သိန်း ၂၀၀ နီးပါး တန်ဖိုးရှိတဲ့ နာရီကို သမီးအတွက် ဂုဏ်ပြု လက်ဆောင်ပေးခဲ့တဲ့ နေခြည်ဦးရဲ့ဖခင်
Beauty Blogger မလေး နေခြည်ဦးကတော့ သွက်လက်ထက်မြက်ပြီး ပွင့်လင်းတဲ့ သူမရဲ့အနေအထိုင်အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နေခြည်ဦးက သူမရဲ့ပထမဦးဆုံးရုပ်ရှင်ကြီးဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပရိသတ်တွေအတွက် အကောင်းဆုံးအနုပညာတွေကို ချပြထားပါသေးတယ်။ နေခြည်ဦးရဲ့ဖခင်ကတော့ သမီးဖြစ်သူရဲ့ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂုဏ်ပြုတဲ့အနေနဲ့ သိန်း ၂၀၀ နီးပါး တန်ဖိုးရှိတဲ့ Hublot နာရီကို ဂုဏ်ပြုလက်ဆောင် ဝယ်ပေးခဲ့တာကြောင့် ချီချီလေး အရမ်းကို ပျော်နေတာပါ။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖခင်ဖြစ်သူဆီက ဂုဏ်ပြုလက်ဆောင် ရရှိလို့ ပျော်နေတဲ့ ချီချီလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးလက်ဆောင်ရတဲ့ နာရီလေးကတော့ $12,069 မြန်မာငွေ (သိန်း ၂၀၀ နီးပါး) တန်ဖိုးရှိတယ်လို့ သိရပါတယ်။
နွေးထွေးလွန်းတဲ့ နေခြည်ဦးတို့ရဲ့ မိသားစုလေး
နေခြည်ဦးကတော့ ” နာရီရလို့ ဝမ်းသာတာထက် ပထမဦးဆုံး ရုပ်ရှင်ကား ရန်သူ အတွက် ဂုဏ်ပြုလက်ဆောင်ပါ ဆိုတဲ့စကားက ပိုတန်ဖိုးရှိပါတယ် ဖေကြီးရယ်။ သမီး အရမ်းးကြိုက်တယ်။ I love you so so so so much #congratulationsgiftfromdaddy” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကြည်နူးပီတိဖြစ်စွာ ရေးသားထားတာ တွေ့ရပါတယ်။
နေခြည်ဦးရဲ့ဖခင်ကတော့ သမီးလုပ်သမျှကို အကောင်းဆုံးကူညီ ပံ့ပိုးပေးလေ့ရှိတဲ့ ဖခင်တစ်ဦးဖြစ်တဲ့အကြောင်း နေခြည်ဦးက မကြာခဏဆိုသလို ထုတ်ပြောပြလေ့ရှိပါတယ်။
နေခြည်ဦးကတော့ လက်ရှိရုံတင်ပြသနေတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အသစ်တစ်ဦးပေမယ့် အကောင်းဆုံးသရုပ်ဆောင်ထားနိုင်တာကြောင့် ဖခင်ဖြစ်သူက ဂုဏ်ပြုလက်ဆောင် ပေးခဲ့တာပါ။ မိန်းကလေးတွေကို အလှအပနဲ့ပတ်သတ်ပြီး အကောင်းဆုံး လမ်းညွှန်ပေးနေတဲ့ Beauty Blogger မလေး နေခြည်ဦးကတော့ အနုပညာပိုင်းမှာလည်း ခေသူတစ်ဦး မဟုတ်ပါဘူးနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖခင်ဆီက ဂုဏ်ပြုလက်ဆောင်ရလို့ ပျော်နေတဲ့ ချီချီလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
credit-(momolay)Myint Myat
Source;Nay Chi Oo’s Facebook
https://celemyinkwin.com/2018/12/21/%E1%80%9E%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-%E1%81%82%E1%81%80%E1%81%80-%E1%80%94%E1%80%AE%E1%80%B8%E1%80%95%E1%80%AB%E1%80%B8-%E1%80%90%E1%80%94%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%80%B8/?fbclid=IwAR3e0-yN9CXDOG1BOBuABno362cxSggGbr_j9f2zAyxbvvr3lfvEPS1DenY
No comments:
Post a Comment
Note: Only a member of this blog may post a comment.