ဂန့်ဂေါမြို့နယ် ပေါ်လယ်ကျေးရွာမှာ ခရစ်ယာန်လူငယ်လေးတွေ ခရစ်စမတ်ပွဲလုပ်ဖို့ချက်ပြုပ်နေတာကို လူတစ်စုက ခဲနဲ့ဝိုင်းပေါက်
ဂန့်ဂေါမြို့နယ် ပေါ်လယ်ကျေးရွာမှာ ခရစ်ယာန်လူငယ်လေးတွေ ခရစ်စမတ်ပွဲလုပ်ဖို့ချက်ပြုပ်နေတာကို လူတစ်စုက ခဲနဲ့ဝိုင်းပေါက်
ဂန့်ဂေါမြို့နယ် ပေါ်လယ်ကျေးရွာမှာ ခရစ်ယာန်လူငယ်လေးတွေ ခရစ်စမတ်ပွဲလုပ်ဖို့ချက်ပြုပ်နေတာကို ဗုဒ္ဓဘာသာ (အမည်ခံ) လူတစ်စုကခဲနဲ့ဝိုင်းပေါက်ကြလို့ထိခိုက်ဒဏ်ရာတွေ ရသွားကြတယ်ဆိုတဲ့သတင်းလေးကို ဖတ်နေရင်း ကျွန်တော် ပရဟိတလုပ်နေတဲ့ကယန်းဒေသကိုမြင်ယောင်မိပါတယ်..။
ခရစ်ယာန် ၁၀၀ ရာခိုင်နှုန်းနေတဲ့ ကယန်းဒေသမှာ
ဗုဒ္ဓဘာသာဝင်ဆိုလို့ ဒေသကိုတာဝန်ကျတဲ့ ကျောင်းဆရာ၊ဆရာမ၊ရဲ၊ဆရာဝန် စတဲ့ ဝန်ထမ်းတွေသာ ရှိပါတယ် ။
ဗုဒ္ဓဘာသာဝင်ဆိုလို့ ဒေသကိုတာဝန်ကျတဲ့ ကျောင်းဆရာ၊ဆရာမ၊ရဲ၊ဆရာဝန် စတဲ့ ဝန်ထမ်းတွေသာ ရှိပါတယ် ။
ဝန်ထမ်းအနည်းငယ် ကိုးကွယ်ဖို့ ဘုန်းကြီးကျောင်းလေးတစ်ကျောင်းတစ်လေ ရှိတယ်..။ဒီဘုန်းကြီးကျောင်းတွေကို ဆွမ်းကပ်ရတာ ၊လှူရတန်းရတာ နယ်ခံခရစ်ယာန်တွေက အများဆုံးလုပ်ပေးရရှာတယ် ။
ရယ်ရတယ်သိလား ။ခရစ်ယာန်တွေဖြစ်ပေမယ့်
အိမ်တက်ပရိတ်တရားနာတာတွေ ၊ စက်ပစ္စည်းတွေဝယ်တာတွေ ၊ခြံမြေဝယ်တဲ့အခါ မေတ္တာသုတ် ရွတ်ဖတ်ရတာတွေကိုဗုဒ္ဓဘာသာ ဘုန်းကြီးကိုပင့်ကြတယ်။ခရစ်ယာန်ဘုန်းကြီးကိုလည်း ပင့်ကြတယ်။
အိမ်တက်ပရိတ်တရားနာတာတွေ ၊ စက်ပစ္စည်းတွေဝယ်တာတွေ ၊ခြံမြေဝယ်တဲ့အခါ မေတ္တာသုတ် ရွတ်ဖတ်ရတာတွေကိုဗုဒ္ဓဘာသာ ဘုန်းကြီးကိုပင့်ကြတယ်။ခရစ်ယာန်ဘုန်းကြီးကိုလည်း ပင့်ကြတယ်။
ကျွန်တော်မေးကြည့်တယ် ။ခင်ဗျားတို့က ခရစ်ယာန်ဖြစ်တာကို ဘာလို့ဗုဒ္ဓဘာသာ ဘုန်းကြီးကို ပင့်ကြတာလဲဆိုတော့’သူတို့ကိုလည်း အလှူငွေ ပေးချင်လို့ပါ..’တဲ့..။
