Sunday, January 20, 2019

၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း

၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း

22128
50KSHARES
၂၀၁၉ ခုနှစ် တစ်နှစ်တာ ကြာသပတေးသားသမီးများအတွက် ဟောစာတမ်း
ကြာသပတေးသားသမီးတို့သည် ယခုနှစ်တွင် မိမိဘဝကို မိမိဘာသာ ကိုယ်ထူးကိုယ်ထ ကိုယ်ဖာသာကိုယ် တစ်ကိုယ်တော်ရုန်းကန်ရမည်နှစ် တစ်ပါးသူအပေါ် အားကိုယ်၍ မရတတ်ပါနှစ်ကာလဖြစ်ပါတယ် ။အိမ်နေချင်စိတ်မရှိဘဲ စိတ်လေလွင့်ရာ ထွက်ပေါက်ရှာပြိး တဇွတ်ထိုးလုပ်ချင်ရာလုပ်ပြိး ဒုက္ခရောက်တတ်သည် ။ ဘာသာတရားများများလုပ်ပေးရင် မိမိစိတ်တည်ငြိမ့်ပြိး ကံကောင်းလာပါမည် ။ စီပွားရေးကိစ္စများနှင့်ပက်သက်၍ အယူအဆအမှားများနှင့် ရင်ဆိုင်ရမည်။ စွန့်စားလုပ်ကိုင်ရသော လုပ်ငန်းများကို မကြာခဏလုပ်ကိုင်ရတတ်သည်။
မိသားစု၊မိတ်ဆွေ၊ပတ်ဝန်းကျင် မိမိကဘယ်လောက်စေတနာနှင့်လုပ်ပေးလုပ်ပေး ကျေးဇူးတင်မခံရပါ။အလကားနေရင် အမုန်းပွား၊စိတ်ညစ်နေရမည်။ထိုပြင် လုပ်ငန်းခွင်တွင် အကြံအစည်းအသစ်များ မည့်သည်လုပ်ငန်းမဆို သစ္စာဆို တိုင်တည့်ပြိး ရဲ့ရဲ့ဝံ့ဝံ့နှင့် ယုံကြည်စွာ လုပ်ကိုင်ပါ အောင်မြင်မှုပန်းတိုင်သည် မိမိလက်တစ်ကမ်းသို့ ရောက်ရှိနေပါမည်။ လူချစ်လူခင်ပေါများမည်။ အထက်တန်း အကြီးအကဲပုဂ္ဂိုလ်များ မိမိအားအလေ့ထား ချီမြှင့် မ,စခြင်းကိုခံရတတ်သည်။ စည်းကမ်းစနစ်တကျ လုပ်ကိုင်ရမည်။ကာယလုပ်သားဖြစ်ပါက မိမိလုပ်အားခ အပြည့်ဝရရှိမည်။ အခွင့်အလမ်း အထူး ရရှိလိမ့်မည်။ သို့သော် မိမိဘဝနစ်မွန်းခံရတတ်သည်။ ပညာရှိသူတော်ကောင်း ပုဂ္ဂိုလ်များကို အမြဲစည်းကပ်၍ ပညာရပ်များ အကြံဥာဏ်များ ရယူပါ ။ငွေးကြေး ခိုင်မာမှု ရရှိအောင် အဘက်ဘက်မှာ ကြိုးစားရမယ်။ ငွေးကြေး ဖောင်းပွာခြင်းကို အထူးစီစစ် အရေးယူ ဆောင်ရွက်မှု ရှိတတ်သည်။ လူမူရေးနှင့် အလုပ်စီးပွား၌ အပျော်အပါးနှင့် လောင်းကစာတို့ကို အထူးရှောင်ကြဉ်ရမည်
