KG တန်းကလေးငယ်တစ်ဦးသားမယားပြုကျင့်ခံရ
Unicode
၆နှစ်အရွယ်KGတန်းခလေးငယ်(၁)ဦးအားသားမယားအ ဖြစ်ပြုကျင့်မှ ု ဘိုကလေးမြို့နယ် တွင်ဖြစ်ပွား ။ တင်နိုင်ထွန်း(လှိ ုင်သာယာ)၁၅.၁၂.၂၀၁၈ ရက်နေ့ ည ၁၁:၃၀ အချိန်ခန့်တွင်တရားလို ဒေါ်——–သည် နေအိမ်၌အိပ်နေစဉ် သမီး အငယ်ဆုံးဖြစ်သူ မ——–(၆)နှစ် kg တန်း ကျောင်းသူမှနာတယ် နာတယ်ဟုပြောပြီးအော်ငိုနေသဖြင့်
သမီးဖြစ်သူ မ——-(၆)နှစ်အား မေးမြန်းရာ ၎င်းနေ့ နေ့လည် ၁၂:ဝ၀ အချိန်ခန့်က သမီး ———-ကို ဘဘ ဝင်းနိုင် လုပ်တယ်ဟု ပြောသဖြင့် အကြောင်းဆုံမေးမြန်းကြည့်ရာသမီးဖြစ်သူ မ——(၆)နှစ်အား တစ်ရွာတည်းနေ ဦးဝင်းနိုင်(၄၉)နှစ် မှ မုန့်ဝယ်ကျွေးမယ် ဘဘနဲ့လိုက်ခဲ့ဟု ပြောဆိုပြီး ၎င်း၏နေအိမ် ခေါင်းရင်းဘက် ခြုံထဲသို့ခေါ်ဆောင်ပြီး ဘောင်းဘီဆွဲချွတ်ကာ သားမယားအဖြစ်ပြုကျင့်ကြောင်း
သမီးဖြစ်သူ မ——မှာ နာကျင်၍ငိုသဖြင့် မငိုရန်ပြောပြီး ဘောင်းဘီပြန်ဝတ်ခိုင်းကြောင် ပြောပြသိရှိရသဖြင့် မိဘအုပ်ထိမ်းမှ ုအောက်ရှိသမီးဖြစ်သူ မ——-(၆)နှစ် အား သားမယားအဖြစ်ပြုကျင့်သူ ဦးဝင်းနိုင်(၄၉)နှစ်အားအရေးယူပေးပါရန် တိုင်တန်ခဲ့ကြောင်း သိရှိရသည်။
တရားလို ဒေါ်——-မှတိုင်တန်သဖြင့် ဦးဝင်းနိုင်(၄၉)နှစ် (ဘ) ဦးမြသိန်း လယ်လုပ် ရွာသာအေးကျေးရွာဘုရားချောင်းအုပ်စု ဘိုကလေးမြို့နယ် နေသူအားဘိုကလေးမြို့မ ရဲစခန်းမှ ပ/၄၅၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှ ုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။Tin Naing Tun
No comments:
Post a Comment
Note: Only a member of this blog may post a comment.