ငွေအတုမှန်းမသိဘဲ သုံးစွဲမိက ဗဟိုဘဏ်ဥပဒေအရ အပြစ်ယူရန်မရှိဘဲ တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ်တွင်သာ မူတည်ဟုဆို
ငွေစက္ကူများကို အတုဖြစ်မှန်းမသိ၍ သုံးစွဲပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအရ အပြစ်ယူရန်မရှိဘဲ တရားစီရင်ရေးကဏ္ဍမှ သက်ဆိုင် ရာ တရားသူကြီး၏ ဆင်ခြင်တုံ တရားပေါ်တွင်သာ မူတည် ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူ များက အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီနှင့် တွေ့ဆုံစဉ်ပြောသည်။
လတ်တလောဖြစ်ပွားနေ သည့် ကျပ်တစ်သောင်းတန် ငွေ စက္ကူအတုများ တွေ့ရှိခြင်းကိစ္စ အပါအဝင် ဗဟိုဘဏ်က ကန် ဒေါ်လာ ၃၄ သန်းဝယ်ယူခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ကော်မ တီက ဗဟိုဘဏ်တာဝန်ရှိသူများ ကို ယမန်နေ့က ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့သည်။
‘‘ဗဟိုဘဏ်ကတော့ ဥပဒေ ထဲမှာ ရှင်းရှင်းလင်းလင်းပြော ထားပါတယ်တဲ့။ မသိလို့သုံးမိတဲ့ ကိစ္စကိုတော့ ဘာမှအပြစ်ယူစရာ မရှိပါဘူးတဲ့။ ဒါပေမဲ့ ဒီဥစ္စာကိုတော့ တရားရေး မဏ္ဍိုင်ဘက်က တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ မူ တည်ပါတယ်လို့ ပြောတယ်’’ ဟု အမျိုးသားလွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီဥက္ကဋ္ဌ ဦးစော သန်းထွဋ်က ပြောသည်။
ထိုသို့တွေ့ဆုံရာတွင် စင် ကာပူနိုင်ငံ၌ အိမ်အကူအဖြစ် လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာ ပြီးနောက် ငွေအတုတင်သွင်းမှု၊ သုံးစွဲမှုတို့ဖြင့် ဖမ်းဆီးခံထားရ သည့် မနော်သော့သွဲ့ထူး အာမခံ ရရှိရေး ဗဟိုဘဏ်က ကူညီ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ ကြောင်း ၎င်းကပြောသည်။
ကော်မတီသို့ လာရောက် ရှင်းလင်းရာတွင် ဗဟိုဘဏ်ဒုတိ ယဥက္ကဋ္ဌ ဦးစိုးမင်းအပါအဝင် ဗဟိုဘဏ်တာဝန်ရှိသူများ ပါဝင် သည်။ ပြည်သူများအနေဖြင့် ငွေစက္ကူများကို အတုဖြစ်နိုင် ကြောင်း သံသယရှိပါက မြန်မာ့ စီးပွားရေးဘဏ်သို့ လာရောက် အပ်နှံအကြောင်းကြားရန် လိုအပ် သည်ဟု ဆိုသည်။
လက်ရှိဥပဒေပြဋ္ဌာန်းချက် အရ ငွေစက္ကူအတုဖြစ်ကြောင်း သိလျက်နှင့် သုံးစွဲမိပါက ပြစ်မှု မြောက်၍ အရေးယူခံရကြောင်း လွှတ်တော်ကိုယ်စားလှယ်များ က မဲဆန္ဒရှင်များအား အသိပညာ ပေးရန် ဗဟိုဘဏ်က ပြန်လည် တိုက်တွန်းကြောင်း ဦးစောသန်း ထွဋ်က ပြောသည်။
