ရန်ကုန်စက်မှုဇုန်များကို နိုင်ငံတကာစက်မှုဇုန်ဖြစ်အောင်ကြိုးပမ်းမည်
ရန်ကုန်တိုင်းက စက်မှုဇုန်တွေကို နိုင်ငံတကာ စက်မှုဇုန်တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က ရန်ကုန်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်း ၂၅ နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး စက်မှုဇုန်တွေဟာ တိုင်းအတွက် စီးပွားရှာပေးနေတဲ့နေရာ တွေဖြစ်လို့ နိုင်ငံတကာစက်မှုဇုန်ဖြစ်အောင် လုပ်မှာလို့လည်း ပြောပါတယ်။
“စက်မှုဇုန်တွေကို နိုင်ငံတကာ စက်မှုဇုန်တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆို စက်မှုဇုန်တွေက ကျနော်တို့ တိုင်းအတွက် စီးပွားရှာပေးနေတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေရဲ့ လုံခြုံစိတ်ချရမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီနေရာတွေအားလုံးဟာ မြို့တော်ကြီးရဲ့ ဂုဏ်အင်္ဂါတွေနဲ့ညီညွတ်အောင် ကျနော်တို့ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ မကြာခင် စက်မှုဇုန် အဆင့်မြင့်တင်ရေးကော်မတီကို စီမံခန့်ခွဲမှုကော်မတီတွေနဲ့ပေါင်းပြီး ဖွဲ့စည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။”
အစိုးရသစ် စတင်တာဝန်ယူချိန် ကာလထဲကနေ စက်မှုဇုန်တွေ စီမံခန့်ခွဲနေသူတွေကို တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပြီး ဘာတွေပြုပြင်ပြောင်းလဲသင့်လည်း ဆိုတဲ့အခြေအနေနဲ့ ပတ်သက် ပြီးတော့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ကူညီခဲ့တာရှိတဲ့အကြောင်းလည်း ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ အထူးစီးပွားရေးဇုန်သီလဝါနဲ့ စက်မှုဇုန် စုစုပေါင်း ၂၉ ခုထိ ရှိပါတယ်။
https://www.isabellaonlinemm.com/2919/?fbclid=IwAR01Rnhbf_GNFEHYAgKVS4olpjrbJj01eLyD4GzSDxdOEQuFjwh3BvxM57Q
No comments:
Post a Comment
Note: Only a member of this blog may post a comment.