ဒေါင်း ကို ခံစားလို့မရတာကြောင့် ဝေဖန်ခံနေရတဲ့ ဂျီဖတ် ရဲ့ ရည်းစားဟောင်း
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ၊ လက်ရှိမှာ မိန်းကလေးပရိသတ်အများစုကြားမှာ ရေပန်းစားလာတဲ့ မင်းသားချောလေး ဒေါင်းရဲ့ စန်းကတော့ ယှဉ်မရနိုင်ပါဘူး။ ။
ဒေါင်းတစ်ယောက်က တော့ လတ်တလောမှာ ပုဂံမြို့သူ နဲ့ရော ၊ လိပ်ပြာစံအိမ် စတဲ့ ဇာတ်လမ်းတွေ ကြောင့်လည်း ပရိသတ်အာရုံစိုက်ခံနေရတာပါ ။
မကြာသေးမီ နှစ်ပိုင်း ကမှ အိမ်ထောင်ပြုသွားခဲ့တဲ့ နန်းသီရိမော် (ဂျီဖတ်ရဲ့ ရည်းစားဟောင်း ကတော့ ဒေါင်း နဲ့ပတ်သက်တဲ့ မှတ်ချက်တစ်ခု ကို လူမှုကွန်ရက်ပေါ်မှာ မျှဝေမိခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ နန်းမော် က “သူများတွေကတဒေါင်းဒေါင်းနဲ့ ကိုယ့်မှာဘယ်လိုကြည့်ကြည့်ကို ခံစားလို့မရဘူး” လို့ သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာကနေမျှဝေထားတာပါ ။
ဒီလိုရေးသားချက်ကြောင့် ဒေါင်းရဲ့ ပရိသတ်တွေက အင်တိုက်အားတိုက် ဝေဖန်နေကြတာကို လည်းတွေ့ရပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့ နန်းမွန်တစ်ယောက် ဘယ်အရာကို ခံစားမရသလဲဆိုတာကတော့ ပရိသတ်တွေကြားမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်းပါ။
credit-celegabar
https://celemyinkwin.com/2018/12/24/%E1%80%B1%E1%80%92%E1%80%AB%E1%80%84%E1%80%B9%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%B6%E1%80%85%E1%80%AC%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9B%E1%80%90%E1%80%AC/?fbclid=IwAR1ExKdkUGOsAEOmpPSgTj-LxrWjT5839pqaCuDt27qkaxt13x3QFR4JxsU
No comments:
Post a Comment
Note: Only a member of this blog may post a comment.