တစ်ခါက ကယန်းတောင်တန်း သာသနာပြုဆရာတော်စေတီတည်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးကယန်းခေါင်းဆောင်တစ်ဦးနဲ့ ဆရာတော် စကားများကြတယ်။(သူတို့နှစ်ယောက်လုံး ကျွန်တော့် အကောင့်ထဲမှာရှိတယ်)ဘယ်လိုများကြတာလဲဆိုတော့ဆရာတော် တည်မယ့် စေတီကို ကယန်းခေါင်းဆောင်က သူ့စိတ်ကြိုက် တည်ချင်တာ..။သူက ခရစ်ယာန်ပေမယ့် ဘုရား ဒကာ လုပ်ချင်တာ..။
‘ဆရာတော် စေတီဘယ်နှစ်ဆူတည်ဖူးလို့လဲ..
တပည့်တော်က ကယန်းဒေသမှာ စေတီအများကြီး
တည်ဖူးတယ်..’ဆိုပြီး စကားများကြသတဲ့..။အံ့ရော..
တပည့်တော်က ကယန်းဒေသမှာ စေတီအများကြီး
တည်ဖူးတယ်..’ဆိုပြီး စကားများကြသတဲ့..။အံ့ရော..
ကယန်းဒေသမှာ ကျောင်းထိုင်ကြတဲ့ ဆရာတော်တွေဆီကို ဒေသခံ ခရစ်ယာန်မိသားစုတွေကသူတို့ကလေးတွေကို ပို့ပြီးဘုန်းကြီးကျောင်းသားလုပ်ခိုင်းရပါတယ်။ဆရာတော်ကလည်း ဒီကလေးတွေကို စောင့်ရှောက်ပြီးကျောင်းထားရတယ်..။တစ်ချို့ ဘွဲ့ရကုန်ပြီ။
အဲဒီလိုဘုန်းကြီးကျောင်းမှာသွားထားလို့ဘယ်ခရစ်ယာန်ကလေးကမှ ဗုဒ္ဓဘာသာဝင်ဖြစ်မသွား။ဘုန်းကြီးတွေကလည်း မင်းတို့ငါ့ဘာသာထဲဝင်ရမယ်လို့ မဆွယ်ကြ။
ကျွန်တော်ကဆရာတော်နားကပ်ပြီး နှစ်ကိုယ်ကြားမေးကြည့်တယ်..’အရှင်ဘုရားကလည်း တောင်တန်းသာသနာပြုတယ်ဆိုပြီးသူတို့ ခရစ်ယာန်ကလေးတွေကလည်း ဗုဒ္ဓဘာသာထဲမဝင်ပါလား..’ဆိုတော့ဆရာတော်က ပြန်ရှင်းပြတယ်..
‘သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမကို
စောင့်ရှောက်ထိန်းသိမ်းတာကွ..ဘုရားက င့ါဘာသာထဲအတင်းဝင်ရမယ် မဟောခဲ့ဘူး..ဒီကလေးတွေကုသိုလ်ကိုချစ်ပြီး အကုသိုလ်ကိုမုန်းရင်ငါကျေနပ်ပြီ.. ဒီကလေးတွေအကောင်း အဆိုး အကြောင်း အကျိုး ခွဲခြားနိုင်ဖို့ဗုဒ္ဓဘာသာထဲဝင်မှရယ် မဟုတ်ဘူး..ပညာတတ်ဖို့အဓိကကွ.သူတို့ကို ပညာတတ်တွေဖြစ်အောင် ပညာသင်ပေးတာက
သာသနာပြုတာပဲဟေ့..သူ့ဟာသူ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ်ပေါ့ကွာ..’

