သမီးအရင်း ဖြစ်သူအား သားမယား ပြုကျင့်မှု့ဖြစ်ကာ ကိုယ်ဝန် ၇ လရှိနေ
သမီးအရင်း
သမီး အရင်း ဖြစ်သူအား သားမယား ပြုကျင့်မှုဖြစ်ကာ ကိုယ်ဝန် ၇ လရှိနေ
====================================
ဆီဆိုင်မြို့နယ် နောင်မွန်ရွာရွာ နားဆိုင်းရပ်မှနေထိုင်တဲ့ ခွန်မောင်စန်း (ခ) မူဆာ အသက် (38) နှစ်အရွယ်ရှိသူက အသက် ၁၄ နှစ် အရွယ် ရှိ သမီး အရင်း ကိုးတန်း ကျောင်းသူ အား သားမယားပြု ကျင့် ခဲ့တယ်လို့သိရသည်။
သမီးဖြစ်သူ မှာ ကိုယ်ဝန် ၇ လခန့့် ရှိလာတဲ့အတွက် ကျောင်း မှ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း အဆိုပါနောင်မွန်ကျေးရွာရှိ မူဆာရဲ့  အမျိုးတော်စပ်သူများနဲ့  နောင်မွန် ကျေးရွာ မှ ပြည်သူများက သိရှိပြီးဝိုင်းဝန်း ဖမ်းဆီးခဲ့ကြသည်။
မူဆာ နှင့် သမီးဖြစ်သူ တို့ ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက် သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ပုန်းအောင်းနေကြောင်း သတင်းရရှိသည်။
အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့  ရာအိမ်မှူးများ ဆီဆိုင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ နယ်ထိန်းတပ်ဖွဲ့ ဝင်များက ဒီကနေ့ အောက်တိုဘာလ (18) ရက်နေ့ ညနေ ၃ နာရီခန့် က မူဆာတည်းခိုနေသောအိမ်သို့ သွားရောက်ရှာဖွေ ဖမ်းဆီးပြီး သက်ဆိုင်ရာ နယ်မြေ ဘန်းယဉ် ရဲ စခန်းမှူး အားအကြောင်းကြားအပ်နှံပေးခဲ့ကြပါတယ်။
Htoo
Unicode version
http://www.myanmarnews1.com/%E1%80%9E%E1%80%99%E1%80%AE%E1%80%B8-%E1%80%A1%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%B0%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AC%E1%80%B8/2018/12/20/?fbclid=IwAR1bChhzWsvfl3rrb4QoDocF4_CVJu-FUlKkWkD9Gtq7R_sNyT5x-UyBSXY
No comments:
Post a Comment
Note: Only a member of this blog may post a comment.