ကမ္ဘာ့အချောဆုံး Lee မျိုးနွယ်ကိုရီးယားမင်းသားတွေ
CELEBRITY, ENTERTAINMENTOctober 19, 2018

ကိုရီးယားမင်းသားတွေကတော့ တစ်မျိုးတစ်ဖုံစီချစ်စရာကောင်းကြချောကြတာပါပဲ။ ဒါပေမယ့် တစ်ကမ္ဘာလုံးကလက်ခံထားတဲ့အဖြစ်မှန်တစ်ခုကတော့ လီမျိုးနွယ်မင်းသားတွေက ပိုပြီးချောကြတယ်ဆိုတာပါ။ ပရိသတ်ကြီးအတွက် ကမ္ဘာ့အချောဆုံး လီမျိုးနွယ်ကိုရီးယားမင်းသားတွေကိုဖော်ပြပေးလိုက်ပါတယ်။
Lee Seunggi
မြေခွေးမလေးကိုယ့်ချစ်သူဇာတ်ကားထဲက မျက်နှာချိုချိုနဲ့မင်းသားလေးကိုလူတိုင်းမှတ်မိကြမယ်ထင်ပါတယ်။ ဒီမင်းသားလေးရဲ့နာမည်ကတော့ Lee Seunggi ဖြစ်ပါတယ်။ Lee Seunggi ဟာ လီမျိုးနွယ်ဝင်မင်းသားတွေထဲမှာတော်တော်လေးချစ်ဖို့ကောင်းပြီးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
Lee Byunghoon
အခုအချိန်မှာတော့ အသက်လေးဆယ့်ရှစ်နှစ်ဖြစ်ပြီး ဦးလေးကြီးအရွယ်ရောက်နေပြီဖြစ်တဲ့ လီဗြောင်ဟွန်းက အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ တစ်ကမ္ဘာလုံးက မိန်းကလေးတွေရဲ့အသည်းကိုဆွဲကိုင်ယူထားတဲ့ မင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ Lee Byung Hoon ပါဝင်တဲ့ Iris,Beautiful Days စတဲ့ ရုပ်ရှင်တွေကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့ပြီးအခုထိကို ဦးမှဦးဖြစ်နေတဲ့ မြီးကောင်ပေါက်မလေးတွေကိုပိုင်ဆိုင်ထားဆဲပါ။
Lee Min Ho
တစ်ကမ္ဘာလုံးကပရိသတ်တွေအရူးအမူးစွဲလန်းရတဲ့ လီမင်ဟိုကတော့ ပြောစရာမလိုအောင်နာမည်ကြီးပြီးဖြစ်သလို အသက်နဲ့မလိုက်အောင်နုနယ်ငယ်ရွယ်ချောမောတဲ့မင်းသားတစ်ဦးပါပဲ။ ခပ်ချေချေဘဝင်မြင့်မြင့်နဲ့မာန်တက်နေတဲ့ ဘီလီယံနာအထက်တန်းကျောင်းသားလေးကာရိုက်တာနဲ့ပရိသတ်တွေရင်ထဲကို ရောက်လာခဲ့တဲ့ လီမင်ဟိုလေးဟာ နောက်နှစ်ပေါင်းများစွာကြာတဲ့တိုင်လည်း ထိပ်တန်းမင်းသားအဖြစ်တည်ရှိနေဆဲပါပဲ။
Lee Jong Ki
ပရိသတ်တွေအရူးအမူးစွဲလန်းခဲ့ရတဲ့ အီဂျီမဲအဖြစ်သရုပ်ဆောင်ခဲ့တဲ့၊ My Girl ဇာတ်ကားထဲမှာ ကောင်မလေးကိုပေးဆပ်ခြင်းနဲ့ချစ်ခဲ့တဲ့ ဒုတိယမင်းသားအဖြစ် မျက်ရည်ဝဲစရာသရုပ်ဆောင်ခဲ့တဲ့ လီဂျွန်ကီလေးဟာ အခုအချိန်မှာ အသက်အနည်းငယ်ကြီးနေပြီဖြစ်ပေမယ့်လည်း စွဲမက်ဖွယ်ချောမောနေဆဲ၊ တည်ကြည်သန့်ပြန့်တဲ့ရုပ်ရည်နဲ့ အာရှတိုက်ရဲ့ထိပ်တန်းမင်းသားတွေစာရင်းမှာပါဝင်နေဆဲပါ။ Lee Jong Ki ဟာ အခုလတ်တလောကမှ Lawless Lawyer ဆိုတဲ့ စီးရီးထွက်ရှိထားခဲ့ပြီး ပရိသတ်အားပေးမှုတော်တော်များများရှိခဲ့ပါတယ်။
Lee Dong Wook
သေမင်းဦးလေးကြီးကို မမေ့ကြသေးဘူးထင်ပါတယ်။ My Girl ဇာတ်လမ်းတွဲရဲ့ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပရိသတ်တွေရင်ထဲမှာနေရာယူထားခဲ့ပြီး ညှို့အားပြင်းတဲ့မျက်ဝန်းတွေနဲ့ အသက်ကြီးလည်းချောနေဆဲဖြစ်တဲ့ Lee Dong Wook ကို မိန်းကလေးတစ်ရာမှာကိုးဆယ့်ကိုးယောက်က စွဲလန်းကြတယ်ဆိုရင်ပိုအံ့မထင်ပါဘူး။ ဒါတောင် ကျန်တဲ့တစ်ယောက်မျက်မမြင်ဖြစ်နေလို့ဖြစ်မှာ။ ဦးလေးကြီးဟာ လီမင်ဟိုရဲ့ရည်းစားဟောင်း ဆူဇီနဲ့ခဏတာတွဲလိုက်သေးပြီးနောက်ပိုင်းလမ်းခွဲလိုက်ပါတယ်။ ဦးမှာအခုတော့ ချစ်သူမရှိသေးပါဘူးတဲ့။
Lee Jong Suk
ကောင်မလေးလိုချောမောလှတဲ့ Lee Jong Suk ကိုတော့ ပရိသတ်တော်တော်များများက ကလေးလေးလို ချစ်စနိုးနဲ့ချစ်ကြတာပါ။ အပြစ်ကင်းစင်တဲ့မျက်နှာလေးနဲ့ Pinocchio မင်းသားလေးက တအားကြီးငယ်တော့တာမဟုတ်ပါဘူး။အသက်သုံးဆယ်လောက်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချစ်ဖို့ကောင်းတုန်း ကလေးလေးလိုချောတုန်းပါပဲ။ Jong Suki လေးက မကြာသေးမီက While You Were Sleeping ဇာတ်လမ်းတွဲနဲ့ပရိသတ်အားပေးမှုအကြီးအကျယ်ရရှိထားတဲ့မင်းသားလေးလည်းဖြစ်ပါတယ်။
အခုပြောပြသွားတာတွေကတော့ ပရိသတ်တွေချစ်တဲ့ ကမ္ဘာကျော် Lee မျိုးနွယ်မင်းသားတွေပဲဖြစ်ပါတယ်။ ဒီမင်းသားတွေထဲက ဘယ်သူ့ကိုအချစ်ဆုံးလဲ။ ဒီထဲမှာမပါတဲ့ လီမျိုးနွယ်ချောချောလေးတွေတွေ့ရင်လည်း comment မှာပြောပြခဲ့ကြဦးနော်။
Can’t Wait To Say
No comments:
Post a Comment
Note: Only a member of this blog may post a comment.