ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ တွေ့ရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်တံခါးမြို့နယ်အနီး အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ တွေ့ရှိ
——– ——– ——-
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်တံခါးမြို့နယ်အနီး အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
——– ——– ——-
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်တံခါးမြို့နယ်အနီး အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုများ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။
ပဲခူးတိုင်း ဒေ သကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့အပိုင် အမြန်လမ်းပေါ်တွင် ဒီဇင်ဘာ ၂၆ ရက်၊ညပိုင်းတွင် တိုး ရစ်ကားပေါ်မှ ကျကျန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။
“ မနေ့ည ၉နာရီခွဲကားပေါ်ကနေ တိုးရစ်ကားပေါ်ကနေ အဲဒီပိုက်ဆံတွေ ထွက်ကျတာ။မြို့ချောင်း အမြန်လမ်းရဲစခန်းအပိုင်မှာ ကျခဲ့တာပါ “ ဟု ၄င်းကပြောသည်။
အဆိုပါ အမြန်လမ်း ၈၃ မိုင် ၆ ဖာ လုံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊အမေရိကန်ဒေါ်လာပုံတူ၁၀ရွက်ကို တွေ့ရှိခဲ့ကြောင်း မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက News Watch သို့ အတည်ပြု ပြောကြားသည်။
“အဲဒါကတော့ ဘယ်ကားက ကျခဲ့မှန်း မသိဘူး၊ ကောက်ရ တဲ့သူကကောက်ခဲ့ တာ။ ငွေစက္ကူပေါ်မှာ ကော်ပီဆိုတဲ့ စာပါတယ်။ စာရွက်ကို ကူး ထားတယ်။ မိတ္တူကူးပြီး ကော်ပီဆိုပြီး ရှေ့မှာရေးထားတော့ သူက အတုထဲမှာ အကျုံးမ၀င်ဘူး။စက္ကူရဲ့ အရုပ်အပေါ်မှာ ကော်ပီလို့ပါတော့ ငွေစက္ကူ အတုထဲမှာ တရားမ၀င်ဘူး။ ဒါက သုံးစွဲလို့လည်းမရဘူး” ဟု အဆိုပါ အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
အဆိုပါ ငွေ စက္ကူများကို တွေ့ရှိခဲ့သူက ဒီဇင်ဘာ ၂၇ ရက်က နံနက်၁၁နာရီခွဲအချိန်တွင် အမြန်လမ်းရဲတပ်ဖွဲ့သို့ လာ ရောက်အပ်နှံခဲ့သည့်အတွက် စခန်းမှ သိမ်းဆည်းထားကာ အထက်တာဝန်ရှိသူများကိုဆက်လက် တင်ပြထားကြောင်း သိရသည်။
crd :
News Watch
News Watch
http://thazinmedia.com/?p=2831&fbclid=IwAR2uyvJ4hdZsGXQBy4QVzNh0KaEIfmX5wKzOlXcqOsnxorcQDuwfg_JlSXE
No comments:
Post a Comment
Note: Only a member of this blog may post a comment.