ဇန်နဝါရီ(၂၁)မှာ ထွန်းလင်းမယ့် “သွေးလွှမ်းလမင်း”သည် ကမ္ဘာပျက်စီးမယ့်နိမိတ်ဟုဆို…!
လာမယ့်(၂၀၁၉)နှစ်သစ် ဇန်နဝါရီ(၂၁)ရက် ညပိုင်းမှာ ကမ္ဘာ့နိုင်ငံအချို့မှာ သွေးရောင်လွှမ်းတဲ့ လမင်းကြီးကို မြင်ရဖို့ရှိနေပါတယ်။ အဲဒီဖြစ်စဉ်ကို Super Blood Moon Eclipse လို့ ခေါ်ဆိုပြီး လကြတ်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ လတစ်ခုလုံး လုံးလုံးလျားလျား သွေးရောင်ဖုံးမှာပါ။
အဆိုပါနေ့ဟာ မြန်မာပြက္ခဒိန်အားဖြင့် ပြာသိုလဆုတ် (၁)ရက်နေ့ဖြစ်ပြီး ဒီလို သွေးရောင်လွှမ်းတဲ့ လရဲ့အချင်းအရာဟာ နေဝင်ချိန်မှာ နေလုံးနီနီလိုပဲ ချင်းချင်းနီနေမယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စဉ်က ကမ္ဘာကြီးပျက်စီးမယ့်နိမိတ်လို့ နက္ခတ္တပညာရှင်အချို့က ဆိုပါတယ်။
လရဲ့ပုံစံဟာ အချိန်သုံးနာရီအတွင်းမှာ မူလပုံစံကနေ တဖြည်းဖြည်း သွေးရောင်သမ်းလာမှာဖြစ်ပြီး၊ နောက်ဆုံးအဆင့်မှာတာ့ လိမ္မော်-နီရောင် တောက်ပမယ်လို့ ဆိုပါတယ်။ ဒီလကြတ်မှုဖြစ်စဉ်ကို မြန်မာအပါအဝင် အာရှနိုင်ငံအချို့ကတော့ မြင်တွေ့ရဖို့ မရှိပါဘူး။
NASA ကတော့ ဒီလို လကြတ်ရာမှာ အရောင်ပြောင်းလဲခြင်းဟာ ကမ္ဘာအတွက် မည်သည့်သက်ရောက်မှုမှ မရှိကြောင်း ဆိုပါတယ်။ လပေါ်မှာ သက်ရောက်တဲ့ အရောင်တွေဟာ လေထုအတွင်း ရှိနေတဲ့ ဖုန်ထု၊ တိမ်တိုက်တွေပေါ်မှာ အများကြီး မူတည်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ (၂၁)မှာ ဖြစ်မယ့် လကြတ်ခြင်းဟာ Supermoon ဖြစ်စဉ်တစ်ခုဖြစ်လို့ လကို ယခင်ကထက် ပိုပြီးတောက်ပစွာ၊ ယခင်ကထက် ပိုပြီး ကြီးမားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လကို မူလအရွယ်အစားထက် (၁၄)%ပိုကြီးတာကို မြင်တွေ့ရမှာ ဖြစ်ပြီး၊ တောက်ပမှုကတော့ (၃၀)% ပိုမယ်လို့ သိရပါတယ်။
Credit:လင်းဇော်ကို (MyanmarNote)
No comments:
Post a Comment
Note: Only a member of this blog may post a comment.