ရည်းစားအမျိုးသားရဲ့ ရိုးသားမှုဒီဂရီကို မြင်တွေ့ပြီးနောက် အံ့အားသင့်သွားတဲ့ အမျိုးသမီး
လုံခြုံရေး ကင်မရာလေးတွေက လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ဆောင်ရတဲ့ ကိစ္စမျိုးတွေမှာ အများကြီး အသုံးဝင်ပါတယ်။ ဒါ့အပြင် သက်သေအထောက်အထားနဲ့ပါ တွေ့မြင်ရတာကြောင့် ကိုယ့်ရည်းစား ကိုယ့်အပေါ်မှာ ဘယ်လောက် သစ္စာရှိ၊ မရှိကို စမ်းသပ်ဖို့ အကောင်းဆုံးနည်းလည်း ဖြစ်ပါတယ်။ လူသိများတဲ့ Youtube channel တစ်ခုဖြစ်တဲ့ To Catch A Cheater ကတော့ လုံခြုံရေးကင်မရာကိုသုံးပြီး သမီးရည်းစားတွေကြားက မေတ္တာအတိမ်အနက်ကို ကူညီတိုင်းထွာပေးလေ့ရှိပါတယ်။
အခုတွေ့ရမှာကတော့ စတက်ဖနီဆိုတဲ့ အမျိုးသမီးလေး တစ်ဦးက To Catch A Cheater ကို ချဉ်းကပ်ပြီ်း ရည်းစားရဲ့ သစ္စာရှိမှုကို တိုင်းတာခဲ့တဲ့ ဗီဒီယိုပါ။ စတက်ဖနီရဲ့ ရည်းစားကို ထောင်ချောက်ဆင်ဖို့ မော်ဒယ် လီဆာရိုဒရီဂေး ကို အကူအညီတောင်းခဲ့ရပါတယ်။ စတက်ဖနီရဲ့ ရည်းစား မိုက်ကယ်ကို ဂွင်ဆင်တဲ့ နေရာကတော့ ကုန်စုံဆိုင်တစ်ဆိုင်မှာ ဖြစ်ပါတယ်။
မိုက်ကယ်က ဆိုင်ထဲဝင် ဈေးဝယ်နေတဲ့အခိုက် လီဆာဟာ အနားသွားပြီး ပြီတီတီနဲ့ စကားစတင် ပြောဆိုလိုက်ပါတယ်။ သူမဟာ မြို့ထဲမှာ နေထိုင်နေပြီး အကပြိုင်ပွဲထဲ ၀င်ပြိုင်မှာဖြစ်ကြောင်း စသဖြင့် ပြောဆိုပြီး အဆင်ပြေရင် မိုက်ကယ်အတွက် သီးသန့် တင်ပါးလှုပ်အကနဲ့ ဖျော်ဖြေပေးဦးမယ်လို့ ဖြားယောင်းမြူဆွယ်ခဲ့ပါတယ်။ ထို့နောက် သူမက မိုက်ကယ်ကို ရည်းစားရှိ၊ မရှိမေးမြန်းရာမှာ မိုက်ကယ်က လတ်တလော စကားပြောနေတဲ့ ကောင်မလေးတော့ရှိကြောင်း၊ ဒါပေမယ့် အပျော်သဘောနဲ့ပဲ ဆက်သွယ်နေတာသာ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
credit-လင်းလင်း (ShweMom)
Ref: elitereaders
https://celemyinkwin.com/2018/12/26/%E1%80%9B%E1%80%8A%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9B%E1%80%B2%E1%82%95-%E1%80%9B%E1%80%AD%E1%80%AF/?fbclid=IwAR3C5FQOutprMnb6u4p8fufgy20hrJvMxrm8jt_SolEhEgPOV9nmslucrEE
No comments:
Post a Comment
Note: Only a member of this blog may post a comment.