(၁)နှစ်တည်း ထီ(၂)ခါပေါက်လို့ ရခဲ့တဲ့ ငွေတွေကို အရင်းပြုပြီး မူးယစ်ဆေးဖြန့်ဖြူးနေသူ
အသက် (၅၃) နှစ်ရွယ် James B. Callahan ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ အတွင်း အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာ ထီကို (၂)ကြိမ်တိုင်တိုင်ပေါက်ခဲ့တဲ့အတွက် (၂)ကြော့ပြန် နာမည်ကျော်ကြားခဲ့သူပဲဖြစ်ပါတယ်။
အချိန်(၁)နှစ်လောက်အတွင်း ထီ(၂)ကြိမ် ပေါက်ခဲ့တဲ့အတွက် ကံထူးသူမောင်ရှင်အဖြစ် ဒေသတွင်း သတင်းစာတွေမှ James အကြောင်း အကြီးအကျယ် ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထီပေါက်တဲ့ ပမာဏစုစုပေါင်းကို တွက်ကြည့်မယ်ဆိုရင်တော့ အကြမ်းဖျင်းအနေနဲ့ ဒေါ်လာ (၇) သိန်းကျော်လောက်ရှိပါတယ်။ (၂၀၁၅ )ခုနှစ် နိုဝင်ဘာလ (၂၇) ရက်မှာ ဒေါ်လာ (၆၁၃,၁၀၄) နဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာ (၇) ရက်မှာတော့ ဒေါ်လာ (၇၇,၈၅၄) ကို ကံထူးခဲ့ပါတယ်။ သတင်းစာတွေ၊ တီဗွီတွေမှာ အကျယ်တဝင့် ဖော်ပြခြင်းခံခဲ့ရတာကြောင့် James B. Callahan ဆိုလျှင် မသိတဲ့လူမရှိသလောက်ပါပဲ။
ဒီလိုကံကောင်းခြင်းနဲ့ ပြည့်စုံခဲ့တဲ့ James ဟာ အခုအခါမှာတော့ ရဲတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကို ပြီးခဲ့တဲ့ (၂၀၁၈)ဒီဇင်ဘာလ (၁၆) ရက်နေ့ (၂၀၁၈)၊ ဒေသစံတော်ချိန် (၇) နာရီနဲ့ (၁၅) မိနစ်တုန်းက နယူးဂျာစီပြည်နယ်ထဲက နယူးဂျာစီမြို့ရဲ့ Sussex နဲ့ Greene လမ်းမဆုံရာမီးပွိုင့်မှာ ရဲတွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
အဖမ်းခံရတဲ့ အကြောင်းအရင်းက စစချင်းမှာတော့ မီးပွိုင့်မှာရပ်ထားတဲ့ James ရဲ့ ကားဟာ ရှေ့နောက်လိုင်စင် ပလိတ်ပြား မတပ်ထားဘဲ တစ်ခုပဲ ရှိတာကြောင့် လှည့်ကင်းရဲတွေမှ သွားရောက်စစ်ဆေးခဲ့တာပါ။ ဒါကို James ဟာ ကားပေါ်ကနေ သေနတ်နဲ့ခံပစ်ခဲ့တာကြောင့် အင်အားသုံးဖမ်းဆီးကာ လုပ်ရိုးလုပ်စဉ်အတိုင်း ကားကို ဆက်လက်စစ်ဆေးတဲ့အခါမှာောတ့ ပျမ်းမျှ အလုံး (၃၅၀) လောက်ရှိတဲ့ မူးယစ်ဆေးတွေ၊ ကျည်ကာတစ်ခု၊ ကျည်တောင့်တွေနဲ့ သေနတ်နှစ်လက်တို့ကို သိမ်းစည်းရမိခဲ့ပါတယ်။
James ကို ထိန်းသိမ်းပြီးနောက်ပိုင်းမှာတော့ နေအိမ်ဖြစ်တဲ့ ဂျာစီမြို့ထဲက 77 Hudson ရှိ (၁) မီလီယံဒေါ်လာတန် ကွန်ဒိုသို့ ဝရမ်းထုန်းကာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကွန်ဒိုမှာ အသက် (၂၂) နှစ်အရွယ် James ရဲ့ အတူနေချစ်သူ Cindy Sanchez-Medina လည်း ရှိနေခဲ့ပြီး အမှုထဲ ပါဝင်ပတ်သက်နေတဲ့အတွက် ထိန်းသိမ်းခဲ့ပါတယ်။
James ကိုတော့ တရားမဝင် လက်နှက်ကြီးကိုင်ဆောင် သုံးစွဲမှု၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချမှုအပါအဝင် အမှုပေါင်း (၃၇) မှုနဲ့ စွဲချက်တင်ထားခဲ့ပြီး Cindy ကိုတော့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု (၇) မှုတို့ဖြင့် တရားစွဲဆိုကာ ထိန်းသိမ်းထားခဲ့ပါတယ်။
Source: NJ.com True Jersey
credit-(Shwemom)Penny
https://celemyinkwin.com/2018/12/26/%E1%81%81%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%90%E1%80%8A%E1%80%B9%E1%80%B8-%E1%80%91%E1%80%AE%E1%81%82%E1%80%81%E1%80%AB%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%9C%E1%80%AD/?fbclid=IwAR06uKLEqdjTAI7nIuw8JlQobHU3_aV3g6bIQB9qrpWbL2c3T9ovw3Qwpuk
No comments:
Post a Comment
Note: Only a member of this blog may post a comment.