တရားခံဟု ယူဆရသူ အဖေထွက်ပြေးရာ အိမ်တွင်နေထိုင်သော သမီးဖြစ်သူအား ဖမ်းဆီး
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စု ၊ ချောင်းလမု ကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ကာလတန်ဖိုး သိန်း ၇၀ ကျော် ICE မူးယစ်ဆေးများ ဖမ်းဆီး ရမိကြောင်းသိရပါတယ်။
တနင်္သာရီမြို့နယ်၊ နယ်ထိန်း ဒုရဲအုပ် သန်းထွန်းမင်းနှင့် အဖွဲ့သည် ချောင်းလမု ကျေးရွာနေ အောင်မင်းလွင်၏ နေအိမ်တွင် မူးယစ်ဆေး ရောင်းဝယ်နေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသည့် ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၁၆ /၂၀၁၈)ဖြင့် ဝင်ရောက် ရှာဖွေရာ..
အောင်မင်းလွင်အား နေအိမ်တွင် မတွေ့ရပဲ သမီးဖြစ်သူ မလှိုင်းဖြူ (၂၀) နှစ်အား တွေ့ရှိပြီး မူးယစ်ဆေးနှင့် ပတ်သက်၍ မေးမြန်းပြီး ရှာဖွေရာ နေအိမ်အောက် လှေခါးဘေးရှိ ခုတ်ထားတဲ့ ဝါးရုံငုတ် များကြား တောစီး ဘိနပ်အတွင်းမှ ICE မူးယစ်ဆေး အလေးချိန် ၁၈၀ ဂရမ်ခန့် (ကာလ တန်ဖိုး ၇၂ သိန်း) အား ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။
ICE မူးယစ်ဆေးများ လက်ဝယ် ထားရှိသူ အိမ်တွင် နေထိုင်သူ မလှိုင်းဖြူ ၂၀ နှစ်၊ အား တနင်္သာရီမြို့မ ရဲစခန်းမှ မူး/ စိတ်ပုဒ်မ – ၁၉ (က) ဖြင့် အရေးယူထားကြောင်း သိရပါတယ်။
ခရက်ဒစ်
https://thadinyatkwat.com/archives/15711
No comments:
Post a Comment
Note: Only a member of this blog may post a comment.