CCTVထဲမှာ အက်ဆီးဒင့်ဖြစ်ဖြစ်ချင်း ခန္တာကိုယ်ထဲက ထွက်သွားတဲ့ ဝိဉာဉ်ကိုမှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ ဗီဒီယို(ရုပ်သံ)
ပရိတ်သတ်ကြီးရေ စက်တင်ဘာလက ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့အထူးဆန်းဆုံးယာဉ်တိုက်မှုတစ်ခုပါပဲနော်။ ဒီသတင်းဟာ ဝက်ဘ်ဆိုက်စ် တွေနဲ့ youtubeပေါ်မှာ အရမ်းကိုနာမည်ကြီးခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။သရဲတို့ ဝိဉာဉ် တို့ဆိုတာက အပြင်မှာတကယ်ရှိတယ်လို့ ဘုရားဟောထဲမှာပါရှိပေမယ့် လူဆိုတာက လက်တွေ့မယုံရရင် အရမ်းဖင်ပိတ်ငြင်းချင်ကြတဲ့သူတွေကအများသားပါနော်။ အဲ့တော့ ဒီvideoလေးနဲ့အဖြေရှာကြည့်ရအောင်ဗျာ။ အတုအယောင်ဟုတ်လားမဟုတ်လားဆိုတာကို ကျွမ်းကျင်ITပညာရှင်တွေစစ်ဆေးခဲ့ကြပြီးသားမို့ နိုင်ငံပိုင်သတင်းတွေထဲမှာတောင်ပါခဲ့ရပါတယ်နော်။နိုင်ငံပိုင်သတင်းတွေထဲမှာတောင်ပါခဲ့ရပါတယ်နော်။

ဒီအဖြစ်အပျက်ကတော့ မဆင်မခြင်နဲ့ ကားကိုဝိုက်ကွေ့တဲ့ သူနဲ့ မိမိလမ်းကအမှန်ဆိုပြီး ဆိုင်ကယ်ကို အရှိန်တင်မောင်းခဲ့တဲ့ လူနှစ်ယောက်ကြောင့်ဖြစ်ခဲ့ရတာပါ။ဒါပေမယ့်နောက်ဆုံးနစ်နာသူကတော့ ယာဉ်အငယ်ဖြစ်တဲ့ ဆိုင်ကယ်သမားကပဲ ကံဆိုးခဲ့ရတာပေါ့ဗျာ။ ကားကလွတ်ပြီဆိုပြီး ဝိုက်အကွေ့မှာ မျက်နှာချင်းဆိုင်ဘက်ကလာတဲ့ ဆိုင်တစ်စီးက အရှိန်ပြင်းပြင်းနဲ့ကားကိုဝင့်ဆောင့်ခဲ့ပါတယ်။ တစ်ယောက်ကတော့ ကင်မရာမြင်ကွင်းအပြင်ကိုရောက်သွားခဲ့တော့ ဘာဖြစ်မှန်းတော့မသိရပါဘူး။ ဒါပေမယ့် မန်နီလို့ခေါ်တဲ့နောက်တစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

ဆိုင်ကယ်ပေါ်ကလွင့်ထွက်လာတဲ့ ဆိုင်ကယ်မောင်းသမားဟာ ဓာတ်တိုင်ကိုအရှိန်နဲ့ဝင်ဆောင့်ပြီးနောက် ဘဝကူးခဲ့ရပါတယ်။ အဲ့နောက်မှထူးဆန်းတာတစ်ခုက ဝိဉာဉ်လို့ ဆိုရမယ့် ဝါးတားတားအရိပ်မဲမဲ ကြီးတစ်ခုဟာ သေဆုံးသူနားမှာပေါ်လာခဲ့တာကို CCTVမှတ်တမ်းထဲမှာ ကျောချမ်းဖွယ်တွေ့မြင်ရပါတယ်။ ဒါဟာ သေသူရဲ့ဝိဉာဉ်ပဲ ဖြစ်ပါတယ်။ ကမန်းကတန်းပြေးလာတဲ့လုံခြုံရေးတွေကလည်းထိုဝိဉာဉ်ကြီးကိုမမြင်ဘဲ ဝင်တိုက်မိတဲ့အခါ ထိုအရာက ဟိုယိုင်ဒီထိုးဖြစ်သွားတာကို မှတ်တမ်းထဲမှာတွေ့ခဲ့ရပါတယ်ပရိတ်သတ်ကြီးရေ။ကဲ… ဘယ်လိုပဲဖြစ်ဖြစ် ဒီvideoလေးကြည့်ပြီးရင် ဘယ်ပဲသွားသွားသတိရှိကြပါလို့ဆိုပါရစေနော်။

http://www.yeesayar.com/2018/12/cctv.html

No comments:
Post a Comment
Note: Only a member of this blog may post a comment.