#အပျိုကြီးလူပျိုကြီး & အပိုကြီး
#အပျိုကြီး/လူပျိုကြီး & အပိုကြီး
အပျိုကြီး/လူပျိုကြီးတွေဆိုတာမျိုးက
လောကမှာအပိုကြီးတွေပါလို့
စတာလိုလိုနောက်တာလိုလိုနဲ့
လူကိုလှောင်ချင်တာလိုလိုပြောင်ချင်တာလိုလိုနဲ့
ခဏခဏ လာလာပြောတတ်တဲ့ လူတွေကို
ပြုံးပြုံးလေးပဲတုန့်ပြန်မိတယ်
ဟုတ်ပါတယ်ရှင်တို့ပြောသလိုပဲ
အပျိုကြီး/လူပျိုကြီးတွေဆိုတာ အပိုကြီးတွေပါပဲ
ရှင်တို့ပြည့်စုံစွာ မသိသေးတဲ့
အပိုကြီး ပိုတဲ့အကြောင်းလေးပြောပြရဦးမယ်
အိမ်ထောင်သည်တွေအိမ်မှုကိစ္စ
ဝတ္တရားတွေနဲ့ မအားလပ်တဲ့အချိန်မှာ
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
လွတ်လပ်တဲ့အချိန်တွေ ပိုနေခဲ့တယ်
အိမ်ထောင်သည်တွေကလေးထိန်းရလို့
မအားလပ်နိုင်ရှာတဲ့ အချိန်မှာ
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
အလှပြင်ချိန်တွေ လည်ပတ်ချိန်တွေပိုနေခဲ့တယ်
အိမ်ထောင်သည်တွေအပြင်တစ်ခါသွားဖို့
သက်ဆိုင်သူဆီကခွင့်တောင်းနေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
ခွင့်တောင်းစရာမလိုတဲ့ လွတ်လပ်ခွင့်တွေပိုနေခဲ့တယ်
အိမ်ထောင်သည်တွေ မိသားစုကို
ထောက်ပံ့ချင်လို့ ယောက်ျားမျက်နှာပြန်ကြည့်
မိန်းမမျက်နှာပြန်ကြည့်နေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
ကိုယ်ရှာထားတဲ့ပိုက်ဆံကို
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့
ဘယ်သူ့မျက်နှာမှပြန်ကြည့်နေစရာမလိုပဲ
ပေးအပ်နိုင်တဲ့အခွင့်အရေးတွေ ပိုနေခဲ့တယ်
အိမ်ထောင်သည်တွေဒုက္ခကြုံမှ
အမေ့အိမ်ကိုသီချင်းနဲ့လွမ်းနေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
အမေ့ရင်ခွင်ထဲတိုးအဖေ့ရင်ခွင်တိုးရင်း
အေးမြတဲ့မေတ္တာတွေ အပိုရနေခဲ့ပြန်တယ်
ဒါကြောင့် အထီးကျန်တာတွေ
အမကျန်တာတာတွေလာမပြောချင်စမ်းပါနဲ့
ဆေးပေးမီးယူဆိုပြီးမင်းတို့ယူထားတဲ့
အသည်းတစ်ခြမ်းလေးတွေက
ဆေးမပေးပဲ မီးတွေယူလာတာမငြင်းချင်ပါနဲ့
တစ်ကယ်တော့အပျိုကြီး/လူပျိုကြီးတွေဆိုတာ
စက်ကွင်းအမျိုးမျိုး မာယာအမျိုးမျိုးကြားထဲက
လွတ်အောင်ရှောင်ထွက်လာနိုင်တဲ့
အေးချမ်းတဲ့ဘဝပိုင်ရှင်လေးတွေဆိုတာ
အိမ်ထောင်ရေး သောကတွေကြားမှာ
နားမရအောင်မောပန်းနေရှာတဲ့
မင်းတို့လိုလူတွေ အမှန်အတိုင်းလက်ခံလိုက်စမ်းပါ
#နှင်းငယ်ငြိမ်း
https://www.facebook.com/NewsKingOfficial/photos/a.602914413075558/2257694550930861/?type=3&theater
#အပျိုကြီး/လူပျိုကြီး & အပိုကြီး
