CB ဘဏ်က သိန်း(၃၀) ကို မှားပြီး သိန်း(၁၅၀) ထုတ်ပေးလိုက်တဲ့အခါ ဆီပုံးပို့တဲ့ကောင်လေး လောဘကြောင့် တုန်လှုပ်ခြောက်ခြားမိခဲ့တယ်
လောဘ
လောဘကြောင့်စိတ်တွေတုန်လှုပ်ခြောက်ခြားခဲ့တယ်…
9.3.2018 ရက်သောကြာနေက တောင်ကြီး C B ဘဏ်မှာငွေသိန်းသုံးဆယ်ထုတ်ယူရပါတယ်…
ဘဏ်ဝန်ထမ်းက တစ်ထောင်ကျပ်တန် ဆယ်အုပ်တွဲသုံးအုပ်ပေးရမှာကိုမှားယွင်းပြီး ငါးထောင်တန်အုပ်သုံးဆယ်ထုတ်ပေးလိုက်ပါတယ်..
ဘဏ်ဝန်ထမ်းကိုယ်တိုင်ဘဲ ကြွပ်ကွပ်အိတိထဲ ထည်ပြီးပေးတာကြောင့်
ကျတော်လည်း ဆယ်အုပ်စီးသုံးထုတ် ကိုသာသတိထားမိလိုက်ပါတယ် တစ်ထောင်တန် ငါးထောင်တန် ဆိုတာကိုမမြင်တွေ့လိုက်ပါဘူး…
ကျောက်စိမ်းစက်ရုံကိုရောက်ပြီး ငွေစရင်းရှင်လင်းကြတော့မှ ငါးထောင်တန်တွေ ဖြစ်နေတာကိုသိလိုက်ရပါတယ်
ငွေတွေက အများကြီးဘဲ..ပိုနေတယ်
ကျတော်က လပွတ္တာမှာ အိမ်ဌားနေရတာပါ လပွတ္တာမှာ အိမ်တစ်လုံးကိုယ်ပိုင် ရနိုင်ဖို့ နေ့တိုင်းစိတ်ကူးယဉ်အိမ်မက်နေတဲ့သူပါ။
အိမ်ငှားဘဝနဲ့ လပွတ္တာမှာမနေချင်ဘူး။ နောက်ပြီး ကျောက်စိမ်းဆီဖြန့်ချီရေးအတွက် အရောင်းကားတစ်စီးလည်း အလွန်လိုအပ်နေတာပါ
ကျတော်အရမ်းတွေဝေပြီး တုန်လူပ်ခြောက်ခြားလာပါတယ်…
ဘဏ်ကနေငွေအပေးအယူ ကိစ္စလုပ်ကြရင်ကောင်တာကနေထွက်ခွာပြီးတာနဲ့…အရူတ်အရှင်း အငြင်းအခုန် ပြုဖို့ရာ မလွယ်ကူတော့ဘူဆိုတာကျတော်သိထားပါတယ်
ကျတော်လိုချင်တာရတော့မယ်ဝယ်နိုင်မယ်.
တဖက်က လူတယောက် သို့မဟုတ် လူတစ်ဖွဲ့ ပြသနာတွေကြုံပြီး နစ်နာမယ်
နောက်ပြီး မသူသူမင်း ရူ့မဝအထည်ဆိုင်က တရားပွဲမှာ အလှူလုပ်တဲ့အခါ လပွတ္တာ C B ဘဏ်ဝန်ထမ်းတွေ ဂိုင်းဝန်လှူဒါန်းကြတာကို မြင်ယောင်လာတယ်
ကျတော်တောင်ကြီးမြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတဆင် C. B ဘဏ်ကို ပိုငွေတွေ အကုန်ပြန်အပိနှံခဲ့ပါတယ်
ကျတော်ငွေပြန်အပ်နေစဉ် လက်တွေတုန်ယင်ပြီး မျက်ရည်တွေ ကျနေခဲ့ပါတယ်……….
လပွတ္တာမှာ အိမ်ဌားနေရတဲ့ဘဝကမျက်နှာငယ်ပါတယ် …..ဆိုင်ကယ်လေးတစ်စီးနဲ့..ဆီပုံးတွေ အခေါက်ခေါက်အခါခါ ပို့ရတာကလည်း ပင်ပန်းပါတယ်….
ကျတော် မရိုးသားချင်ဘူး အဆင်ပြေပြေနေချင်တယ်လောဘလည်းရှိတယ်
ဒါပေမဲ့ ကျတော့မူဝါဒဖြစ်တဲ့…
“သူတပါးအကျိုးစီးပွားပျက်စီးရာကိုမတွေးနှင်မပြောနှင်မလုပ်မိစေနှငိ့.ဆိုတဲ့..မင်းကွန်းဆရာတော်ကြီးရဲ့ သြဝါဒကိုသာခိုင်မြဲစေခဲ့တယ်။
မောင်အားရီ၊ ကျောက်စိမ်းဆီရောင်းဝယ်ရေး၊ လပွတ္တာမြို့…
Credit# Kyauk Seinn
http://www.myanmarnews1.com/cb-%E1%80%98%E1%80%8F%E1%80%B9%E1%80%80-%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%81%83%E1%81%80-%E1%80%80%E1%80%AD%E1%80%AF-%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%AE/2018/12/17/?fbclid=IwAR2kvGAhTMBP4NCIq9zdneyiK0uY17ROjBDlymV0QpbDyqrVzOVVjDiANkw
No comments:
Post a Comment
Note: Only a member of this blog may post a comment.