ကလေးဆေးရုံးမှာ ခရစ်စမတ်ဘိုးဘိုး ပုံစံဝတ်ပြီး suprise လုပ်ခဲ့တဲ့ သမ္မတဟောင်း အိုဘားမား

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၉) ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာအမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားဟာ ဝါရှင်တန်ဒီစီ၊ အနောက်မြောက်အရပ်မှာတည်ရှိတဲ့ ကလေးဆေးရုံမှာ ခရစ်စမတ်ဘိုးဘိုးစန်တာကလော့စ် အနေနဲ့ထွက်ပေါ်လာခဲ့ပါတယ်။အိုဘားမားဟာ ကလေးလူနာတစ်ယောက်ချင်းစီကို နွေးထွေးစွာလိုက်လံ နှုတ်ဆက်ပြီး ခရစ်စမတ်လက်ဆောင်များပေးအပ်ခဲ့ပါတယ်။သမ္မတဟောင်း အိုဘားမားနဲ့ ဇနီးသည် မီရှဲအိုဘားမားတို့ဟာ ဝါရှင်တန်ဒီစီရဲ့ ပရဟိတလုပ်ငန်းဆောင်တာတွေမှာ ပါဝင်လေ့ရှိပါတယ်။
လက်ရှိမှာတော့ အမေရိကန်နိုင်ငံရဲ့ ၄၄ ကြိမ်မြောက် သမ္မတတစ်ယောက်ဖြစ်ခဲ့တဲ့ ဘားရက်အိုဘားမားဟာ စန်တာကလော့စ်အဖြစ်ကလေးများရှေ့ပေါ်ထွက်လာတဲ့ ကြည်နူးဖွယ်မြင်ကွင်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။
ဒီပုံလေးမှာဆိုရင် ရုတ်တရက်ဆေးရုံမှာအိုဘားမားကိုမြင်သွားတဲ့ကောင်လေးက အံ့အားသင့်ပြီးဘာမှမပြောနိုင်တော့ပဲ အိုဘားမားကိုကြောင်ငေးကြည့်နေတာပဲဖြစ်ပါတယ်။
ဆေးရုံက လူနာကလေးမလေးနဲ့လဲ ဆယ်လ်ဖီဆွဲခဲ့ပါတယ်။
သမ္မတဟောင်းအိုဘားမားဟာ လက်ဆောင်ထုပ်ကြီးထဲက လက်ဆောင်ပစ္စည်းတွေကုန်သွားတိုင်း ဆေးရုံအောက်ထပ်သို့ဆင်းကာ သူ့ဝန်ထမ်းတွေကို လက်ဆောင်တွေပြန်ဖြည့်စေခဲ့ပါတယ်။
ရောဂါဝေဒနာ ခံစားနေရတဲ့မိန်းကလေးတွေကို ဖက်ပြီးနှစ်သိမ့်အားပေးခဲ့ပါတယ်။
ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုအားပေးခဲ့ပါတယ်။
credit – popolay
https://thadinyatkwat.com/archives/15382
No comments:
Post a Comment
Note: Only a member of this blog may post a comment.