‘‘တကယ်လို့ ငွေအတုကိုင် မိတယ်လို့ သံသယရှိတာနဲ့ ကိုယ့် ငွေဘဏ်ကိုသွားအပ်ပါ။ ဖောင် ဖြည့်ပြီး သွားလို့ရှိရင် ဘဏ်က ပေးတဲ့ လက်ခံရရှိကြောင်းစာရွက် ကို ကိုင်ထားရင် လုံခြုံပါတယ်ဆို တဲ့ အကြောင်းပြောတယ်။ ဒီလို မျိုးလာအကြောင်းကြားတဲ့အ တွက် ပေါ့သွားလိမ့်မယ်တဲ့။ ဗဟို ဘဏ်ကတစ်ဆင့် အကြောင်း ကြားပေးပါမယ်လို့ ပြောတယ်’’ ဟု ၎င်းကဆိုသည်။
ကော်မတီအနေဖြင့် ဗဟို ဘဏ်၏ ဖြေကြားချက်များကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံ တင်ပြမည်ဖြစ်ရာ တွေ့ဆုံဆွေး နွေးမှုအခြေအနေ အသေးစိတ်ကို အစီရင်ခံစာတင်သွင်းချိန်တွင် ဖော်ပြမည်ဖြစ်ကြောင်း ကော်မ တီအဖွဲ့ဝင် ဦးသန်းစိုး (ဘောဂ ဗေဒ) က ပြောသည်။
ထို့အပြင် ယခုလဆန်းပိုင်း တွင် ဗဟိုဘဏ်က ကန်ဒေါ်လာ ၃၄ သန်းခန့် ဝယ်ယူမှုနှင့်ပတ် သက်၍ ကော်မတီက မေးမြန်းရာ ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန် လည်ရှင်းလင်းခဲ့သည်ဟု ဆို သည်။
‘‘သူတို့ရဲ့ ဗဟိုဘဏ်ရဲ့ ရည် ရွယ်ချက်ထဲမှာ ငွေရေးကြေးရေး တည်ငြိမ်ဖို့ ထိန်းသိမ်းဖို့ပါတဲ့အ တွက်ကြောင့် သူတို့ဘောင်ထဲမှာ ဝင်လာတဲ့ ပမာဏကိုထိန်းပြီး ဝယ်ပေးတာပါလို့ ဖြေတယ်’’ ဟု ဦးစောသန်းထွဋ်က ပြောသည်။
လတ်တလောတွင် စင်ကာ ပူနိုင်ငံ၌ အလုပ်လုပ်ခဲ့ပြီး အ လုပ်ရှင်က ပေးလိုက်သော ကျပ် တစ်သောင်းတန် အတုများလက် ဝယ်တွေ့ရှိမှုကြောင့် မနော်သော့ သွဲ့ထူး ဖမ်းဆီးခံရသည့်ဖြစ်စဉ်မျိုး မကြာခဏဖြစ်ပေါ်နေ၍ ပြည်သူ များကြား စိုးရိမ်မှုများရှိနေသည်။ အလုပ်ကိစ္စဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် စင်ကာပူနိုင်ငံ သားဇနီးမောင်နှံ နှစ်ဦးထံမှ ကျပ် တစ်သောင်းတန် အတု ၄၅ ရွက် သိမ်းဆည်းရမိသည်ဟုဆိုကာ နိုဝင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခံရ သည်။
ထို့အပြင် ဒီဇင်ဘာ ၁၈ ရက် က မြိတ်မြို့နေ အသက် (၆၃) နှစ်အရွယ် အမျိုးသားတစ်ဦး ဘဏ်မှတစ်ဆင့် ကျပ် ၁၀ သိန်း လွှဲစဉ် ကျပ်တစ်သောင်းတန်အတု အရွက် ၅၀ ပါဝင်နေကြောင်း တွေ့ရှိ၍ အမှုဖွင့်ဖမ်းဆီးထား သည်။
ပြည်သူ့လွှတ်တော်ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ‘‘အရေးကြီး တာကတော့ သုံးစွဲနေတဲ့သူတွေ ကို အရေးယူဖမ်းဆီးနေတာထက် ဒါတွေ ဘယ်ကထွက်နေသလဲဆို တာကို အတိအကျဖော်ထုတ်ပြီး တော့မှ ဟန့်တားဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ကို ဒီလိုငွေကြေးအတု တွေ တွေ့တာက အဟန့်အတား ဖြစ်စေသလို နိုင်ငံတကာနဲ့ ဆက် ဆံတဲ့အခါမှာလည်း စိုးရိမ်ပူပန်မှု တွေဖြစ်စေတယ်’’ ဟု မှတ်ချက် ပြုသည်။
http://www.7daydaily.com/story/145341?fbclid=IwAR2DLyB69fzWKl6tTGCjUaW7K_tw2PLxZtk7kLjfeOXa5P6-6R3Yetjf5uo
No comments:
Post a Comment
Note: Only a member of this blog may post a comment.