ယခုနှစ်တွင် 2019ခု * 1လ၊ 7လ၊ 10လ၊ *များတွင် ကြာသပတေးသားများ ကံကောင်ခြင်းနှင့် အကျိုးပေး လဖြစ်သည်။ အကြံကောင်းဥာဏ်အကူအညီကောင်းရခြင်းများကြုံတတ် ပါသည်။ ရွှေငွေပစ္စည်းများဝင်ကိန်းရှိသည် ။ စပ်တူရှယ်ယာကိစ္စများအကျိုးပေးမည်။ အိမ်မြေခြံအသစ်ဝင်ကိန်းရှိသည်။ စိန်စက်အင်္ဂါနံပစ္စည်းမဝယ်ပါနှင့်။မြေ၊ ပရိဘောဂ အိမ်အလှဆင်တန်းဖိုးကြီး ပစ္စည်းများဝင်လာမည်။ အလုပ်အကိုင်သစ်ပြောင်းလဲဖို့ ဆုံးဖြတ်ထားသူတွေကတော့ ရှေ့တိုးလုပ်ဆောင်သင့်ပြီ ။ လုပ်ငန်းရှင်ရဲ့ ချီးကျူးခံရခြင်းနှင့် လက်ရှိနေရာကနေ့ အမြင့်သို့ တတ်ရောက်ခွင့် အခွင့်အလမ်းများ သတင်းကောင်းများ ကြာရလိမ့်မယ်။ ယာဉ်မောင်းနှင်းခြင်း၊ စီးခြင်းများ ဂရုစိုက်ရမည် နှစ်ဖြစ်သည်။ ဆိုင်ကယ်၊ ကား၊ ယာဉ်မောင်းသမားအထူး ဂရုစိုက်လိုက်ပါ။
အဖမ်းခံရခြင်း၊ ငွေဒဏ်၊လူဒဏ်နှစ်ခုလုံး ဒဏ်ဆောင်ရသလို့ မိမိစက်ယာဉ်အခိုးခံရခြင်း၊ လုယှက်များလည်းကြုံတွေ့ရတတ်သည်။ အမွေအနှစ်များ ဖြေရှင်းရတတ်သည်။ ခရီးသွားလာရာတွင် ကျန်းမာရေး ဖောက်ပြန်မှုများနှင့် ကြံတွေ့ရတတ်သည်။ ယခုနှစ်တွင် 2019ခု * 2လ၊ 3လ၊ 5လ၊ *များတွင် ကြာသပတေးသားများ အကျိုမပေး လူယုံသတိထားပေးပါ။ သွားသူကိုင်သူလာသူမနာလိုမူလေးတွေရှိနေပါတယ်။(သတိထားပေးပါ) အဲဒါကြောင့် ကိုယ်ဘာလုပ်တယ်ကိုယ်ဘာကိုင်တယ်သူများသွာပြီးမတိုင်ပင်ပါနဲ့။ စပ်တူးရှယ်ယာလုပ်ငန်းမလုပ်ပါနဲ့ နှစ်ယာက်,သုံးယောက်စပ်တူးရှယ်ယာ လုပ်ငန်းလုပ်မယ်ဆိုရင်လုံးဝအကျိုးမရှိပါဘူးဒါကြောင်မလုပ်ပါနဲ့ ။
ဘယ်လုပ်လုပ်ဘာဘဲကိုင်ကိုင်အဆင်မပြေဖြစ်နေတတ်၍ စီးပွားရေးကြောင်စိတ်သောကကျုံနေရတတ်သည်။ (2)လ,(3)လ အတွင်းမှာငွေဝင်ကိန်းရှိနေပါတယ်။ ဒါပဲမယ်ငွေက မိမိလက်ထဲမှာဝင်ဖြစ်မှာမဟုတ်ပါဘူး။ အဝင် အထွက် ရေလိုထွက်နေတတ်သည်။ မိမိကိုယ်ကို ယုံယုံကြည်ကြည် အလုပ်လုပ်ပါ အောင်မြင်လာပါမည်။ အလုပ်စီးပွားရေးနှင့် လှုမူရေးတွင် စိုးရိမ်းလွန်ခြင်း၊ အားနာတတ်ခြင်းတို့ကို ရှောင်ကြည်လျက် စိတ်တည်ငြိမ်ပြိး ဆုံးဖြတ်ချက်မှကန်လျင် အောင်မြင်မူများရရှိမည်။ စက်ပစ္စည်းနှင့်ထိခိုက်ဒဏ်ရာရတတ်သည်။ မိမိလုပ်ငန်းခွင့် မိမိနာမည် မိမိသဘောထားကို အလွှဲသုံးစားလုပ်ခြင်း ခံရတတ်သည်။
စီးပွားရေးဂဏ္ဍ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည့်ကာလဖြစ်သည်။ (၁၄.၆.၂၀၁၉)မှစ၍ လုပ်ငန်းခွင်တွင် အကြံအစည်းအသစ်များဖြင့် ဆောင်ရွက်ရမည်။ အစုရှယ်ယာလုပ်ငန်းများ၊ ငွေးကြေးကိစ္စရပ်များချေးဌားခြင်း၊ ဖုန်းအပိုပစ္စည်းနှင့် စက်သုံးဆီးရောင်းဝယ်ခြင်း၊ အိမ်တွင်းလုပ်ငန်း၊ရေသန့်စက်အပိုပစ္စည်း ရောင်းဝယ်ခြင်းများ အကျိုးမြတ်ရရှိမည့်နှစ်ဖြစ်သည်။ ပြည်တွင်၊ ပြည်ပခရီးသွားလာခြင်းများ ပြုလုပ်ရမည်။ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊
