ဒီနှစ်ကုန်ထိ sexy တွေ ဝတ်ဖြစ်မယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
Sexy Actress အဖြစ်နဲ့ အနုပညာလောကမှာ စတင်လျောက်လှမ်းပြီးနောက်ပိုင်းမှာတော့ ပရိသတ်တွေရဲ့ဝေဖန်မှုတွေကြားမှာ အပြုံးမပျက်ရပ်တည်လာခဲ့သူ သင်ဇာတစ်ယောက် ဒီကနေ့မှာလည်း စိန်ဆိုင်ဖွင့်ပွဲတစ်ခုကို အလန်းစားပုံစံတစ်ခုနဲ့ တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အဖြူရောင် ဇာပါးလေးအောက်က သူမရဲ့ဖွံ့ဖွံ့ထွားထွားခန္တာကိုယ်အလှဟာ အထင်းသားပေါ်လွင်လို့နေပါတယ်။ ပုရိသတွေရဲ့အပြတ်အသတ်ဝန်းရံမှုကိုရရှိထားသူ တစ်ယောက်ဆိုလည်းမမှားပါဘူး။ ဘယ်လိုဝေဖန်တိုက်ခိုက်မှုတွေရှိနေပါစေ သူမကတော့ သူမရဲ့အလုပ်ကို အကောင်းဆုံးကြိုးစားလုပ် ဆောင်နေကိုလည်းတွေ့ရပါတယ်။ Professional ပီသသူတစ်ယောက်ပါပဲ။
သူမရဲ့ပွဲတက်ဖက်ရှင်တွေဟာ အမြင်ဆန်းပြီး ဆွဲဆောင်မှုပိုတဲ့ ပြင်းရှရှဒီဇိုင်းတွေဖြစ်တာမို့ ပွဲတက်တိုင်း သူမရဲ့ဝတ်စုံဟာ တကယ်ကို ထင်ပေါ်လွန်းနေခဲ့ပါတယ်
။ ဒီလို sexy ဝတ်ဆုံတွေဝတ်တာနဲ့ပက်သက်ပြီ ” ဆိုင်ဖွင့်ပွဲတွေလက်ခံထားလို့ဒီနှစ်မကုန်ခင်အထိတော့ sexy လေးတွေဝတ်ခွင့်ပေးပါနော်…သူတို့ရဲ့တောင်းဆိုမှုကြောင့်ဝတ်ရတာမို့လို့နဲနဲများသွားရင်လဲ တောင်းပန်ပါတယ်ရှင် ” ဆိုပြီး ပရိသတ်တွေကို တောင်းပန်လိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Professional အလုပ်မှာ အကောင်းဆုံးကြိုးစားနေတဲ့ သင်ဇာတစ်ယောက် အရင်ထက်ပိုပြီး အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Photo – Thin Zar Wint Kyaw
credit-Myanmarload
Photo – Thin Zar Wint Kyaw
credit-Myanmarload
Unicode
https://celemyinkwin.com/2018/12/26/%E1%80%92%E1%80%AE%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%91%E1%80%AD-sexy-%E1%80%B1%E1%80%90%E1%80%BC-%E1%80%9D%E1%80%90%E1%80%B9%E1%80%BB%E1%80%96%E1%80%85/?fbclid=IwAR2hksim1DUskBBMCd28kmiFh4mithKbNZW8udOKWMkrrWfNmRjZoFcPvX0
No comments:
Post a Comment
Note: Only a member of this blog may post a comment.