(၄၅) နှစ်ပြည့်မွေးနေ့မှာ မိခင်ကို ငွေကျပ်သိန်း (၁၀၀) နဲ့ကန်တော့ခဲ့တဲ့ ဒိန်းဒေါင်
သရုပ်ဆောင် ဒိန်းဒေါင်ဟာ လူရွှင်တော်အဖြစ်ကနေပြီးတော့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တချိန်တုန်းက လူရွှင်တော်ဒိန်းဒေါင်ရဲ့ ပျက်လုံးတွေဟာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်မှုတွေပြည့်နှက်စေခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဒိန်းဒေါင်ဟာ လက်ရှိမှာ ရုပ်ရှင်ကားတွေကိုရိုက်ကူးနေပြီးတော့ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုနဲ့ ရုပ်ရှင်ကားပေါင်းများစွာလည်း ရှိခဲ့ပြီဖြစ်ပါတယ်။
အနုပညာအလုပ်မှာအောင်မြင်သလောက် အလှူအတန်းမှာလည်း လက်မနှေးတဲ့ ဒိန်းဒေါင်တစ်ယောက် မကြာခဏ လှူဒါန်းနေမှုတွေကိုလည်း ပရိသတ်ကြီးမြင်တွေ့ကြရမှာပါ။ လူရွှင်တော်အဖွဲ့ထဲက ချို့တဲ့သူတွေကိုလည်းကူညီစောင့်ရှောက်ပေးတတ်တဲ့ ဒိန်းဒေါင်ဟာ မိဘကိုလည်း သိတတ်ကူညီတဲ့ သားလိမ္မာအဖြစ် ရှိနေပြန်ပါတယ်။
ယနေ့ ကျရောက်တဲ့ ဒိန်းဒေါင်ရဲ့ အသက် (၄၅) နှစ်ပြည့်မွေးနေ့လေးမှာတော့ ဒိန်းဒေါင်တစ်ယောက် မနက်စောစော သံဃာတော် (၁၁) ပါးကိုဆွမ်းကပ်လှူဒါန်းခဲ့ပြီးတော့ မိခင်ဖြစ်သူရဲ့ လုံချည်လျှော်ပြီး ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်းဒေါင်ဟာ ယနေ့မှာတော့ သူ့ရဲ့ (၄၅) နှစ်ပြည့်မွေးနေ့အလှူကိုကျင်းပခဲ့ပြီးတော့ မိခင်ဖြစ်သူကို ငွေကျပ်သိန်း (၁၀၀) နဲ့ ကန်တော့ခဲ့တာဖြစ်ပါတယ်။ မိဘအပေါ် သိတတ်လိမ္မာတဲ့ ဒိန်းဒေါင်ကတော့ အနုပညာလုပ်ငန်းတွေမှာလည်း ဆက်လက်အောင်မြင်နေဦးမှာအမှန်ပါပဲနော်။
Burmese Asia
Unicode Version
https://www.isabellaonlinemm.com/3336/?fbclid=IwAR3GOFL8BY2igOkck_M6TtcLUkhrSZOAZA7GbC2TtuajDz6oTDmzEWrz0Vg
No comments:
Post a Comment
Note: Only a member of this blog may post a comment.