ဆေးရုံကြီးအအေးတိုက်မှ အသုဘရုပ်အလောင်းကို ထုတ်ယူလာပြီး သေဆုံးသူရဲ့အိမ်သို့ပို့လိုက်သောအခါမှာ…
အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ရှေ့ကိုနာရေးကားရောက်လာတော့
မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား
အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်
အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ရှေ့မှာပဲအလောင်းပြင်ပေးပါနော်တဲ့
” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့.
အာ်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… ဟုတ်ကဲ့ ဆရာ အပြင်မှာပဲပြင်ပေးပါတဲ့…ကောင်းပါပြီအမ ကျွန်တော် တို့ အမတို့စိတ်တိုင်းကျ အပြင်မှာပဲအလောင်းပြင်ပေးပါမယ် ငိုတဲ့သူကငိုကြတယ် ကျွန်တော်တို့လဲ လုပ်စရာရှိတဲ့ကိစ္စအဝဝကိုဆောင်ရွက်ပေးပြီး ကူညီပေးခဲ့ပါပြီ…
အသုဘအလောင်းပြင်ပြီး အပြန်ကားပေါ်မှာ ကျွန်တော် အသိအမှန်တရားတစ်ခု ချက်ချင်း ရလိုက်ပါတယ် အဲ့ဒါက ဘာလဲဆိုတော့….. အော်…. ငယ်စဉ်တောင်ကျေးကလေးဘဝကနေ လူလားမြှောက်အောင် ပညာတက်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ဖေဖေ …
နေပူထဲမှာလှုပ်ရှားရုန်းကန်ပြီး သားသမီးတွေမျက်နာမငယ်ရအောင် ကျွေးမွေးပြုစု ရှာဖွေ စောင့်ရှောက်ခဲ့ရတဲ့ ဖေဖေ… သားသမီးတွေအတွက်ဆို မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ ဖေဖေ… အိမ်ထောင်ဦးစီး သူတော်ကောင်းကြီး ဖေဖေ… ဖေဖေ ရယ် … အခု ဖေဖေ သေဆုံးသွားတော့ အိမ်ထဲတောင်အဝင်မခံတော့ဘူး ဖေဖေရယ်
အိမ်ထောင်ဦးစီး ဖေဖေ ရုန်းကန်ရှာဖွေပြီး စုဆောင်းကာ ဖေဖေဆောက်ခဲ့တဲ့အိမ်လေး အခု ဖေဖေ ဂေါင်းချဖို့တောင် နေရာမရှိတော့ဘူး ဖေဖေရယ်… ဖေဖေ ကျွေးမွေးပြုစု စောင့်ရှောက် ခဲ့တာ နစ်ပေါင်းများစွာပါ ဖေဖေ အခုတော့… နောက်ထပ် ၅ရက်နေရင် ဖေဖေကို အိမ်ကနေ သားသမီးတွေက ရာသက်ပန်နင်ထုတ်တော့မှာ ဖေဖေရယ်
ဖေဖေ ချွေးနည်းစာလေးနဲ့ပိုက်စံစုပြီး လိုအပ်ရင် အရန်သင့်ဖြစ်အောင် သားသမီးတွေအတွက် ရည်ရွယ်ကာ ဝယ်ထားတဲ့ ဖေဖေ ရွှေလက်စွပ်လေး အခုဖြုတ်ယူသွားကြပြီ ဖေဖေရယ်… ဖေဖေတမလွန်ကိုသွားတော့ ပုဆိုးအဟောင်းလေးနဲ့ အကျီအနွမ်းလေး ဖေဖေအတွက်ဆိုပြီး ထည့်ပေးလိုက်ပြီနော် ဖေဖေ
ရပ်ကွက်ကအဝင်မခံဘူးပြောရအောင် ရပ်ရွာကောင်းကျိုးသာရေး နာရေးတွေ ဆွမ်းလောင်း အသင်းတွေ ပါဝင်ပြီး ဦးဆောင်ဦးရွက်တက်အားသရောကုသိုလ်ယူပြုလုပ်ခဲ့တဲ့ ဖေဖေ… အခု ဖေဖေ ကိုတောင်အဝင်မခံတော့ဘူး ရပ်ကွက်နာတယ်တဲ့ တရားရဲ့လားဖေဖေရယ်… ဖေဖေ ပေးခဲ့တဲ့ မေတ္တာတရားတွေကတန်ဖိုးမဖြတ်နိင်အောင် ကြီးမားလှပါတယ် ဖေဖေရယ်
နောက်ဆုံး ဖေဖေရလိုက်တဲ့အရာတွေက တန်ဖိုးနည်းလိုက်တာ ဖေဖေ ဖေဖေ… ရယ် လောဘ ဒေါသ မောဘ တွေပြည့်နှက်နေတဲ့ လူ့လောကကြီးက ကိလေသာအပူမီးတွေ တောက်လောင်နေတာပါ။ ဒါန သီလ ဘာဝနာ တွေကသာ ဖေဖေ နောက်ပါမှာ ကောင်းရာသုဂတိမှာ ဖေဖေ ပျော်မွှေ့ပါစေနော်
ကိုယ်သိပ်ချစ်ပါတယ် ချစ်ပါတယ် ဆိုပြီး ပါးစပ်ကလေးနဲ့မိဘကျေးဇူးတရားတွေကို တန်ဖိုးမဖြတ်လိုက်ကြပါနဲ့
မိဘကျေးဇူးကို မဆပ်မိကြလို့ သေခါမှနောင်တမရမိကြလိုက်ပါနဲ့နော်
ဤစာသားလေးကို မိဘကျေးဇူးနင့် အယူသီးမှုတွေကိုပါပပျောက်အောင် ကျွန်တော်ရင်ထဲကခံစားချက်လေးနဲ့အတူရေးသားပြီး မျှဝေပေးလိုက်ပါရစေ
ကျော်ဇင် (မန္တလေးသား)
စာရေးသူကို လေးစားစွာ credit ပေးပါတယ်
https://thadinyatkwat.com/archives/14555
No comments:
Post a Comment
Note: Only a member of this blog may post a comment.