အပျိုကြီး/လူပျိုကြီးတွေဆိုတာမျိုးက
လောကမှာအပိုကြီးတွေပါလို့
စတာလိုလိုနောက်တာလိုလိုနဲ့
လူကိုလှောင်ချင်တာလိုလိုပြောင်ချင်တာလိုလိုနဲ့
ခဏခဏ လာလာပြောတတ်တဲ့ လူတွေကို
ပြုံးပြုံးလေးပဲတုန့်ပြန်မိတယ်
ဟုတ်ပါတယ်ရှင်တို့ပြောသလိုပဲ
အပျိုကြီး/လူပျိုကြီးတွေဆိုတာ အပိုကြီးတွေပါပဲ
ရှင်တို့ပြည့်စုံစွာ မသိသေးတဲ့
အပိုကြီး ပိုတဲ့အကြောင်းလေးပြောပြရဦးမယ်
အိမ်ထောင်သည်တွေအိမ်မှုကိစ္စ
ဝတ္တရားတွေနဲ့ မအားလပ်တဲ့အချိန်မှာ
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
လွတ်လပ်တဲ့အချိန်တွေ ပိုနေခဲ့တယ်
အိမ်ထောင်သည်တွေကလေးထိန်းရလို့
မအားလပ်နိုင်ရှာတဲ့ အချိန်မှာ
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
အလှပြင်ချိန်တွေ လည်ပတ်ချိန်တွေပိုနေခဲ့တယ်
အိမ်ထောင်သည်တွေအပြင်တစ်ခါသွားဖို့
သက်ဆိုင်သူဆီကခွင့်တောင်းနေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
ခွင့်တောင်းစရာမလိုတဲ့ လွတ်လပ်ခွင့်တွေပိုနေခဲ့တယ်
အိမ်ထောင်သည်တွေ မိသားစုကို
ထောက်ပံ့ချင်လို့ ယောက်ျားမျက်နှာပြန်ကြည့်
မိန်းမမျက်နှာပြန်ကြည့်နေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
ကိုယ်ရှာထားတဲ့ပိုက်ဆံကို
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့
ဘယ်သူ့မျက်နှာမှပြန်ကြည့်နေစရာမလိုပဲ
ပေးအပ်နိုင်တဲ့အခွင့်အရေးတွေ ပိုနေခဲ့တယ်
အိမ်ထောင်သည်တွေဒုက္ခကြုံမှ
အမေ့အိမ်ကိုသီချင်းနဲ့လွမ်းနေရတဲ့အချိန်
ကျွန်မတို့လိုအပျိုကြီး/လူပျိုကြီးတွေက
အမေ့ရင်ခွင်ထဲတိုးအဖေ့ရင်ခွင်တိုးရင်း
အေးမြတဲ့မေတ္တာတွေ အပိုရနေခဲ့ပြန်တယ်
ဒါကြောင့် အထီးကျန်တာတွေ
အမကျန်တာတာတွေလာမပြောချင်စမ်းပါနဲ့
ဆေးပေးမီးယူဆိုပြီးမင်းတို့ယူထားတဲ့
အသည်းတစ်ခြမ်းလေးတွေက
ဆေးမပေးပဲ မီးတွေယူလာတာမငြင်းချင်ပါနဲ့
တစ်ကယ်တော့အပျိုကြီး/လူပျိုကြီးတွေဆိုတာ
စက်ကွင်းအမျိုးမျိုး မာယာအမျိုးမျိုးကြားထဲက
လွတ်အောင်ရှောင်ထွက်လာနိုင်တဲ့
အေးချမ်းတဲ့ဘဝပိုင်ရှင်လေးတွေဆိုတာ
အိမ်ထောင်ရေး သောကတွေကြားမှာ
နားမရအောင်မောပန်းနေရှာတဲ့
မင်းတို့လိုလူတွေ အမှန်အတိုင်းလက်ခံလိုက်စမ်းပါ
#နှင်းငယ်ငြိမ်း
https://www.facebook.com/NewsKingOfficial/photos/a.602914413075558/2257694550930861/?type=3&theater
No comments:
Post a Comment
Note: Only a member of this blog may post a comment.