Thursday, December 27, 2018
လွန်ခဲ့သည့် ၇နှစ်က ကျောက်ကပ်ထုတ်ရောင်း၍ iPh ဝယ်သောတရုတ်လူငယ် နာမကျန်းဖြစ်၊ ပုံမှန်ဘဝ ပြန်ရောက်ဖွယ်မရှိဟုဆို
ရှန်ဟိုင်း၊ ဒီဇင်ဘာ(၂၇)
By – KSM/MUNA
Ref; Seehua News
(Unicode)
ရှန်ဟိုင်း၊ ဒီဇင်ဘာ(၂၇)
ပြီးခဲ့သည့် (၇)နှစ်က နောက်ဆုံးပေါ် iPhone ဝယ်ယူရန် ကျောက်ကပ်တစ်လုံးကို ထုတ်ရောင်းခဲ့သည့် တရုတ် နိုင်ငံ Anhui မှ အမျိုးသားတစ်ဦး မကြာသေးမီက ကျန်းမာရေး မကောင်း၍ ဆေးကုသမှု ခံယူနေရသည်။
အဆိုပါ တရုတ်အမျိုးသားက ငွေကြေးမတတ်နိုင်၍ ငွေရပေါက်နည်းလမ်းတစ်ခုကို ရှာဖွေရင်း သူ၏ ကျောက်ကပ်တစ်ဖက်ကို ရောင်းချခဲ့သည်။ Xiao Wang ဆိုသူ ဖော်ပြပါ တရုတ်လူငယ်က အသက် ၁၇ နှစ်အရွယ်တွင် နောက်ဆုံးပေါ် iPhone 4 ကို ထွက်ထွက်ချင်း ဝယ်ယူခဲ့ပြီး နောက် ၇ နှစ်အကြာ အသက် ၂၄ နှစ်တွင် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး နာမကျန်းဖြစ်နေသည်ဟု Seehua သတင်းတွင် ဖော်ပြသည်။
မစ္စတာဝန်က iPhone ဝယ်ရန် မိဘများကို ပူဆာခဲ့သော်လည်း ဆင်းရဲသော မိဘများက ငွေကြေး မတတ်နိုင် ၍ သူ့ကို ဝယ်မပေးနိုင်ခဲ့ပေ။ ထိုအချိန်တွင် မစ္စတာဝန် ၏ အသိတစ်ဦးက လူသားတစ်ဦးအတွက် ကျောက်ကပ်တစ်လုံးရှိလျင် အသက်ရှင်ရန်လုံလောက်သည်ဟု ပြောကြားခဲ့ရာ ဝန်က ” ကျောက်ကပ်တစ်လုံးတည်းနဲ့ ကျနော့်အတွက် လုံလောက်တယ်။ ကျောက်ကပ်နောက်တလုံး ကျနော်ဘာဖြစ်လို့ လိုအပ်မလဲ။ ကျနော် အဲဒီကျောက်ကပ်တစ်လုံး မရောင်းလို့ ဘာဖြစ်လို့ မရရမှာလဲ” ဟု ပြောကြားခဲ့သည်။
ထို့နောက် တရုတ်လူငယ်ဝန်က ကျောင်းကပ်ရောင်းရနိုင်သည့် နေရာများကို လှည့်ပတ်ရှာဖွေခဲ့ရာ ကျောက်ကပ်ထုတ်ယူမှုများ လုပ်ဆောင်ပေးနေသည့် မြေအောက်ဆေးရုံတစ်ခုကို တွေ့ရှိခဲ့ပြီး ကျောက်ကပ်တစ်ဖက်ကို တရုတ်ယွမ်ငွေ ၂၂၀၀၀ ဖြင့် ရောင်းချခဲ့သည်။ သူနေထိုင်ရာ Anhui မှ ချန်ကျို့သို့ သွားရောက်၍ ခွဲစိတ်မှုခံယူကာ ကျောက်ကပ်တစ်လုံးကို ထုတ်ရောင်းခဲ့ပြီး ချက်ချင်းပင် သူလိုချင်သော iPhone 4 ကို ဝယ်ယူခဲ့သည်။
ကံဆိုးစွာဖြင့် ခွဲစိတ်မှုလုပ်ဆောင်ခဲ့ရာ နေရာတွင် သန့့်် ရှင်းမှု အလုံအလောက်မရှိခဲ့၍ မစ္စတာဝန်၏ ဒဏ်ရာမှာ ပိုးဝင်ခဲ့ရာမှ ပိုမိုဆိုးရွားလာစဉ်အခါမှသာ မိဘများ သိရှိခဲ့သည်။ အဆိုပါ တရုတ်လူငယ်မှာ နာမကျန်းဖြစ်နေသည့်အတွက် အချိန်အများစုကို အိပ်ယာတွင် လှဲနေခဲ့ရသည်။
ကျောက်ကပ်ထုတ်ခဲ့သည်မှာ ခုနှစ်နှစ်တာ ကြာခဲ့သည့်အချိန် မစ္စတာဝန်က ဆေးရုံသို့ တက်ရောက်ကုသခဲ့ရ၍ ကျောက်ကပ်မှာ အလွန်အမင်း ထိခိုက်နေပြီး ကောင်းစွာ အလုပ်မလုပ်တော့ပေ။ မိဘများမှာ ဆင်းရဲ၍ သားဖြစ်သူ ကျောက်ကပ်ဆေးရန် ငွေအင်အားမတတ်နိုင်ပဲ အခက်အခဲတွေ့ခဲ့သည်။
ကျောက်ကပ်ရောင်းချရာတွင် ပါဝင်သည့် ကြားပွဲစားနှင့် မြေအောက်တရားမဝင်ဆေးရုံကို ယခုနှစ်အတွင်း တရားစွဲဆိုခဲ့ရာ မစ္စတာဝန်တို့ မိသားစုမှ နစ်နာကြေးငွေအများအပြား ရရှိခဲ့သော်လည်း သူ့ကျန်းမာရေးမှာ ထိခိုက်ခဲ့ရသည့်အတွက် ပုံမှန်အတိုင်းပြန်ဖြစ်လာရန် မည်သည့်အရာကမှ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။
တရားရုံးက ပြည်သူများအနေဖြင့် ကျန်းမာရေးထိခိုက်စေမည့် အနေအထားဖြစ်စေသော ရောင်းချမှုများ မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ လွန်ခဲ့သည့် ခုနှစ်နှစ်က ကျောက်ကပ်ရောင်းချခဲ့သည့် မစ္စတာဝန်မှာ အသက် ၂၄ နှစ်အရွယ်ရောက်လာပြီ ဖြစ်သော်လည်း သာမန်လူတစ်ဦးအဖြစ် ကျန်းကျန်းမာမာ ပြန်ဖြစ်လာဖွယ် မရှိကြောင်း Seehua သတင်းတွင် ဖော်ပြသည်။
By – KSM/MUNA
Ref; Seehua News
https://www.myanmarupdatenews.com/2018/12/%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%81%E1%80%B2%E1%82%94%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%81%87%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC/
No comments:
Post a Comment
Note: Only a member of this blog may post a comment.
online shop registration
 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...
Popular
Contact Form
Name
Email *
Message *
Labels
ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)