မိုးအောင်ရင်ရဲ့မိဘတွေကို ဝေဖန်လိုက်တဲ့ မို့မို့မြင့်အောင်
Zawgyi
တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်မင်းသမီးကြီး မို့မို့မြင့်အောင်တော့ အနုပညာလောကမှာ သူကိုယ်တိုင်မွေးထုတ်ပေးထားတဲ့ မိုးအောင်ရင်ဟာဆိုရင် ထောင်၁၇နှစ်ကျရခြင်းနဲ့ ပတ်သက်ပြီး မိုးအောင်ရင်ရဲ့ မိဘတွေကို မီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ အပြစ်တင်ဟန်နဲ့ ပြောဆိုသွားခဲ့ပါတယ်။
မို့မို့မြင့်အောင်က “ကိုယ်ကတော့ မွေးခဲ့ရတဲ့ အမေတစ်ယောက်ဆိုတော့ ကိုယ်က ဝမ်းနဲ့လွယ်ပြီး မွေးတာ မဟုတ်ပါဘူး အနုပညာနဲ့ လွယ်မွေးရတာပေါ့နော်။ သူတို့အနုပညာလောကမှာ လူဖြစ်ဖို့အတွက် မျက်ရည်တစ်ပေါက်ကျပြီး ကိုယ်ကိုတိုင်နှိုက်ညှစ်ပြီး မွေးခဲ့ရတာပါ။ စဖြစ်ထဲက တော်တော် ခံစားရပါတယ် Lucky Sevenမှာ ငွေသွားပုံပေးထားရတယ် ကလေးအတွက် ချက်ကျွေးဖို့ တစ်ပတ်တစ်ခါစားစရာကအစ အကုန်လုံး သွားပို့ပေးတာပေါ့နော်။ သူ့မိဘတွေ ရောက်လာတဲ့ အခါကျတော့ နည်းနည်းလေးတော့ စိတ်တော့ နည်းနည်းတော့ လျော့သွားတာပေါ့နော်။ ဘာတွေဆောင်ရွက်ကြမလဲ ဘာတွေလုပ်ကြမလဲ ပိုမျှော်လင့်တာပေါ့နော်။ အများကြီးတော့လည်း မဖြစ်စေချင်ဘူးပေါ့။
ကလေးကတော့ အမှန်ပြောရရင် မိဘအုပ်ထိန်းမှုအောက်မှာ မရှိတော့ ကိုယ်ကလည်း ဆရာသမားဆိုပေမယ့် အမျိုးသမီးဆရာလေ အရမ်းကြီး လက်ပွန်းတတီးနေဖို့လည်း မဖြစ်သေးဘူးလေ။ ယောက်ျားလေးဆရာဆိုရင်လည်း ဆွဲထိုးလိုက်ရင် တစ်မျိုးပေါ့နော်။ အမှန်တော့ ဆွဲထိုးချင်တာပေါ့ မိဘရဲ့ အုပ်ထိန်းမှုကတော့ ပိုလိုအပ်တာပေါ့။ မိဘက နိုင်ငံခြားမှာပဲ နေတောု့လေးက အပေါင်းအသင်းဆိုတာတော့မှားတာပေါ့ ဒါပေမဲ့ ဘယ်သူဖြစ်ဖြစ်ပါ ကိုယ်သွားတို့မှာ ဖြစ်တာပေါ့။ ဒါပေမဲ့ ဒီလောက် နှစ်အများကြီး ဖြစ်ခိုင်းတယ်ဆိုတော့ ပိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ကလေးလေးကလေ အရက်တောင် မသောက်တတ်ပါဘူး။ စီးကရက်သောက်မယ်ဆိုရင် ဆရာရှေ့မှာတောင် မသောက်ရဲပါဘူး ကွယ်ရာမှာပေါ့။ အဲ့လိုအခြေအနေကနေ ဒီလိုရုတ်တရပ်ဖြစ်သွားတယ်ဆိုတော့ လန့်သွားတယ်။ ၃ ၄ရက်လောက်လည်း ခြောက်ခြောက်ခြားခြား ဖြစ်သွားတယ်။ ဒီဟာကြီးကို ရင်ဆိုင်ရမှာကြောက်လို့။ ကဲဖြစ်သွားပြီဆိုတော့လည်း ရင်ဆိုင်ကြရမှာပါပဲ ဒါပေမဲ့လေ ကလေးလေးက လိမ္မာတဲ့အတွက်ကြောင့် မိဘကို တကယ်တော့ လုပ်ကျွေးနိုင်တဲ့ သားလေးပါ။
