တရေးနိုးတိုင်း ကလေးယူမယ် ဆိုပြီး ထထ ပြောတယ့် ရွှေထူးအကြောင်း ပြောလာတဲ့ ရွှေမှုံ
တရေးနိုးတိုင်း ကလေးယူမယ် ဆိုပြီး ထထ ပြောတယ့် ရွှေထူးအကြောင်း ပြောလာတဲ့ ရွှေမှုံ အနုပညာ ဇနီးမောင်နှံတွေ ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ဟာ လက်ထပ်ပြီးထဲက တဟောက်ကို တယောက် သိပ်ချစ်ကြောင်း status တွေ ကိုယ်စီနဲ့ တင်ပြီး ပရိတ်သတ်တွေကို အားကျစေခဲ့တဲ့ ဇနီးမောင်နှံပါ ။ လက်ထပ်ပွဲကို ရုတ်တရက် စီစဉ်ခဲ့ပြီး အနုပညာ အလုပ်တွေကို ပျက်ကွက်မှုတွေ ရှိခဲ့တဲ့ ရွှေမှုံရတီအပေါ်လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ် ။

ရွှေရွှေတို့ ဇနီးမောင်နှံကို ဘယ်ပွဲတက်တက် တတွဲတွဲနဲ့ မခွဲအတူ တွေ့မြင်ရပါတယ် ။ ပြီးခဲ့တဲ ၂ ရက်ကလည်း The Bridge Myanmar ရဲ့ ဖွင့်ပွဲကို နှစ်ယောက်အတူ တက်ခဲ့တဲ့ပုံတွေအရ ရွှေမှုံကို ကိုယ်ဝန်ရှိနေပြီလား လို့ မေးခွန်းတွေ အပေါ်မှာလည်း ရွှေမှုန်က “ ဝလာတာပါ အရင်တုန်းကလည်း ကိုရွှေထူးက အင်တာဗျူးတွေမှာ ဖြေဖူးပါတယ် ။ ခလေးကို ခလေး မယူခိုင်းသေးဖူး ဆိုပြီး ဖြေထားတာကို တွေ့ရပါတယ် ။

ပရိတ်သတ်တွေက ဗိုက်ပူနေတယ် ဆိုတဲ့ ကောမန်းတွေ အပေါ် ရွှေမှုံက ” ပရိတ်သတ်တွေ ဂယက်ကြောင့်ပဲလား မသိဖူး ။ အခု ကိုယ့်ကိုယ်ကို ဝနေတယ် ဆိုပြီး အစာမစားပဲ အရည်ပဲ သောက်ပြီး ဝိတ်ချနေတာ ၃ ရက်လောက် ရှိပါပြီလို့ ပြောလာပါတယ် ။ ရွှေထူးက ခလေး အရမ်း လိုချင်နေတာနဲ့ ပတ်သက်ပြီးတော့လည်း ရွှေမှုံက အခုလိုပဲ ဆိုလာပါတယ် ။

သူကတော့ မင်္ဂလာဆောင်ပြီး ထဲက ခလေးယူမယ်ပဲ တောက်လျှောက် ပြောတယ် ။ အခုအချိန်ထိလည်း ပြောတယ် ။ သူက ခလေး အရမ်း လိုချင်တယ် ။ သဲက ကျတော့ သူ့ကို ပြောပြတာပေါ့နော် ။ ဒီလို ဒီလိုလေးတော့ ရှိတယ် ။ အလုပ်ကိစ္စလေးတွေ ရှိတယ်လို့ ပြောတော့ ပြန်လိမ်မာ သွားပြန်ရော ။တအောင့်နေရင် ပြန်ထလာပြန်ရော ခလေး ယူမယ် ခလေး ယူမယ် ။ သူက တရေးနိုးတိုင်း ထထပြောနေတယ် လို့ မီဒီယာတွေနဲ့ တွေ့တုန်းက ပြောလာပါတယ် ။
credit-original uploader
https://celemyinkwin.com/2018/12/18/%E1%80%90%E1%80%B1%E1%80%9B%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%9A%E1%80%B0%E1%80%99%E1%80%9A/?fbclid=IwAR3y0lLuaL2yTK0wy_Qv4SoZzIFqmUlS7NEXLAe8FZ95daoRwtd_kkpAXEU

No comments:
Post a Comment
Note: Only a member of this blog may post a comment.