သူမအကြိုက်ဆုံးက မိုးသဲညရဲ့ ထမင်းကြော်ပါ လို့ပြောလိုက်တဲ့ သင်းသင်
လတ်တလော ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဝေဠုကျော်ကို တရားစွဲမယ့် သင်းသင်း တို့ရဲ့ သတင်းက အနုပညာလောကမှာသာမက မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ လူ တော်တော်များများ သိနေလောက်ပြီထင်ပါတယ်။ လူမှုကွန်ယက်မှာနာမည်ကြီးနေတာ ကတော့ ဝေဠုကျော်က အကြောင်းပြချက်မရှိ ဖြတ်ခဲ့ပြီး သူမနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ ကြောင့် တရားစွဲဆို ခြင်းဖြစ်ကြောင်း သိရပါတယ်။ တစ်ချို့ ပရိသတ်တွေကလည်း သင်းသင်း ကို ဝန်းရံကြသလို သူမတရားစွဲဆိုခြင်းကို လက်မခံတဲ့ သူတွေလည်း ရှိကြပါတယ်။ ဒီတစ်ခါမှာ တော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သင်းသင်း ကသူမကို ပြောဆိုပုတ်ခတ်မကောင်းပြောနေတဲ့ သူတွေကို ရွဲပြီး တင်ထားတဲ့ စာလေးတွေအကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။
သင်းသင်းက သူမအင်တာဗျူးတစ်ချို့မှာ ဖြေခဲ့တဲ့ မိုးအရမ်းရွာနေတဲ့အချိန်မှာ ထမင်းကြော်စားပြီး ဖြစ်ခဲ့တဲ့ သူမရဲ့အကြောင်းကို ပြေပြခဲ့ရာမှ မိုးသဲညရဲ့ ထမင်းကြော် ဆိုတဲ့ စကားလုံးက အရမ်းကို နာမည်ကြီးလာတာပဲဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာလည်း သူမနာမည် သူမပုံတွေနဲ့ အကောင့်တုတွေဖွင့်ပြီး သတင်းလွင့်ကြတာမျိုးတွေရှိပြီး သူမရဲ့ အကောင့်ကို ဟက်ပြီး သတင်းမှားတွေ တမင်လွင့်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
သင်းသင်းပြောထားတဲ့ ထမင်းကြော်
သင်းသင်းက သူမကို ပုတ်ခတ်တဲ့ သူကို လည်းသိနေပြီး ပြောတဲ့ သူကို ရွှဲပြီး ” ကဲကဲ ထမင်းကြော်သွားစားမည်ဆိုက်ကားနဲ့ သွားမလို့နော်ဟိုမကြီး လာခေါ်မယ်နော်ဟွန့်အတူစားသောက်ပြီး အလုပ်ကိစ္စပရဟိတကိစ္စလေးတွေပြောမယ်နော်အအေးဗူးပါဝယ်လာမယ် အမမသိအောင်ဒီနှစ်မိုးကတစ်အားကောင်းတယ် ထီးကမပါဆိုက်ကားနဲ့ဆို အပေါ်ကမိုးကြိုးပြစ်မယ် အရမ်းကြောက်တတ်တယ်နော် မိုးရွာရင်အယ်မရေလို့ အလုပ်ကချက်ချင်ပေါ်လာပြီ ဟိုကသူငယ်ချင်းတွေကစောင့်နေတာကြာပြီလို့ အရမ်းအာနာစရာကောင်းနေပြီမပါလိုက်ခဲ့နော် သူတို့နဲ့မိတ်ဆက်ပေးမယ် ပုံအဲ့မှာစတွေ့ပြီလေ ဟဟဟဟဟဟဟဟဟဟဟ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။
နောက်ပြီး သင်းသင်းက ” မိုးတော့ မရွာဘူးပေါ့နော်ကျမအကြိုက်ဆုံး အစားစာကထမင်းကြော်လေပါအရမ်းကြိုက်တာ မိုးသဲညရဲ့ ထမင်းကြော်ဆိုပြီး အမည်လေးပြောင်းဖွင့် ပိုအဆင်ပြေမလားပဲစိတ်ကူးမိပါတယ် ” လို့ သူမကို မကောင်းပြောနေတဲ့သူတွေကို ရွဲ့ပြီးခုလိုပြောထားတာပါ။
သင်းသင်းက ခုလတ်တလောမှာတော့ အသိ တစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် ပွဲတစ်ပွဲမှာ သီချင်းသွားဆိုခဲ့ပြီး ရလာတဲ့ အနုပညာကြေးလေးကို သူမမိခင်အတွက်လုပ်ပေးချင်တာလေးလုပ်ပေးလို့ရပြီလို့ ခုလိုပြောထာပါတယ်။ ” ဒီနေ့ အနုပညာကြေးလေး ပထမဆုံး ရတဲ့နေ့မှ အရမ်းပျော်ခဲ့ရတယ်ကျမကို အရမ်းချစ်တဲ့သူတွေ အများကြီးတွေ့ရလို့အတိုင်းမသိ ဝမ်းသာရတယ်မနက်ဖြန် အမေအတွက် လုပ်ပေးချင်တာလေးရပြီအရမ်းပျော်တယ် ဒီနေ့”
အနုပညာကြေးလေးနဲ့ မိခင်အတွက်ဆိုပြီး ရည်ရွယ်ထားတဲ့ post သင်းသင်းရေးထားတဲ့ မိုးသဲညရဲ့ ထမင်းကြော် အကြောင်းကို ပရိသတ်တွေသိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
credit-(Momolay)Moekalay
Source;thinthin’s facebook
https://celemyinkwin.com/2018/12/27/%E1%80%9E%E1%80%B0%E1%80%99%E1%80%A1%E1%82%80%E1%80%80%E1%80%AD%E1%80%B3%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%80-%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%B2%E1%80%8A/?fbclid=IwAR3_2eNd_I8zd0faQ4g4lnS7ZI5CVuekjAQJEQy0tcjWFkXnAeM4AoQF6iE
No comments:
Post a Comment
Note: Only a member of this blog may post a comment.