Qualcomm flash ရင် 9008 မှာရပ်ရတဲ့အကြောင်းတွေနဲ့ ဖြေရှင်းချက်များ
************************************************************************
Firmware ရေးရင်းနဲ့ Backup ထုတ်ရင်းနဲ့ ဖုန်းသေသွားတာတွေ 9008 မထွက်တာတွေ ကြုံရတယ်လို့ မကြာခဏတွေ့ရပါတယ်။
- ဒီတော့ 9008 မထွက်ရတဲ့အကြောင်းအရင်းတွေနဲ့ ဖြေရှင်းချက်တွေကို တတ်နိုင်သလောက် ရေးပေးလိုက်ပါတယ်။
9008 ရောက်ရတဲ့ အချက်တွေကတော့
1. Emmc မကောင်းတာဖြစ်နိုင်ပါတယ်။ Device ကနေ Emmc pin လွတ်နေတဲ့ ပြုတ်နေတဲ့အနေအထားမှာ Tool အများစုက Init storage failed ဆိုတဲ့ error ကို ပြလေ့ရှိပါတယ်။ ဒါဆိုရင် Emmc ကောင်းမကောင်း စစ်ဆေးရမှာပါ။ လိုအပ်ရင် Reball လုပ်ပေးပြီး ဖြေရှင်းနိုင်ပါတယ်။
2. Emmc ရဲ့ အရည်အသွေးကျဆင်းပြီး Read Only အနေအထားဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီအချက်ကြောင့် ဖြစ်ရင် ဖုန်း ပုံမှန်တက်နေတဲ့ အနေအထားတွေမှာ Lock Screen သတ်မှတ်လည်း ဖုန်းပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ပြန်ပျောက်သွားတာတို့ ဖုန်းထဲ သီချင်းတို့ ဖိုင်တို့ထည့်လိုက်ရင် ပြန်ပျောက်သွားတာတို့ အများဆုံးကြုံရတတ်ပါတယ်။ ဖုန်းမတက်နိုင်တဲ့ အနေအထားမှာတော့ စစ်ဆေးရ နည်းနည်းခက်ပါမယ်။ အကောင်းဆုံးစစ်ဆေးနည်းကတော့ Firmware ရေးလိုက်ပါ။ ပြီးရင် ဖုန်းကို ပြန်မဖွင့်ဘဲ ပြန်ပြီး Backup ထုတ်ကြည့်ပါ။ ရေးလိုက်တဲ့ Data နဲ့ ပြန် Backup ယူလိုက်တဲ့ Data တစ်ထပ်တည်းကျရင် Emmc ကောင်းသေးတယ်လို့ မှတ်ယူနိုင်ပါတယ်။
3. နောက်တစ်ခုကတော့ မှန်ကန်တဲ့ Firmware မရေးမိလို့ ဖြစ်နိုင်ပါတယ်။ ဒီအချက်က အများဆုံးကြုံကြတဲ့အချက်ပဲဖြစ်ပါတယ်။ မှန်ကန်တဲ့ Firmware ပြန်ရေးလိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။
4. နောက်ဆုံးတစ်ချက်ကတော့ Gpt Partition ပျက်တာကြောင့်ဖြစ်နိုင်ပါတယ်။ Official Firmware မှာပါဝင်တဲ့ Gpt Partition တွေဟာ အသင့်သုံးမဟုတ်ပါဘူး။ ကပ်ချင်ရာကပ်မယ့် Emmc တိုင်းအတွက် အဆင်ပြေအောင် Size တို့ Checksum တို့နေရာမှာ အလွတ်လုပ်ထားတတ်ပါတယ်။ ဒါကို Patch ဖိုင်ရေးမှ အဆင်ပြေတာပါ။ မှန်ကန်တဲ့ Patch ဖိုင်မရေးမိရင် 9008 ကမထွက်တော့ပါဘူး။ ဒါကို စစ်ဆေးဖို့ အတွက် ပုံလေးနဲ့ ပြပေးလိုက်ပါတယ်။ ရေးထားတဲ့ Firmware ကနေ Gpt ကို ပြန် Backup ထုတ်ပြီး စစ်ဆေးရမှာဖြစ်ပါတယ်။
နားလည်အောင် ရှင်းပြဖို့ခက်ခဲလို့ အားစိုက်ပြီး လေ့လာကြစေလိုပါတယ်။ နားမလည်သေးရင်လည်း အကြိမ်ကြိမ်ပြန်ဖတ်ကြည့်ပေးကြပါ
ဖြေရှင်းနိုင်ကြပါစေလို့ crd
https://www.facebook.com/crystal.ray.9406/posts/10216063022983109