စကော့တလန်နိုင်ငံမှာရှိတဲ့ အသက် (၁၀၉) နှစ်အရွယ် အဘွားအို Jessie Gallanဟာ အမျိုးသမီးတွေအတွက် အရမ်းကို တန်ဖိုးရှိတဲ့ အဆိုတစ်ခုကို သူမ မသေခင် (၃)လအလိုမှာ ပြောပြခဲ့ပါတယ်။
အသက်(၁၃)နှစ်အရွယ်ကတည်းက အိမ်ကနေထွက်လာပြီး နို့ညှစ်သမအဖြစ်အလုပ် လုပ်ခဲ့တဲ့ ကိုယ်အားကိုယ်ကိုးသူ အဘွားအိုကတော့ “ကျွန်မ ဘယ်တုန်းကမှ တစ်စုံတစ်ယောက်ကို မှီခိုဖို့ မလိုခဲ့ဘူး”လို့ပြောပြခဲ့ပါတယ်။ “ကျွန်မ အမြဲတမ်းအလုပ်ကြိုးစားပါတယ်။ အားလပ်ရက်လဲ သိပ်ယူလေ့ ယူထမရှိဘူး”လို့ ဆက်ပြောပြခဲ့ပါတယ်။
အဘွားအိုကတော့ မသေဆုံးခင်မှာ စကော့တလန်မှာရှိတဲ့ ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ် ၊ဘုရားကျောင်းလဲ ပုံမှန်တက်တဲ့အပြင် ဖျော်ဖြေပွဲတွေလည်း ပုံမှန်သွားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အဘွားအို Jessie Gallanကို စောင့်ရှောက်ပေးခဲ့တဲ့ သူကတော့ “သူမဟာ တကယ်ကို ထူးခြားတဲ့ သူတစ်ယောက်ပါ”လို့ပြောပြခဲ့ပါတယ်။
အဘွားကို အင်တာဗျူးလုပ်ခဲ့စဉ်က “အသက်ရှည်ရှည်နဲ့ ကျန်းမာစွာနေထိုင်နိုင်တဲ့ သူမဘဝရဲ့ လျှို့ဝှက်ချက်က ဘာများလဲ “လို့မေးခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေလုပ်ပြီး နေ့တိုင်း စွပ်ပြုတ်တစ်ခွက်သောက်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဘွားအို Gallan ဟာ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်မယ့် အဓိကချက်ကို ပြောပြခဲ့ပါသေးတယ်။ “အသက်ရှည်ကျန်းမာစွာနေနိုင်တဲ့ ကျွန်မဘဝရဲ့ လျှို့ဝျက်ချက်ကတော့ ယောကျာ်းတွေနဲ့ မပတ်သတ်ခြင်းပါပဲ။ သူတို့တွေဟာ ထင်ထားတာထက် ပိုဒုက္ခပေးတဲ့သူတွေ”လို့ အဘွားအိုJessie Gallanကပြောပြခဲ့ပါတယ်။
Source: Delish
Credit:auntymay
Unicode version
https://shwepantheeaesthetic.com/archives/612?fbclid=IwAR2KEioI9MufY2RG4ZsaqwHjWyxxR8CX4IODoAA8ZTNqACYfv2UFry2j9fA
No comments:
Post a Comment
Note: Only a member of this blog may post a comment.