကသတိရလာပြီးကပ္ပိယတွေကိုစုံစမ်းခိုင်းလိုက်တော့ ဒေါ်ကုလားမ
ကိုတွေ့ပြီး သူ့ ရဲ့ထူးခြားတဲ့ကောင်းမှုတွေကိုပါမေးလာခဲ့ရတယ်

လူမသေခင်ဗိမ္မာန်ပေါက်တာဟာ ဇာတ်တော်တွေထဲမှာလည်း ရှိပါတယ်
ကဲ ဒါဆိုရင်အိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ဟာဘာသာတရားတစ်ခုရဲ့ပြယုတ်မဟုတ်ဘူး
ဆိုတာကိုသဘောပေါက်လောက်ရောပေါ့
ဆိုတာကိုသဘောပေါက်လောက်ရောပေါ့
မိတ်ဆွေတို့ လည်းသက်ရှိထင်ရှားဘုရားရှင်နဲ
နေ့ တိုင်းထိတွေ့ခွင့်ရနေတယ်ဆိုတာမမေ့ကြစေလိုပါ။

စေတနာများစွာဖြင့် ———-
ဦးမြင့်ခိုင်
..

No comments:
Post a Comment
Note: Only a member of this blog may post a comment.