သူညီမကျောင်းတက်တာက သူ့စရိတ်နဲ့ပါ ခြောက်လကို ဘယ်လောက် ပို့ပေးပါဦးဆို သူ့ခမျာအဲ့တာကို ရိုင်းရိုင်းစကားနဲ့ ပြောရမယ်ဆိုရင် ကျွန်ခံပြီး ငွေဆပ်ပြီးတော့ မိဘကို လုပ်ကျွေးပြီးတော့ ကလေးကို ကျောင်းထားပေးတာပါ။ တကယ်တော့ မို့သားလေးကလေ သူ့အနုပညာကွန့်မြူးဖို့ အချိန်မရလိုက်ပါဘူး။ ဒီအကြွေးကိုပဲ သူကုန်အောင် ဆပ်နေရရှာတာပါ။ အဲ့တော့ ဒီအကြွေးကုန်အောင်လို့ ကားတွေမှီအောင်လို့ အနုပညာကွန့်မြူးဖို့အချိန်မရဘဲ ဟိုဒါရိုက်တာနဲ့ဝင်ရိုက် ဒီဒါရိုက်တာနဲ့ ဝင်ရိုက်ရင်းနဲ့ပဲ Quality ကောင်းတဲ့ကားတွေ သူ့ခမျာ မထွက်ရရှာဘူး။ အဲ့တော့ အဓိက ဘာလဲဆိုရင် မိဘက အုပ်ထိန်းမှုအားလျော့နည်းသွားတာက တစ်ခု တကယ်ဆိုရင် ဇာတ်တွေရှာပေးမယ် အမေက ဒီဇာတ်လေး ကျွန်မသားကို ရိုက်ပါအုန်း ဆိုတာမျိုး တစ်ခါမှ မရှိဖူးပါဘူး။
ကလေးအတွက် သူတို့ကိုယ်တိုင်တောင်မှ ဒိုင်ယာရီရေးတာ အင်္ဂလိပ်လိုပဲ ရေးတာ အဲ့အတွက် မြန်မာဝထ္တုဖတ်ဖို့ဆိုတာ ခက်ခဲတယ်။ အဲ့မှာ အားနည်းချက်တွေက တစ်ဖြေးဖြေးများလာတယ်။ အဲ့တော့ ကလေးက ဘာဖြစ်လဲဆိုတော့ လူငယ်ဆိုတာက ငါရှာထားတဲ့ ပိုက်ဆံလေးနဲ့ ငါသွားရတယ်ကားလေးနဲ့ ရှုတင်ကို ငါဘယ်လိုအားလေးရှိတာ။ ငွေအားလေးရှိရင် လည်းအနုပညာအားလေးက မြှောက်တယ် သူကအဲ့အားလေးမရှိတော့ဘူး။ ရတဲ့ပိုက်ဆံက အကုန်လုံး မိဘအတွင်အကြွေးဆပ်ပေးရတယ် ညီမလေး ကျောင်းတက်ဖို့ ပိုက်ဆံပို့ပေးရတယ်ဆိုတော့ သူ့အတွက်က ဘာမှမရှိဘူး ပျော်ရွှင်မှုလည်း ကလေးအတွက်က မရှိတော့ အပေါင်းအသင်းမှားတဲ့ အခါမှာ နေရာယူမှု မှားသွားတာပေါ့။ ကိုယ်တွေကလည်း ကြားမှာ၃နှစ်လောက်ပေါ့နော် မတွေ့လိုက်တဲ့ အခါမှာနောက်မှ ဒီကောင်လေး ပိန်လှချည်လားပေါ့။
တစ်မိုးအောက် ရိုက်တဲ့ အခါကျတော့ ကိုယ့်သားမျက်နှာမှာ အဆီထမ်းတော့ တစ်မျိုးလေးတော့ Surprise တော့ဖြစ်သွားတယ်။ ကိုယ်ကတော့ သူ့အမေရှိတုန်းကတော့ အစာတွေခွံ့မုန့်တွေခွံ့ ကလေးကမိဘမရှိတော့လို့ ဒီလိုများ ပိန်သွားလားပေါ့ နောက်တော့မှ လမ်းကြောင်းလွဲမှားနေတာဆိုတဲ့ အခါကျတော့ ကိုယ်လည်း ဆရာတစ်ယောက်ဖြစ်တော့ ရင်ကျိုးရတာပေါ့နော် ဝမ်းနည်းတယ်ဆိုတဲ့ အဆင့်မှာ မဟုတ်ပါဘူး။ တကယ်ရင်ကျိုးတာပါ မို့သားလေးက