ခြိမ့်ကေကိုနဲ့နမ်းနေတဲ့ပုံကို ဖြေရှင်းလိုက်တဲ့ Lady Boyလေး စစ်ပိုးအိမ်
https://nanmalgyi.com/archives/49986
ခြိမ့်ကေကိုနဲ့နမ်းနေတဲ့ပုံကို ဖြေရှင်းလိုက်တဲ့ Lady Boyလေး စစ်ပိုးအိမ်
ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဘနားနားလို့ လူသိများတဲ့ ခြိမ့်ကေကိုကို ကောင်မလေးချောချောလေး တယောက်နမ်းနေတဲ့ ပုံတွေ ဖေ့ဘုတ်ပေါ်တွေမှာ ပျံနှံ့လာခဲ့ပါတယ်။ ခြိမ့်ကေကို နမ်းနေတဲ့ ကောင်မလေးကတော့ အခြားသူမဟုတ်ပါဘူး ပရိသတ် အားပေးလက်ခံထားတဲ့ Ladyboy တယောက်ဖြစ်တဲ့ စစ်ပိုးအိမ်ဖြစ်ပါတယ်။ စစ်ပိုးအိမ်ကတော့ Ladyboy လို့ လက်ခံရလောက်တဲ့ အလှကို ပိုင်ဆိုင်ထားပြီး လုံးဝကို မိန်းကလေးတယောက်အတိုင်းပါပဲ။ ယင်းဓါတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို စစ်ပိုးအိမ်ကိုတော့ ဖြေရှင်းပေးခဲ့ပါတယ်။
စစ်ပိုးအိမ်ကတော့ MC 7 နဲ့ အင်တာဗျူးတွင် “ဒီပုံလေးတင်ပြီးတော့ နာရီပိုင်းလောက်အတွင်းမှာ တော်တော်ကို ပျံနှံ့သွားတာပါ။ မီဒီယာတွေကလည်း သူတို့အလုပ် သူတို့ လုပ်ကြတယ်လို့ ထင်ပါတယ်။ သူတို့က ပိုပြီးတော့ ရွေးချယ်တတ်ပါတယ်။ ခြိမ့်ကေကိုနဲ့ တူတူရိုက်ဖြစ်တာက MTV မှာတူတူတွေ့ပြီး ဒီလိုပဲ ရိုက်ဖြစ်သွားတာပါ။ တွေ့တဲ့အချိန်မှာ ထူးထူးခြားခြားလေး တခုလောက် ရိုက်ကြမယ်ဆိုပြီး ရိုက်ဖြစ်သွားတာပါ။ ဒါပေမယ့်လည်း အဲ့လိုမျိုး ရိုက်ဖို့ စီစဉ်လိုက်တာက ပိုးကိုယ်တိုင် စီစဉ်လိုက်တာပါ။
သူကလည်း အဲ့လိုရိုက်တဲ့အချိန်မှာ ပိုးကိုနမ်းပါဆိုတာတောင် မနမ်းရဲဘူး။ ဒါပေမယ့်လည်း နောက်ဆုံးမှာ ရိုက်ဖြစ်သွားတာပါ။ ပထမတော့ အဲ့ပုံလေးက တင်ရင်ကောင်းမလား မတင်ရင်ကောင်းမလားဆိုပြီးတော့ စဉ်းစားနေတာပေါ့။ ပြီးတော့မှ ရိုက်ကွင်း အမှတ်တရ ပုံလေးတွေကို တင်ရင်း နောက်ဆုံးမှာ တင်လိုက်ပါမယ်လေဆိုပြီးတော့ တင်လိုက်တာပါ။ ပြီးတော့ ပုံကြည့်တဲ့သူတွေအနေနဲ့ နောက်ဆုံးပုံအထိ ကြည့်စေချင်လို့ တမင်ရေးလိုက်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ပြောနေကြတာ စနောက်ကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ တကယ်လည်း မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲလေ။
တကယ်တမ်းဆို သူနဲ့ ညီမနဲ့က ရိုက်ကွင်းမှာမှ ဆုံဖူးတာပါ။ ပြီးတော့သူက ပိုးတို့ထက်တောင်မှ နာမည်ကြီးသေးတယ်။ အရင်တုန်းကလည်း ဦးသိန်းတန် ကိစ္စနဲ့ အင်တာနက်ကပဲ သိခဲ့တာလေ။ အပြင်မှာလည်း တခါမှ မဆုံဖူးဘူး။ ရိုက်ကူးရေးမှာမှ စဆုံဖူးတာပါ။ အပြင်မှာတွေ့လိုက်တော့ ရိုက်ကူးရေးမှာ ပြောနေကြတာတွေနဲ့ ဆန့်ကျင်ဖက်ပါ။ အပြင်မှာ ဒီမောင်လေးက ရိုးသားတယ်။ ရိုရိုကျိုးကျိုးလေးပဲ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းပါတယ်။ မန့်တွေကလည်း စနောက်ပြီး မန့်နေကြတယ်လို့ ထင်ပါတယ်။
စိတ်ပူစရာတော့ မလိုသေးပါဘူး။ ပိုးက အချစ်ရေးဆို ကံမကောင်းတာများတယ်။ အခုထိလည်း တယောက်ထဲပဲ။ ပိုးရဲ့သူငယ်ချင်းတွေကလည်း ပြောကြတယ်။ ခြိမ့်ရဲ့ အကောင့်တုတွေကလည်း စာတွေကို လူစိတ်ဝင်စားအောင် ရေးပြီး တင်ထားတာကြောင့် လူတွေ ဆဲကြတာပေါ့။ လူတွေကတော့ ပြောကြမှာပဲ။ Page အတုတွေကလည်း ပြောကြတယ်။ လူတွေကလည်း မစဉ်းစားပဲပြောကြတယ်။ လူတွေ တော်တော်များများကလည်း သူတို့အလုပ်တွေမှာ အဆင်မပြေတော့ ဖေ့ဘုတ်ပေါ်မှာပဲ ဖြေနေကြလား အောက်မေ့ရတယ်။ အခုဆို ကိစ္စတခုကို သေချာကြည့်မယ့်အစား ဆဲမယ်ဆိုမယ်ဆိုတာကြီးပဲ။ အရမ်းဆိုးတာတွေတောင် တွေ့ရပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
https://nanmalgyi.com/archives/49986
No comments:
Post a Comment
Note: Only a member of this blog may post a comment.