အတည်တကျပြတ်စဲသွားကြပါပြီဆိုတဲ့ ထွန်းထွန်းတို့စုံတွဲ
ထွန်းထွန်းဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက Example အဖွဲ့နဲ့အတူ ပရိသတ်တွေရင်ထဲရောက်လာခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင်ထွန်းထွန်းဟာ သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်တဲ့အတွက် အကယ်ဒမီဆုကြီးကိုဆွတ်ခူးထားတဲ့ သရုပ်ဆောင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ထွန်းထွန်းမှာ တစ်လောကလုံးကို အသိပေးပြီးချစ်တဲ့ သိပ်ချစ်ရတဲ့ ချစ်သူကောင်မလေး စုစန္ဒီဦးရှိပါတယ်။ မကြာသေးခင်ကတော့ ထွန်းထွန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ ချစ်သူနဲ့ပြတ်စဲလိုက်ပါပြီဆိုတဲ့အကြောင်းရေးသားခဲ့ပြီး ပရိသတ်တွေသူငယ်ချင်းတွေကို အံ့သြသွားစေခဲ့ပါတယ်။ ထွန်းထွန်းကိုသူငယ်ချင်းတွေဖြစ်တဲ့ မိုးယံဇွန်နဲ့ ယုန်လေးတို့ကလည်းအားပေးနှစ်သိမ့်ထားခဲ့ပါတယ်။

“သူမင်းအပေါ်တကယ်ချစ်ရင်တော့ နားလည်မှုနဲ့သေချာပြန်တည်ဆောက်ပါ မင်းရဲ့အချိန်တိုင်းသူ့အတွက်ပဲဖြစ်ခိုင်းတယ်ဆိုရင်တော့ မင်းမှာအပေါင်းအသင်း ညီအစ်ကိုနဲ့ မင်းနဲ့ မသိမသာ မင်းကအားလုံးရဲ့အဝေးကိုရောက်သွားလိမ့်မယ်။ ချစ်တယ်ဆိုတာ ချစ်တာပဲ၊ အနိုင်ယူချင်တာက အတ္တ။ ရစ်လို့ရလို့ ရစ်တာ၊လုပ်လို့ရလို့လုပ်တယ်ဆိုတာ အနိုင်ကျင့်တာ။ မင်းဒီလောက် အောက်ကပဲလိုက်လျောခဲ့တာ ဘယ်သူမှမချစ်နိုင်တဲ့အချစ်မျိုး။ သူကလည်းနိုင်ချင်စိတ်ရှိချင်မှရှိလိမ့်မယ်။ အကျင့်ပါပြီး မသိမသာ အဲ့အနိုင်ရတဲ့ဘဝကိုပျော်သွားပြီ”လို့ ယုန်လေးက အားပေးနှစ်သိမ့်ထားခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ထွန်းထွန်းရဲ့ချစ်သူ စုစန္ဒီဦးက သူမရဲ့ Instagram ကနေပြီး ထွန်းထွန်းကိုတောင်းပန်လာခဲ့ပါတယ်။ နောက်ဆုံးတစ်ခေါက်လောက်အခွင့်အရေးထပ်ပေးဖို့ တောင်းဆိုလာပါတယ်။ စုစန္ဒီဦးက Instagram မှာ Public နဲ့ “ကိုကို့ကိုထိခိုက်စေတဲ့အလုပ်၊သိက္ခာချသလိုဖြစ်သွားတဲ့ အပြုအမူတွေ၊ မစောင့်ထိန်းမိတဲ့စည်းတွေအတွက် အရမ်းတောင်းပန်ပါတယ်။ အခုအချိန်မှာ ဆိုးသွားမိရင်တောင် အရင်ကပျော်စရာအချိန်လေးတွေ ချစ်ခဲ့ကြတာတွေကို စဉ်းစားပြီး အခွင့်အရေးတစ်ခါလောက်ပေးပါ။ နှစ်ယောက်လုံးဘယ်လောက်ချစ်လဲ ဘယ်လောက်သံယောဇဉ်ရှိလဲအသိဆုံးပဲလေ။ လူတိုင်းအမှားနဲ့မကင်းကြပါဘူး။ ခွင့်မလွှတ်နိုင်စရာအမှားဆိုပေမယ့် ကိုကိုအရမ်းချစ်တဲ့သဲကို အခွင့်အရေးတစ်ခါလောက်ပြန်ပေးပါ။ တောင်းပန်ပါတယ်ကိုရယ်”လို့ ရေးထားပြီးသနားစဖွယ်တောင်းပန်ထားတာပါ။

ထွန်းထွန်းက မနေ့က 25.12.2018 မှကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာ ချစ်သူကပေးတဲ့ မွေးနေ့ကိတ်လေးကို Instagram မှာတင်ထားခဲ့လို့ နှစ်ယောက်သားပြန်အဆင်ပြေသွားကြပြီလို့ မီဒီယာတွေကရေးသားထားခဲ့ကြပေမယ့်လည်း တကယ်တမ်းတော့ပြန်အဆင်မပြေကြောင်းကို စုစန္ဒီဦးက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာခဲ့ပါတယ်။ ညှိမရတဲ့ပြဿနာတွေကြောင့်ပြတ်သွားရပြီး ပြန်အဆင်ပြေစရာအကြောင်းမရှိကြောင်းကို စုစန္ဒီဦးက “ပြန်လည်အဆင်ပြေစရာကိစ္စများလဲ မရှိပါရှင်.. ညှိုနှိုင်း၍လဲ မရသောကိစ္စများဖြစ်သောကြောင့် အတိတကျပျက်သွားခြင်းဖြစ်ပါတယ်”လို့ ရေးသားအသိပေးထားပြီး သတင်းမီဒီယာများကိုပါ သူမရဲ့ ဓာတ်ပုံတွေကူးယူဖော်ပြခြင်းမပြုတော့ရန်မေတ္တာရပ်ခံထားခဲ့ပါသေးတယ်။

့ပရိသတ်ကြီးရော ထွန်းထွန်းကိုချစ်ကြလား။ ထွန်းထွန်းနဲ့ စုစန္ဒီဦးတို့ပြတ်စဲသွားလို့ စိတ်မကောင်းဖြစ်နေကြလား။ ထွန်းထွန်းတို့ချစ်သူနှစ်ဦးကိုပြန်အဆင်ပြေစေချင်ကြလား။ ပြောခဲ့ကြပါဦး။
https://www.isabellaonlinemm.com/3156/?fbclid=IwAR2_qRIsUQUQEbWsN0FgLiLS6BLvhfAW6i-snMbX1JNDIPfb61OPD_FSYBo

No comments:
Post a Comment
Note: Only a member of this blog may post a comment.