ရတနာပုံတက္ကသိုလ်အနီး နောက်ဆုံးနှစ်ကျောင်းသား အသတ်ခံရမှု။ နောက်ဆက်တွဲ သတင်းများ
ရတနာပုံ
ရတနာပုံတက္ကသိုလ် အနီး ကန်ပတ်လမ်းတွင် ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရ၍ သေဆုံးမှု့ ဖြစ်ပွား
==========================
ဒီဇင်ဘာလ ၂၅ရက်နေ့၊၂၀၁၈ခုနှစ်အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်
အမရပူရမြို့နယ် ၊ရတနာပုံတက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်းအား အမည်မသိလူတစ်စုမှ ည(၇)နာရီ ခွဲ အချိန်ခန့်၌ ကန်ပတ်လမ်းတွင် ပိုက်ဆံအိတ်လုယက်ကာ ဓားဖြင့်ထိုးသွားသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ကုသနေစဉ် ည(၁၀)နာရီအချိန်ခန့်တွင်သေဆုံးသွားကြောင်း သိရှိရသည်။
ကျွန်ုပ်တို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အနေဖြင့် ကွယ်လွန်သူ မောင်စိုးမိုးဟိန်း၏ မိသားစုနှင့် ထပ်တူ ထပ်မျှဝမ်းနည်းရပါသည် ဆိုပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဖော်ပြထားပါတယ်။ Credit – ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
ထိုသတင်းနဲ့ ပတ်သတ်ပြီး မျက်မြင်သက်သေက ပြောပြချက်များကို အစ်မဝမ်းကွဲ ဖြစ်သူမှ ယခုလို ဖော်ပြထားပါတယ်။
“”” ကျွန်မမောင်ဝမ်းကွဲက ရန်ဖြစ်တာမဟုတ်ပါဘူး ပစ္စည်းလုယက်ချင်လို့ ဓားနဲ့၃ချက်ထိုး အသတ်ခံရတာပါ တရားမျှတအောင်လုပ်ပေးပါ။
ရဲစခန်းက ရဲကြေးနန်းက ရန်ဖစ်ရင်းဖစ်တယ်လို့မီဒီယာကို ပြောပီးအမှန်တရားကို ဖုံးကွယ်ချင်နေပါတယ်
ကျွန်မမောင် စိုးမိုးဟိန်း က ည၇နာရီအချိန်က သူ့ညီမလေးကိုသွားကြိုဖို့ အချိန်စောနေသေးလို့ သူ့ကောင်မလေးကို ချိန်းပြီး ဦးပိန်ကန်ဘောင်မှာ ထိုင်စကားပြောနေစဉ် maskဟုတ်ထားသော လူ၎ဦးက ဆိုင်ကယ်ပိတ်ရပ်ပီး ပထမဦးဆုံးကောင်မလေးကို ပါးစပ်ကိုပိတ်ပီး ဓားနဲ့အရင်ထိုးတယ်
ကောင်မလေးက ရုန်းတော့ မထိုးမိလိုက်ဘူး စိုးမိုးဟိန်းကို အနောက်က ၂ယောက်ကချုပ်ပီး တစ်ယောက်က ၃ချက်ထိုးပါတယ်။ ကောင်မလေးက ဝင်လုံးပါတယ် ဓားနဲ့ထိုးတဲ့သူရော ကောင်မလေးရော စိုးမိုးဟိန်းရော ကန်ရေစပ်ထိ လုံးကြသွားတယ်။
ပီးတော့ လုယက်သူတွေက ဆိုင်ကယ်သော့တွေဖုန်းတွေကိုရှာနေတုန်း ကောင်မလေးက အကူညီလှမ်းတောင်းတော့ အ့ကောင်မကိုပါ ပါးစပ်ပိတ်ပစ်လို့အပေါ်ကအကောင်က အော်တယ် ဘေးကလူတွေထွက်လာတော့ ဘာပစ္စည်းမှမယူပဲထွက်ပြေးသွားတယ် ဒါမျက်မြင်သက်သေဖြစ်တဲ့ကောင်မလေးရဲ့ ပြောပြချက်ပါ။
မောင်လေးကတော့ အသက်ဆုံးရှုံးလိုက်ရတယ် ရဲကတော့ ရန်ဖြစ်တယ်လို့ ကောက်ချက်ချနေတယ် မတရားတာတွေဖစ်သွားမှာကြောက်တယ် အသက်လဲဆုံးရှုံးပီးပါပြီ””” ဆိုပြီး သေဆုံးသွားတဲ့ ကျောင်းသားရဲ့ အစ်မဖြစ်သူမှ ရေးသားဖော်ပြထားပါတယ်။ Credit – Yadanar Yu Hlaing Kyu
အမှုစစ်ကို စစ်ဆေးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့မှ တရားခံ ဖမ်းဆီးရမိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Credit – YDNB Oway Channel
Unicode version
http://www.myanmarnews1.com/%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%B6%E1%80%AF%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%A1%E1%80%94%E1%80%AE%E1%80%B8-%E1%80%B1%E1%80%94%E1%80%AC/2018/12/26/?fbclid=IwAR03HljdvcuMMHghjHQZNV3ZFKIqzQBkkXxtARgugT-C1QGsFxPrRgpOvBk
No comments:
Post a Comment
Note: Only a member of this blog may post a comment.