ရည်းစားနဲ့ပြတ်တိုင်းတရားစွဲရင် အကုန်အချုပ်ခန်းရောက်ကုန်မယ်ဆိုတဲ့ ရေမွန်
လူငယ်တွေကြားထဲမှာသာမက လူကြီးတွေကြားမှာလည်း ရေပန်းစားခေတ်စားတဲ့ အဆိုတော် ဖြစ်တဲ့ Idiots အဖွဲ့ဝင် ရေမွန်ကိုတော့ တော်တော်များများ ရင်းနှီးကြမှာပါ။ ရေမွန်ကတော့ လက်တလောမှာတော့ အချစ်ရေးကံမကောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ရေမွန်ကတော့ သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ ရေမွန်ကတော့ လမ်းခွဲတဲ့အချိန်မှာလည်း ကဗျာဆန်ဆန် စာလေးပေးပြီးတော့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ရေမွန်ကတော့ သူလမ်းခွဲတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လမ်းခွဲတိုင်းသာ တရားစွဲပြသာနာတွေ တတ်ကြကြေးဆိုရင်တော့ ကျွန်တော်တို့တနိုင်ငံ လုံးလည်း မလောက်လောက်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။
ရေမွန်ကတော့ Popular Journal နဲ့ အင်တာဗျူးတွင် ချစ်သူနဲ့လမ်းခွဲတဲ့အချိန် ခံစားချက်က “ဘယ်လိုပဲ ဖြစ်ဖြစ် တယောက်နဲ့တယောက် ပတ်သက်တယ်ဆိုတာ သဘောတူကြလို့ ပတ်သက်နေတာ။ အဆင်မပြေတာရှိရင်တော့ လမ်းခွဲကြမှာပဲ။ ဒါတွေကတော့ ရှိမှာပဲ။ လူတွေဆိုတာ တွေ့ဆုံကြုံကွဲပဲ။ လမ်းခွဲတိုင်းတာ ပြသာနာတက်ရမယ်ဆိုရင်တော့ ပြီးတော့မှာမဟုတ်ဘူး။ လမ်းခွဲတိုင်းသာ တရားစွဲ ပြသာနာတွေတတ်ကြမယ် ဆိုရင်တော့ တနိုင်ငံလုံးလည်း မလောက်ဘူး။ အကုန်လုံးအချုပ်ခန်းတွေထဲရောက်ကုန်မှာပဲ။ ယောကျာ်းတွေ အကုန်လုံး။ ဒါကတော့ ရှိတာပဲ။ ဒါကသာမန်အခြေအနေပဲ။ အမုန်းနဲ့ လမ်းခွဲတာကောင်းလား။ အေးဆေးလမ်းခွဲတာကောင်းလားဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်ကတော့ လမ်းခွဲလိုက်တာ မိန်းကလေးဖက်ကို မများကြီးကြည့်ပေးချင်တယ်။ သူအဲ့စာလေးကို တင်လိုက်တော့ သူ့အတွက်မကောင်းဘူးပေါ့နော်။ ကျွန်တော်က သူ့ကို ဂရုမစိုက်ပေးနိုင်ဘူးလေ။ ကြာလာရင်သူ့အတွက်လည်း မကောင်းဘူးလေ။ သူလည်းသူ့ဘဝတက်လမ်းအတွက် ရှိသေးတယ်လေ”
ချစ်လျက်နဲ့ လမ်းခွဲလိုက်တာလားဆိုတဲ့ အပေါ်မှာတော့ “အင်းအဲ့လိုပဲ ပြောရမှာပေါ့။ ကျွန်တော် ဒီအသက်အရွယ်ရောက်လာတဲ့အချိန်မှာ အမှန်တိုင်းပဲ ပြောပါမယ်။ ရည်းစားတွေလည်း အများကြီး ကွဲခဲ့ဖူးတယ်။ ဒါက ကျွန်တော့်အတွက်အထူးအဆန်းကိစ္စမဟုတ်ပါဘူး။ ဒါလူတိုင်းလည်းတွေ့မှာပါ။ ဘာပဲဖြစ်ဖြစ် အဓိကကတော့ လမ်းခွဲတဲ့အချိန်မှာ တယောက်ယောက် မထိခိုက်ဖို့အရေးကြီးပါတယ်”
ယခုနောက်ပိုင်း လမ်းခွဲရင်တရားစွဲတာမျိုးတွေ ရှိလာတဲ့အခါ ရေမွန်ရဲ့ အမြင်ကတော့ “တခြားနိုင်ငံတွေမှာလည်း ဒီလိုဥပဒေတွေ ရှိပါတယ်။ ဥရောပနိုင်ငံတွေမှာလည်း ဒီလိုဥပဒေတွေ ရှိပါတယ်။ မိန်းကလေးတွေကို ထိလို့မရဘူး။ တရားစွဲလိုက်ရင် ယောကျာ်းလေးတွေက အထဲရောက်ရော။ အဲ့ဒါကျတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ဥပဒေနဲ့ဆိုင်တာတွေပေါ့။ မကျေနပ်ရင်တော့ စွဲကြမှာပဲ။ ကျေနပ်ရင်တော့ မစွဲဘူးပေါ့။ ကျေနပ်အောင်တော့ နေကြပေါ့။ ကျွန်တော်ကတော့ ဒီလိုတွေကို မကြောက်ပါဘူး။ ကိုယ့်ကိုမချစ်တဲ့သူမှ တရားစွဲမှာလေ။ ကိုယ့်ကိုချစ်တဲ့သူဆို တရားစွဲတာတွေ ဘယ်လုပ်မလဲ။ အဲ့တော့ ကိုယ့်ကိုမချစ်တဲ့သူကိုလည်း ဘာကြောင့်တွဲတော့မှာလဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။
credit-nanmalgyi.com
https://celemyinkwin.com/2018/12/29/%E1%80%9B%E1%80%8A%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%B2%E1%82%94%E1%80%BB%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%9B/?fbclid=IwAR2D0psjRTo3hTfbkwglDfVMG2YsoctEZaaOceg1G-QEQOzV5KTihReAtc0
No comments:
Post a Comment
Note: Only a member of this blog may post a comment.