Troller တွေကြောင့် စာအုပ်ရောင်းအားတက်လာတယ်ဆိုတဲ့ လင်းသိုက်ညွန့်
CELEBRITYDecember 25, 2018
မြန်မာနိုင်ငံမှာ လူငယ်တွေအတွေအတွက် အတွေးအခေါ်ကောင်းတွေရဖို့ လမ်းစပျောက်နေတဲ့လူငယ်တွေ လမ်းမှန်တွေ့ဖို့အတွက် တွန်းအားပေးစာပေတွေကို ရေးသားနေတဲ့ အောင်မြင်တဲ့ လူငယ်စာရေးဆရာ လင်းသိုက်ညွန့်ကတော့ facebookပေါ်မှာ Troller တွေရဲ့ trollခြင်းတွေက သူ့ရဲ့စာအုပ်ရောင်းအားတွေကို တက်စေကြောင်း မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။
လင်းသိုက်ညွန့်က “ပျော်ပါတယ် ခုနကကျွန်တော်ပြောသလိုပဲပေါ့ကျွန်တော်Troll ခံထိတယ် ဆိုတာကလွန်ခဲ့တဲ့ငါးနှစ်လောက်ထဲကTrollerတွေမရှိရင် လူသိလာစရာအကြောင်းမရှိဘူး။ ဘာဖစ်လို့လဲဆိုတော့ စာပေလောကမှာကျွန်တော်တို့ဝါနဲ့ကျွန်တော်တို့ အသက်နဲ့အခုလိုလူသိအောင်လုပ်ပေးတာက Troller တွေလေ။
ခုနကပြောသလိုချစ်စရာကောင်းအောင်Trollကြတာတွေလည်း အများကြီးရှိပါတယ်။ ဒါကိုကျွန်တော်တို့ကလက်ခံပါတယ်။ ပြီးတော့Trollတဲ့ဟာကိုကျွန်တော်တို့က မုန်းစရာအကြောင်းမရှိဘူး။ နိုင်ငံတကာမှာလည်းရှိပါတယ် တစ်ခုဘဲပေါ့နော် ဥပမာကျွန်တော်တို့ကအမျိုးသားတွေ ဆိုရင်ကိစ္စမရှိဘူး အမျိုးသမီးတွေကိုTrollလုပ်တာတို့ဘာတို့ဆိုရင်ပေါ့ မိန်းကလေးတွေကြတော့မြန်မာယဉ်ကျေးမှုက နိုင်ငံတကာနဲ့မတူဘူးလေ။ နိုင်ငံတကာမှာမိန်းကလေးတွေက ဘယ်လိုပဲပြောပြောရတယ်။ မြန်မာနိုင်မှာကျတော့တချို့ဟာလေးတွေက ရိုင်းရိုင်းဆိုင်းဆိုင်း ပြောတာဆိုရင်ယောက်ျားလေး တွေကတော့ကိစ္စမရှိဘူး အဲ့တော့အမျိုးသမီးတွေကိုTrollလုပ်ရင်တော့ မေတ္တာရပ်ခံချင်တာကတော့ ညီအစ်ကိုတွေကို နည်းနည်းလေးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ အညီပေါ့နော် မောင်နှမသားချင်းစိတ်ဓာတ်လေးနဲ့တော့ Trollလုပ်တာလေး ဖြစ်စေချင်တယ်ပေါ့နော်။ ကျွန်တော်တို့ကိုတော့ ကြိုက်သလို Trollပါ Trollerတွေက ကျွန်တော်တို့အပေါ်မှာ အများကြီး ကျေးဇူးရှိတယ်။ ဘာလို့ဆိုတော့ Trolling လုပ်တဲ့အတွက်ကြောင့် အခုကျွန်တော် စာအုပ်ရောင်းအားတွေလည်း တက်လာတယ်။ City Martမနေ့ကလေးတင် အုပ်၅ရာထပ်မှာတယ်။ Trollတာ Marketing ပဲ။
သူတို့ Trollတာလေးတွေ ချစ်စရာလေးတွေ ပြောမယ်ဆိုရင် ကျွန်တော့်စာအုပ်ကို ဖတ်မိတဲ့ကြောင်နှစ်ကောင် Tvကြည့်နေတယ် လင်းသိုက်ညွန့် စာအုပ်လည်း ဖတ်လိုက်ရော ကြောင်နှစ်ကောင်က တာဝါတိုင်ပေါ်ရောက်နေရော။ အဲ့တာ Marketing ပဲပေါ့ ကျွန်တော့်စာအုပ်ကို ဖတ်ရင် Topကိုရောက်မယ်ဆိုတဲ့ဟာကို သူတို့က သွယ်ဝိုက်တဲ့ နည်းနဲ့ပေးနေတာ။ လင်းသိုက်ညွန့်ကောင်းသတင်းကိုရေးရင် ဘယ်သူမှ မShareဘူးလေ။ လင်းသိုက်ညွန့်နောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က အဲ့တာတွေအပေါ်မှာ ဘယ်တော့မှာ Negativeတုန့်ပြန်ဖို့ အစီအစဉ်မရှိဘူး။ ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ပဲ ကြည့်တယ် အချင်းချင်း ချစ်စရာကောင်းအောင် နောက်ကျပြောင်ကျတယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ Trollတွေဆိုရင်တော့ ညီအစ်ကိုတို့ အနေနဲ့ မြန်မာရဲ့ Valueကိုတော့ နည်းနည်းလေးကိုတော့ ထိန်းစေချင်ပါတယ်။ ယောက်ျားလေးတွေကိုတော့ ကြိုက်သလိုလုပ်ပါလို့ ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ပညာအရမ်းတတ်ရင် ကိုယ့်ကိုကိုယ်ယုံကြည်မှုအရမ်းပြင်းထန်တတ်လားလို့ မေးမြန်းရာ “များပါတယ် ကျွန်တော်တို့လည်း ဝန်ခံတယ် ကျွန်တော်တို့ရဲ့ အားနည်းချက် Over Confidence ဖြစ်တယ်။ ကျွန်တော် ငယ်ငယ်က ပြိုင်ပွဲတွေဝင်ပြိုင်ရင် ပထမဘယ်တော့မှမရဘူး ဒုတိယတွေပဲရတယ်။ ကျွန်တော်ကံကောင်းတဲ့တစ်ခုက အရွယ်လေးတစ်ခုရောက်လာတဲ့အချိန်မှာ ကျွန်တော့်လူငယ်ဘဝနဲ့ ကျွန်တော်အောင်မြင်တဲ့ဘဝနဲ့ သိပ်မကွာဘူး။ ကျွန်တော့်ကို ဒိုင်လုပ်ခဲ့တဲ့သူတွေနဲ့ ပြိုင်ပွဲတွေနဲ့ ဒိုင်အတူတူပြန်လုပ်ရတယ်။ အဲ့တော့ ကျွန်တော်က မေးတယ် အန်တီတို့ဘာတို့ ကျွန်တော့်ကို ဒိုင်လုပ်ခဲ့တာ မှတ်မိလားဆိုတော့ မှတ်မိတာပေါ့ ရှင့်ကို ကျွန်မတို့ သိပ်မှတ်မိတာပေါ့တဲ့။ ကျွန်တော် အဲ့ပြိုင်ပွဲတုန်းက ဘာလို့ ဒုတိယပဲ ရတာလဲလို့မေးတော့ ရှင်ကို အားလုံးက တော်တယ်လို့ သတ်မှတ်ပြီးသား ဒိုင်တွေမှာတစ်သတ်မှတ်ထဲ ဆုံးဖြတ်တယ် ဒီကောင်လေးက တော်တော့တော်တယ် ဒါပေမဲ့ ဇောင့်ကြွားဇောင့်ကြွားနဲ့ သောက်မြင်ကပ်ဖို့ကောင်းတယ်ဆိုပြီး ဒုတိယပဲပေးတယ်။ Over confidence ရဲ့ ဘေးထွက်ဆိုးကျိုးက ဒုတိယတော့ ရသေးတယ်။ လူကြီးမင်းတို့မှာ Confidence မရှိရင် တတိယတောင်မရနိုင်ဘူး။
အဲ့တော့ ကျွန်တော် တာဝန်ယူပြီးပြောပါတယ် လောကမှာ Overဖြစ်တဲ့ အရာတွေထဲမှာ Confidenceက side effects အနည်းဆုံးပါပဲ။ လူကြီးမင်းတို့ Confidence Overဖြစ်သွားရင် ပြန်ထိန်းပါ ဒါပေမဲ့ နေရာတစ်ခုတော့ ရောက်ပါတယ်။ အသက်၂၀လူငယ်တစ်ယောက်က အသက်၄၀စာ အောင်မြင်မှုရဖို့ Over Confidence မရှိဘဲ မရပါဘူး။ လူကြီးမင်းက ၄၀မှာ ၄၀စာအောင်မြင်ချင်ရင် ၄၀နဲ့ သွားလို့ရတယ်။ ဒါပေမဲ့ လူကြီးမင်း အသက်၂၀မှာ အသက်၆၀စာလူကြီးတွေလို အောင်မြင်ချင်တယ်ဆိုရင် လူကြီးမင်းတို့မှာ Confidenceက ကိုယ့်အသက်ထက်ပိုပြီးရှိရပါမယ်။ အဲ့အတွက် အဲ့Side effectsကို တာဝန်ယူရပါလိမ့်မယ်။
ကမ္ဘာမှာ ကျွန်တော်အကြိုက်ဆုံးလူပြောပါဆိုရင် ဒေါ်နယ်ထရမ့်ပါ။ သူမှာ အားသာချက်တွေလည်းရှိတယ် အားနည်းချက်တွေလည်း ရှိတယ်။ လူဟာဘက်ပေါင်းစုံပြည့်နေဖို့မဖြစ်နိုင်ပါဘူး လက်ခံပါကိုယ့်အားနည်းချက်ကို လက်ခံပါ။ ကိုယ့်အားနည်းချက်နဲ့ အတူတူနေနိုင်အောင်ကြိုးစားပါ။ အရေးကြီးဆုံးက အောင်မြင်လာရင် လူတွေကို ချစ်ပါ လူတွေရဲ့ အားနည်းချက်တွေကို အခွင့်အလမ်းအနေနဲ့ မြင်ပြီးတော့ ဖန်တီးပေးဖို့က အရေးကြီ့းပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
https://nanmalgyi.com/archives/47243?fbclid=IwAR3JgNqHKvLacK7wDNbFqN2U0llGeSIpe1jUwr8eN6S5HT7yqHwgl-8L2dI
No comments:
Post a Comment
Note: Only a member of this blog may post a comment.