မြန်မာနိုင်ငံရဲ့ ဂန္တဝင်အဆိုတော်ကြီး လားရှိုးသိန်းအောင် ကွယ်လွန်
BREAKING NEWS, CELEBRITYDecember 28, 2018
“မျက်ရည်များက ဝဲလို့သာ လာပါတယ်၊ သူ့ရဲ့ မျက်နှာမြင်ရင်ကွယ် စိတ်ထဲမယ် ခွဲရမှာ မလိုချင်တယ်” ဆိုတဲ့ သီချင်းကိုကြားဖူးကြမှာပါ။ အဲ့သီချင်းလေးရဲ့ မူရင်း သီဆိုသူ၊ စတူဒီယိုလောကရဲ့ ခေတ်ဦးထဲမှာ ပါဝင်သလိုမြန်မာနိုင်ငံရဲ့ ဂီတရေစီးကြောင်းကို အသက်ဝင်စေခဲ့တဲ့ ဂန္တဝင်အဆိုတော်ကြီး ဂျင်မီဂျက် ခေါ် လာရှိုးသိန်းအောင် ကတော့ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့လည်က ကွယ်လွန်သွားကြောင်း သိရပါတယ်။ လာရှိုးသိန်းအောင်ကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့နယ်တွက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လားရှိုးသိန်းအောင်ကတော့ အမေရိကန် အခြေချနေတာ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ဂန္တဝင်အဆိုတော်တယောက် ဆုံးရှုံးသွားရတာကတော့ အင်မတန်ကို နှမြောစရာကောင်းလှပါတယ်။ လားရှိုးသိန်းအောင်ကတော့ အမေရိကန်နိုင်ငံမှာ အနေများပြီး သိပ်မကြာခင်အချိန်တုန်းကတောင်မှ မြန်မာပြည်ကို ပြန်လာပြီးတော့ Show ပွဲတွေ လာပြီးတော့ လုပ်လိုက်ပါသေးတယ်။ လားရှိုးသိန်းအောင်ကတော့ “နှုတ်မဆက်နဲ့ ငိုချင်တယ်၊ ငှက်ငယ်အလား ကိုယ့်အမှား၊ စက်ခေါင်းအမှတ် ၀၀၉၊ အမေတခုသားတခု၊ မုန်းမုန်းမေ့မေ့” အစရှိတဲ့သီချင်းတွေနဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အဆိုတော် တယောက်လည်း ဖြစ်ပါတယ်။
လားရှိုးသိန်းအောင်ကတော့ စတူဒီယိုခေတ်ဦးမှာ တေးဂီတလောကထဲကို ကော်ပီ မဟုတ်ပဲ ကိုယ်ပိုင်သံစဉ်တွေရေးစပ်ခဲ့သူတဦးအဖြစ်လည်း ပထမဆုံး မှတ်ကျောက်တင်နိုင်ခဲ့ပါသေးတယ်။ လားရှိုးသိန်းအောင် ကတော့ သူ့နာမည်နောက်တမျိုးအနေနဲ့ ဂျင်မီဂျက်လို့ လူသိများပါတယ်။ ဂျင်မီဂျက်ဆိုတဲ့ နာမည်ကိုတော့ သူ့အဖေနာမည်ဂျက်နဲ့ သူ့နာမည် ဂျင်မီတို့ ပေါင်းစပ်ပြီးတော့ ဂျင်မီဂျက်ဖြစ်လာတာ ဖြစ်ပါတယ်။
လားရှိုးသိန်းအောင်ကတော့ အမေရိကန်နိုင်ငံရောက်တာ ၃၅ နှစ်ကျော်ကြာပြီ ဖြစ်ပြီး သားနှစ်ယောက် သမီးတယောက်ရှိပါတယ်။ သားသမီးတွေကလည်း အနုပညာဝါသနာ ပါကြပြီး ပညာတတ်တွေ ဖြစ်ပါတယ်။ လားရှိုးသိန်းအောင်ကတော့ မြန်မာသီချင်းမှမဟုတ်ပါဘူး။ တရုတ်သီချင်းနဲ့ အင်္ဂလိပ်သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်တဲ့ အဆိုတော်တယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမြန်မာနိုင်ငံရဲ့ ဂန္တဝင်အဆိုတော်ကြီး လားရှိုးသိန်းအောင် (ခေါ်) ဂျင်မီဂျက် ကွယ်လွန်သွားတာကတော့ အလွန်နှမြောစရာကောင်းပါတယ်။
https://nanmalgyi.com/archives/48246?fbclid=IwAR1drjRDnCoYmxGdnLP7iySaLEewGVfURmaTvUxOV8ElBdYjjbTMZcZudYM
No comments:
Post a Comment
Note: Only a member of this blog may post a comment.