နောက်ကနေ အမြဲလိုက်ချောင်းတဲ့ အမျိုးသားကို စက်မှုဇုန်ထဲခေါ်ပြီး လိင်အင်္ဂါဖြတ်ပစ်လိုက်တဲ့ အမျိုးသမီး
နောက်ကနေ အမြဲလိုက်ချောင်းတဲ့ အမျိုးသားကို စက်မှုဇုန်ထဲခေါ်ပြီး လိင်အင်္ဂါဖြတ်ပစ်လိုက်တဲ့ အမျိုးသမီး
အမြဲတစေ လိုက်ချောင်းတဲ့ အမျိုးသားကို စက်မှုဇုန်ထဲခေါ်ပြီး လိင်အင်္ဂါဖြတ်ပစ်လိုက်တဲ့ အမျိုးသမီး ။ နောက်ကနေ တကောက်ကောက်လိုက်ပြီး ချောင်းမြောင်း နှောက်ယှက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်အင်္ဂါကို ဓါးနဲ့ဖြတ်လိုက်တဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ AFP သတင်းက ဒီကနေ့မှာ ဖော်ပြပါတယ်။
အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသမီးဟာ အိမ်နီးနားချင်း ကောင်လေးနှစ်ယောက်နဲ့ ပေါင်းပြီး သူ့ကို လိုက်ချောင်းတဲ့ အမျိုးသားကို မွန်ဘိုင်းမြို့က လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ ခုလိုလုပ်လိုက်တာဖြစ်ပါတယ်။ဓါးနဲ့အဖြတ်ခံလိုက်ရတဲ့ အမျိုးသားဟာ ဆေးရုံမှာ ခွဲစိတ်ခုသမှု ခံယူခဲ့ရပါတယ်။
“ခဏခဏ နောက်ကနေလိုက်ပြီး ချစ်ရေးဆို နှောက်ယှက်တာတွေများလာလို့ ခုလိုလုပ်လိုက်တာပါဆိုပြီး သူက ဝန်ခံပါတယ်။ သူနဲ့ အပေါင်းပါ ကောင်လေးနှစ်ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်”လို့ ရဲအရာရှိ ဂဂျာနန် ကာဘူလီက AFP သတင်းဌာနကို ပြောပါတယ်။
သူ့ကို လိုက်ချောင်းနေတဲ့ အမျိုးသားဟာလည်း အဲဒီအမျိုးသမီးနဲ့ အိမ်နီးချင်းတွေ ဖြစ်ပါတယ်။လိင်အင်္ဂါအဖြတ်ခံလိုက်ရတဲ့ အမျိုးသားဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ကလေးနှစ်ယောက်ရှိတဲ့ အမျိုးသမီးကို အမျိုးမျိုးကြံစည်ဆွဲဆောင် ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပါတယ်။
ဒါကြောင့် အဲဒီအမျိုးသားဟာ အမျိုးသမီးရဲ့ ခင်ပွန်းဆီကိုသွားပြီး အမျိုးသမီးနဲ့သူ ချစ်ကြိုက်နေပြီလို့ ကုန်းတိုက်စကားသွားပြောခဲ့ပါတယ်။ သူ့ရဲ့ကုန်းချောစကားကြောင့် လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်တဲ့အထိ ဖြစ်ကုန်ပါတယ်လို့ ရဲအရာရှိ ကာဘူလီက AFP သတင်းဌာနကို ပြောပါတယ်။
ဒါကိုမကျေနပ်တဲ့ အမျိုးသမီးဟာ သူ့ကိုမရမက ချစ်ရေးဆိုနေတဲ့ အမျိုးသားကို မွန်ဘိုင်းမြို့က စက်မှုဇုန်တစ်ခုထဲကို ဖျားယောင်းခေါ်ယူပြီးတော့ အမျိုးသားရဲ့လိင်အင်္ဂါကို ဓါးနဲ့ဖြစ်ပစ်လိုက်တာဖြစ်ပါတယ်။
“ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ဓါးနဲ့ ပြတ်နေတဲ့ လိင်အင်္ဂါကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ သုံးယောက်စလုံးကို ဖမ်းဆီထိန်းသိမ်းထားပါပြီ”လို့ ရဲတပ်ဖွဲ့က ပြောပေမယ့် ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးနဲ့ အဖြတ်ခံရတဲ့ အမျိုးသားနာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
လိင်အင်္ဂါအဖြတ်ခံလိုက်ရတဲ့ အမျိုးသားကို ဆရာဝန်တွေက အားချင်းခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ရပြီး ခုအချိန်မှာ ပုံမှန်အနေထားကို ပြန်ရောက်နေပြီလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း တောင်ပိုင်း ကီရာလာပြည်နယ်မှာ အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့ အမျိုးသားကို အမျိုးသမီးတစ်ဦးက ခုလိုမျိုး လိင်အင်္ဂါကိုဖြတ်ပစ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံမှာ လိင်အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ စိတ်ပျက်ဖွယ်ရာ စံချိန်တင်ဖြစ်ပွားနေဆဲပါ။ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် ၂၀၁၆ ခုနှစ်က တစ်ရက်ကို ပျမ်းမျှ မုဒိမ်းမှုပေါင်း ၁၀ဝ ကျော်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Credit-shwemyanmar
http://www.yeesayar.com/2018/12/blog-post_456.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.