Crush တဲ့သူတွေ ဆက် Crush လို့ရပါတယ်ဆိုတဲ့ လုလုအောင်
ခေးကြီးခေးကြီးလို့ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ လုလုအောင်ဟာဆိုရင် အရမ်းကိုကောက်ကြောင်းလှပတဲ့ခန္ဓာကိုယ်နဲ့ ပုရိသတွေကိုညို့ယူဖမ်းစားထားတဲ့ မော်ဒယ်လှလှလေးဖြစ်ပါတယ်။ လုလုအောင်ဟာ အခုဆိုရင် ပွဲတက်တွေလည်းဖိတ်ကြားခြင်းခံနေရပြီဖြစ်သလို ကြော်ငြာတွေလည်းရိုက်နေရပါပြီ။ လုလုအောင်က မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူမ ကြိုက်တဲ့ ဖက်ရှင်တွေနဲ့ New Year ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ပြောပြပေးသွားပါတယ်။
လုလုက လတ်တလောသူမကြိုက်နေတဲ့ ဖက်ရှင်တွေအကြောင်း “ဖက်ရှင်ကတော့ ပွပွလေးတွေပေါ့နော်။ ဒါပေမယ့်သိပ်မလိုက်ဘူးပေါ့နော်။ ခန္ဓာကိုယ်နဲ့ fit ဖြစ်တဲ့ဟာလေးတွေနဲ့ ပိုလိုက်တယ်လို့ထင်တယ်”လို့ ပြောပြထားပါတယ်။လုက သူမရဲ့ ခန္ဓာကိုယ်ကိုဘယ်လိုထိန်းသိမ်းဖြစ်တဲ့အကြောင်းတွေကို “ခန္ဓာကိုယ်ကတော့ fit ဖြစ်ရင်အဝတ်အစားဝတ်ရတာအဆင်ပြေတယ်ပေါ့နော်။ Body ကတော့ နည်းနည်းလျှော့တာပေါ့။ Body ထိန်းသိမ်းမှုကတော့ အများကြီးတော့မလုပ်ပါဘူး။ အစားလေးကိုနည်းနည်းလျှော့တယ်။ Exercise လေးလုပ်တယ်ပေါ့။အိမ်မှာပဲလုပ်တာပါ”လို့ ဖြေကြားထားပါတယ်။
ပရိသတ်တွေအရမ်းကြိုက်ကြတဲ့ Body ကို ကိုယ့်အနေနဲ့ဘယ်လိုမြင်မိလဲဆိုတာကို “Body က စားရင်စားသလိုတော့ ဖောင်းလာတာပေါ့နော်။အဲဒါကြောင့်လျှော့စားဖြစ်တယ်။ Body ကတော့ အဝတ်အစားဝတ်ရတာအဆင်ပြေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတယ်”လို့ ရင်ဖွင့်ထားပါတယ်။
လုက နှစ်သစ်ကူးကို သမီးလေးနဲ့ပဲဖြတ်သန်းဖြစ်မယ့်အကြောင်း “ဒီနှစ်သစ်ကတော့ သမီးနဲ့ပဲ မုန့်တွေလုပ်စားဖြစ်မယ်။ အကင်တွေကချင်ဆန်ပြုတ်တွေလုပ်စားပြီးတော့ပဲ ဖြတ်ကျော်မှာပါ”လို့ ပြောထားသလို သူ့ကို Crush နေကြတဲ့ ပရိသတ်ကြီးကို “Crush တဲ့သူတွေလည်း ဆက်ပြီး crush လို့ရပါတယ်”လို့ ဖြေကြားထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော လုလုကိုချစ်ကြလား။ လုကို ရုပ်ရှင်တွေရိုက်စေချင်နေကြပြီလား။ လုရဲ့ အနုပညာတွေကိုရော ဆက်လက်အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။
credit-Can’t Wait To Say
https://celemyinkwin.com/2018/12/26/crush-%E1%80%90%E1%80%B2%E1%80%B7%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%BC-%E1%80%86%E1%80%80%E1%80%B9-crush-%E1%80%9C%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%95%E1%80%AB%E1%80%90%E1%80%9A/
No comments:
Post a Comment
Note: Only a member of this blog may post a comment.