Englishကိုလည်း အရမ်းကျွမ်းပါတယ်။ အဲ့တစ်ခုနဲ့ တစ်ချိန်မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ မို့မွေးခဲ့တာပါ။ သက်ထားတဲ့ အိုက်တင်လည်း ဗမာအိုက်တင်သင်တာမဟုတ်ပါဘူး။ international ဝင်အောင်လို့ကို သင်ပေးထားခဲ့တာပါ။ ဒါပေမဲ့ တွေ့ရာ ဒါရိုက်တာ ကြုံရာသူတွေနဲ့ ရိုက်ရတဲ့ အခါကျတော့ အိုက်တင်တွေက ခေါက်ရိုးကျိုးကုန်တာပါ။ တကယ်တမ်းဆိုရင် မိုးအောင်ရင်ကို မို့က ဒရမ်မာကြီးပဲ သင်ခဲ့တာပါ။ မျက်ရည်တောင်အတုနဲ့ မဟုတ်ပါဘူး လုံးဝအစစ်နဲ့ ငိုခဲ့တာပါ။ သို့သော်ငြားလည်း တကယ့်ဘဝ အချိုးအကွေ့မှာတော့ ဆရာသမားကတော့ လုံးဝမျက်ရည်စစ်နဲ့ ပေါက်ပေါက်ကြ ငိုခဲ့ရပါတယ်။
ဒီကိစ္စမတိုင်မီထဲက သားသား သားသားပိန်နေတယ် ဟုတ်ရောဟုတ်ရဲ့လား မေမို့ကို အမှန်တိုင်းပြောစမ်းသားသားလို့ ဆိုတော့ သူက ဆရာသမားကိုတော့ သူက မလိမ်တတ်ဘူး။မေမို့တဲ့ သားသားလုပ်တယ်တဲ့ သားသားမလုပ်ပါနဲ့ သားသားရယ်လို့ သားသား အရက်တောင် မသောက်တဲ့ဟာဘုန်းကြီးဆိုလည်း ဝတ်တယ် သားသား လူလိမ်မာလေး မိဘကို လုပ်ကျွေးနေတဲ့ သားသမီးတစ်ယောက်အနေနဲ့ အမှားဆိုတာ မေမို့ မရှိစေချင်ဘူး သားအဖေရှိတဲ့ အင်္ဂလန်ကိုပဲ သားလိုက်သွားလိုက်ပါဆိုတော့။ အတင်းလွှတ်တာ အဲ့လိုသွားလိုက်ရင် သူလွတ်သွားမှာ ဒီကွန်ယက်ကြီးထဲက သူလွတ်သွားမှာ။ မို့က အတင်းကို သွားခိုင်းတာ ရှေ့လဆိုသွား၊ အဲ့ရှေ့လကို မရောက်ဘဲနဲ့ ဒီလိုဖြစ်သွားတာပါ။ ခုဏက မမို့ပြောတဲ့ ဒုက္ခတွေကို သူခံခဲ့တယ် မိဘဒုက္ခ သူ့ညီမဒုက္ခ၊ ဒီအကျိုးတွေကို သူပြန်ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမှန်ပြောရရင်လေ နောက်ထပ်နှစ်အကြီးကြီးက သူများကြောင့် သူခံလိုက်ရတာပါ။ သူသုံးရင်တော့ သုံးမယ် ဒီလိုမျိုး လုပ်တဲ့ထဲမှာတော့ မပါပါဘူး။ သူအိမ်မှာ ဖြစ်ချင်သလိုဖြစ်တာ မိဘလူကြီး အုပ်ထိန်းသူမှ မရှိတာ လာပြီးနေချင်သလိုနေ တက်ချင်သလိုတက် ထားချင်သလိုထားမှာပေါ့နော်။ ဒါနဲ့ပဲ ကလေးက နောက်ထပ်၁၂နှစ်ဆိုတာကြီးက များလွန်းပါတယ်။
Credit – More From Nanmalgyi
https://www.isabellaonlinemm.com/2697/?fbclid=IwAR0N9NZ_5O-BtArq8WUgniZvk2lFEw9bhbPRkgS9E9vOkOQxRL1LIPStdAA

No comments:
Post a Comment
Note: Only a member of this blog may post a comment.