ကျေနပ်စွာ သာဓုခေါ်ခဲ့ပါတယ်..
‘သာဓု သာဓု သာဓု..’
အသက်ငယ်ငယ်နဲ့ ထူးချွန်ထက်မြတ်တဲ့
ကယန်းစစ်ဦးစီးချုပ်နဲ့ ကျွန်တော် စကားပြောဖြစ်တယ်..’ဆရာ့ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ
သာသနာလာပြုတာ ဆရာကြည်ဖြူရဲ့လား..’
ကယန်းစစ်ဦးစီးချုပ်နဲ့ ကျွန်တော် စကားပြောဖြစ်တယ်..’ဆရာ့ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ
သာသနာလာပြုတာ ဆရာကြည်ဖြူရဲ့လား..’
ကျွန်တော့် အမေးကို ကယန်းစစ်ဦးစီးချုပ်ကပြန်ဖြေတယ်..။’ကျေနပ်ပါတယ်ညီလေး..သူတို့လိုသမျှ ငါအကုန်ထောက်ပံ့တယ်..သူတို့ကို ငါ့ဒေသမှာ ပျော်အောင်ထားတယ်..သူတို့မရှိရင် ငါ့ဒေသကိုတာဝန်ကျတဲ့ အစိုးရဝန်ထမ်းတွေ ဥပုသ်စောင့်တာမလုပ်နိုင်ဘူး..လပြည့် လကွယ် ကုသိုလ် မလုပ်နိုင်ဘူးလေ..ငါတို့တောင် တစ်ပတ်တစ်ခါ ရားကျောင်း တက်သေးတာလေ..သူတို့လည်း ဘုန်းကြီးကျောင်းသွားချင်မှာပေါ့…’
ကျေနပ်စွာ သာဓု ခေါ်ခဲ့ပါတယ်..
သာဓု သာဓု သာဓု..။
ဘာသာတိုင်းမှာ အစွန်းရောက်တွေရှိတာပေါ့..။
မွတ်စလင် အစွန်းရောက်
ခရစ်ယာန် အစွန်းရောက်
ဗုဒ္ဓဘာသာ အစွန်းရောက်
ဟိန္ဒူ အစွန်းရောက်……..
မွတ်စလင် အစွန်းရောက်
ခရစ်ယာန် အစွန်းရောက်
ဗုဒ္ဓဘာသာ အစွန်းရောက်
ဟိန္ဒူ အစွန်းရောက်……..
(ဘာသာမဲ့ အစွန်းရောက်တောင်ရှိသေးတယ်..)
ဘာသာတစ်ခုနဲ့ တစ်ခုမတူကြပေမယ့် အစွန်းရောက်တွေမှာ အကုန်တူကြတဲ့အချက်ကတော့ကိုယ့်ဘာသာကို ချစ်တာဗန်းပြပြီး သူများဘာသာကိုဖျက်စီးကြတာပါပဲ..။
ဘာသာအားလုံးရဲ့ တူညီသောလားရာက ငြိမ်းချမ်းရေးပါ။ပေါ်လယ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအတွက်ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ခရစ်ယာန်ညီအကိုမောင်နှစ်မများကို တောင်းပန်ပါတယ်.. အဲဒီကိစ္စကို ကျူးလွန်သူတွေဟာလည်းဗုဒ္ဓဘာသာရဲ့ ဖြူစင်တဲ့ ပုံရိပ်ကို ညစ်နွမ်းစေသူတွေဖြစ်လို့
ရှုံ့ချလိုက်ပါတယ်..။

Credit…ကိုစိုးထိုက်(ဖဒို)
Unicode Version
https://www.isabellaonlinemm.com/3084/
No comments:
Post a Comment
Note: Only a member of this blog may post a comment.