Live ဗီဒီယို။ သိန်းပေါင်း ၉ သောင်းကျော် ငွေကြေး လိမ်လည်တယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်နန္ဒမာလာ မှ Live လွှင့်ရှင်းလင်း
Live
Live video များ အောက်မှာ တင်ပေးထားပါတယ်
သိန်းပေါင်း ၉ သောင်းကျော် ငွေကြေး လိမ်လည်တယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်နန္ဒမာလာ မှ Live လွှင့်ရှင်းလင်း
မယ်တော်ကြီး ဒေါ်နန္ဒမာလာ ဆိုပြီး လူမှုကွန်ယက်မှာ နာမည်ကြီးပါတယ်
မကြာသေးခင်ရက်ပိုင်းကပဲ သေနတ်ကိုင်ထားတဲ့ ပုံနဲ့ လူမှုကွန်ယက်မှာ ပြန့်နှံပြီး လူသိပိုများလာပါတယ်
မင်္ဂလာဒုံမြို့နယ် ခရေပင်ရိပ်မွန်မှာ ဗေဒင်ဟောဟန်းဖွင့်ပြီး လူပေါင်းများစွာဆီကနေ ငွေကြေးတွေ လိမ်လည်ပြီး ထွက်ပြေးတိမ်ူရှောင်နေတယ်လို့ အွန်လိုင်းမှာ ပြန့်နှံနေပါတယ်
လိမ်သွားတဲ့ ငွေပမာဏဟာ စုစုပေါင်း သိန်းပေါင်း ၉ သောင်းလောက်ရှိတယ်လို့ ဆိုတယ်။
ရွှေကိန္ဒရီ ခရီးသွားလုပ်ငန်းက ဒေါ်နန္ဒမာလာထံက သိန်း ၂ ထောင်ရလိုမှုနဲ့ တရားစွဲတယ်လို့ သိရတယ်
ဒေါ်နန္ဒမာလရဲ့ နောက်လိုက် တပည့်တွေကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ အကြိမ်ပေါင်းများစွာ ပေးပိုခြဲ့ရသည့် ဝန်ဆောင်မှုအတွက် ကျသင့်တဲ့ ငေါ်ကြေးကို မပေးလို့ ကုန်ကျစရိတ် သိန်း ၂ ထောင် ရလိုမှုနဲ့ တရားစွဲတာပါ
မေလပိုင်းလောက်ကလည်း အမျိုးသမီး ၁ ဦးက သိန် ၂၅၀၀ ရလိုမှုနဲ့ တရားစွဲခဲ့ပါသေးတယ်လို့ သိရတယ်။
ဒေါ်နန္ဒမာလာက ငွေလိမ်ထားသူဦးရေး ၅၀ လောက်ရှိတယ်လို့လည်း ဆိုပါတယ်
ဒေါ်နန္ဒမာလာရဲ့ လူအမည်က ဒေါ်စောမြင့်ကြည်ဖြစ်ကာ ဂန့်ဂေါ့မြို့နယ် နမ်းခါးရွာ ဇာတိလို့ သိရတယ်
အကြားအမြင်ဆရာဆိုပြီး နာမည်ကြီးပါတယ်
ကိစ္စအဝဝနဲ့ ပတ်သတ်ပြီး live လွှင်ဖြေရှင်းတာကို နားဆင်ကြည့်ပါ
No comments:
Post a Comment
Note: Only a member of this blog may post a comment.