ကျားပေါက်ကို ကြောင်လို့လိမ်လည်ပြီး သယ်ဆောင်လာတဲ့ ဆယ်ကျော်သက် အဖမ်းခံခဲ့ရ
ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်း တစ်မနက်မှာ အမေရိကန်နိုင်ငံရဲ့အကောက်ခွန်အရာရှိတွေဟာ ကြောင်နဲ့တူတဲ့ သတ္တ၀ါတစ်ကောင်ကို ခရီးသည်တစ်ယောက်ရဲ့ အိတ်ထဲမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးရေးအရာရှိတွေက ကယ်လီဖိုးနီးယားကနေ မက္ကဆီကိုဆီသွားမယ့် Chevy Camaro ကားရဲ့ ခရီးသည်ခြေနင်းနေရာမှာ ယင်းသတ္တ၀ါလေးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
တရားရုံး အထောက်အထားတွေအရတော့ ကားရှေ့ခန်းထဲထိုင်နေသူ အသက်(၂၁)နှစ်အရွယ် Eriberto Paniagua ဆိုသူက ယင်းသတ္တ၀ါဟာ ကြောင်ပါလို့ အကောက်ခွန်အရာရှိတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့သတ္တ၀ါဟာ သာမန်အိမ်မွေးကြောင်တစ်ကောင်ထက် များစွာအရွယ်အစားကြီးပြီး အနက်စင်းလေးတွေနဲ့ ကျားပေါက်လေးတစ်ကောင်သာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ကျားပေါက်လေးဟာ (၄)ပတ်မှ (၅)ပတ်အတွင်းရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ ဘင်္ဂလားကျားလေးဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သွားတွေပေါက်လာတော့မှာဖြစ်ကြောင်း စစ်ဆေးသူတွေက ဆိုပါတယ်။ သူ့နာမည်ကိုတော့ မိုကာလို့ပေးထားပြီး အခုဆိုရင် ဆန်ဒီရေးဂိုးဆာဖာရီတိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိနေပါပြီ။
ကျားပေါက်လေးကို တရားမ၀င်တင်သွင်းလာသူကတော့ အသက်(၁၈)နှစ်အရွယ် ယာဉ်မောင်း Luis Valencia ပဲဖြစ်ပါတယ်။ သူ့ကို အမေရိကန်နိုင်ငံအတွင်း ရှားပါးတိရစ္ဆာန်တွေ မှောင်ခိုတင်သွင်းမှုနဲ့ ထောင်ဒဏ်(၆)လကျခံစေခဲ့ကြောင်း သိရပါတယ်။ Valencia ရဲ့ရှေ့နေဖြစ်သူကတော့ တရားခံ Valencia ဟာ ကယ်လီဖိုးနီးယားက သူ့အိမ်မှာ ကျားပေါက်လေးကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူထားချင်တာကြောင့် လူတစ်ယောက်ဆီကနေ ဒေါ်လာ(၃၀၀)နဲ့ဝယ်ယူလာခဲ့တာ ဖြစ်ကြောင်း တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
ဒါပေမယ့် Valencia ရဲ့ဖုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ ကျားအရွယ်အစားအမျိုးမျိုးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ မျောက်၊ ကျားသစ်နဲ့၊ ခြင်္သေ့တွေကိုရောင်းချပြီး ဒေါ်လာထောင်ချီရနေကြောင်း ကြွားဝါထားတဲ့စာတွေလည်း တွေ့ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်နေရာဖြစ်တဲ့ ကယ်လီဖိုးနီးယားနဲ့ မက္ကဆီကိုနယ်စပ်တစ်လျှောက်မှာ အကောက်ခွန်အရာရှိတွေက မကြာခဏဆိုသလို မှောင်ခိုတင်သွင်းလာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးရမိလေ့ရှိပါတယ်။ အသက်ရှင်လျက်နဲ့ အများဆုံးဖမ်းဆီးရမိတဲ့ သတ္တ၀ါလေးတွေကတော့ ကြက်တူရွေးနဲ့ တွားသွားသတ္တ၀ါတွေပဲဖြစ်ကြောင်း သိရှိရပါတယ
http://kyautthinpone.com/5289/?fbclid=IwAR0Fvm1jSnJQ6AU506wP66MjKKsXCxIdCQBjnpJjafbGgs3ZxP4VvnKhvY8
No comments:
Post a Comment
Note: Only a member of this blog may post a comment.