အပြာဇာတ်ကားသရုပ်ဆောင် အမျိုးသားများ ဂျပန်တွင် လိုအပ်လျှက်ရှိနေကြောင်းသိရ

အပြာဇာတ်ကားထုတ်လုပ်ရေးအပိုင်းမှာ ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေတဲ့ ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်ကတည်းက သရုပ်ဆောင်လိုအပ်ချက် မပြည့်မီလို့ အခက်အခဲတွေ ကြုံနေရကြောင်း သိရပါတယ်။ သရုပ်ဆောင်လိုအပ်ချက်မှာ အထူးသဖြင့် အမျိုးသားသရုပ်ဆောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ Porn Industry တွေမှာ အမျိုးသားအပြာသရုပ်ဆောင်တွေ ရှားပါးမှုကြောင့် လက်ရှိအချိန်မှာ ဇာတ်ကားအထွက်ကျဲတာတွေ၊ သရုပ်ဆောင်စာရိတ် ကြီးမားတာတွေစတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ လက်ရှိအချိန်မှာ အမျိုးသားအပြာသရုပ်ဆောင်တစ်ဦးဟာ တစ်လလျှင် ဒေါ်လာ (၂)သောင်းလောက်အထိ ဝင်ငွေရှိနေပါတယ်။

နာမည်ရ အပြာသရုပ်ဆောင်တွေကတော့ ဒေါ်လာ (၂၅၀၀၀)လောက်အထိ ဝင်ငွေရှိနေပြီး၊ အမျိုးသမီးသရုပ်ဆောင် လိုအပ်ချက်ကတော့ မရှိသေးဘူးလို့ သတင်းတွေအရ သိရပါတယ်။ အီမရီအိုကာဇာကီကဲ့သို့ နာမည်ရပြီး အမျိုးသမီးအပြာသရုပ်ဆောင်တစ်ဦးရဲ့ဝင်ငွေဟာ တစ်လမှာ (၁၆၈၀၀၀)အထိ ရှိတယ်လို့ Dailymail က ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ King Of Porn လို့ အမည်ရထားတဲ့ Shimiken က အပြာလုပ်ငန်းခွင်မှာ အမျိုးသားသရုပ်ဆောင်တွေ လိုအပ်နေတယ်ဆိုတာကို သူရဲ့တွစ်တာကနေ ကြေညာခဲ့တာဖြစ်ပြီး၊ လုပ်ကိုင်လိုသူတွေအနေနဲ့ သူ့ကို ဆက်သွယ်နိုင်တယ်လို့လည်း အဲဒီပို့စ်မှာ ဖော်ပြထားပါတယ်။
သူရဲ့ဖော်ပြချက်အရ ဂျပန်မှာ တစ်လလျှင် အပြာဇာတ်ကား (၄၀၀၀)ကျော် ထုတ်လုပ်နေပြီး၊ အပြာမင်းသမီး (၁၀၀၀၀)မှာ အမျိုးသားအပြာသရုပ်ဆောင် (၇၀)သာလျှင် တစ်လှည့်ဆီတွဲပြီး ရိုက်ကူးနေရတာမို့၊ အမျိုးသားအပြာသရုပ်ဆောင်အရေအတွက်ဟာ ဘင်္ဂလားကျားကောင်ရေထက် ရော့နည်းနေတယ်လို့ ဆိုပါတယ်။
Shimiken ရဲ့ နာမည်အရင်းဟာ Shimizu Ken ဖြစ်ပြီး၊ (၁၉၉၈)ခုနှစ်ကတည်းက အပြာသရုပ်ဆောင်လောကကို ဝင်ရောက်လာသူပါ။ သူဟာ (၄)နှစ်အတွင်းမှာ ဇာတ်ကားပေါင်း (၁၂၀၀)နီးပါး သရုပ်ဆောင်ခဲ့ပြီး၊ အခုဆိုရင် ထွက်ရှိပြီး အပြာဇာတ်ကား (၅၀၀၀)ကျော်နေပြီလို့ သိရပါတယ်။
လင်းသူရိန် (MyanmarNote)
https://www.luckymyanmar.com/archives/24736?fbclid=IwAR03tQoSaBN8KoPePh9ko3PMsvqjoI-AcDFWEDgca03LjsRk-2owH4WOq4E
No comments:
Post a Comment
Note: Only a member of this blog may post a comment.