ကွန်ပျူတာဆက်စပ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများရောင်းဝယ်ခြင်း၊ ကျောက်မျက်ရတနာတူးဖော်ရောင်းဝယ်ခြင်းကောင်း၏။ မိခင်ဘက်မှဆွေမျိုးများ၏ ကျန်းမာရေး ကိစ္စရပ်များတွင် ကူညီပံ့ပိုရခြင်းများကြုံတွေ့ရမည်။ ယခုနှစ်တွင် တနင်္လာ၊ သောကြာ၊ တနင်္ဂနွေနေ့သားသမီးများနှင့် မည့်သည့်ကိစ္စမဆိုဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိမည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍပျိုရွယ်သူများအချစ်ရေးနှင့်ပက်သက်ပြိး စံပွင့်နေလိမ့်မည်။ ပျိုရွယ်သူများ လုပ်ငန်းတူ အသွားအလာတူသောနေရာမှာ ချစ်သူရည်စားတွေ့ရတတ်သည်။ မေတ္တာရေးကံကောင်းပြိး မိမိရည်မှန်းထားသောချစ်သူများနှင့်မေတ္တာရည်းများ၍ အိမ်ထောင်တစ်စုတည့်ထောင်ရလိမ့်မည်။ တစ်ဖက်သတ်အချစ်ရေးမျိုးများနှင့်ကြုံတွေ့ရတတ်သည်။ လူပျို ၊ အပျို များဖြစ်ပါက မိမိအားထားရပြုရသော ချစ်သူအိမ်ထောက်ဖက်ဖူးစာရှင်ကို တွေ့ရတတ်ပြိး ဘဝရှေ့ရေး တိုးတတ်မှု ရရှိနိုင်ပါတယ် ။ ကြာသပတေးသားသမီးများ အိမ်ထောက်ဘက်နေနံ ၁နွေ၊ စနေ့၊ သောကြာ စီးပွားတိုးတတ်ခြင်း၊ အစိုးရာဝန်းထမ်းအချင်းချင်း ထဲက အိမ်ထောင်ပြုရခြင်း၊ အချစ်အိမ်ထောင်ရေးသာယာရခြင်း၊အသိုင်းအဝိုင်းဆွေမျိုး
ကူညိမစခံရခြင်း၊အမွေနှစ် ကားစက်ယဉ်ကြီးများ ရခြင်း၊နိုင်ငံရပ်ခြား မင်္ဂလာကိစ္စများပြု လုပ်ရခြင်း၊ငွေအလုံးအခဲရခြင်း၊စုဆောင်နိုင်မှုများ အစစကံကောင်းပါလိမ့်မည်။ 2ဂဏန်း, 3ဂဏန်း,5*ဂဏန်းရက်မွေးဖွားသူများ အများအားဖြင့်တော့ ရှေ့ ၆လတွင် အချစ်ရေး/အိမ်ထောင်ရေးမှာ သာယာပျော်ရွင့်ဖြတ်သန်းရသလို့ နောက်လဝက်တွင် အချစ်ရေးဒုက္ခ/အိမ်ထောင်းရေး သောအပူမီး သိုက်မြိုက်ပြိး ရှင်ကွဲကြုံ အနည်းအများ များသောအာဖြင့် ကြုံ တွေ့ရလိမ့်မည်။ အိမ်ထောင်ရှင်များအနေဖြင့် မိမိမိသားစုအပေါ် သစ္စာစောင့်ထိန်းသင့်သော ကာလဖြစ်၍ အလို့လို့နေရင်း အိမ်ထောင်သည့်များ စံပွင်နေတတ်နှစ်ကာလမို့ပါ၊အထူး မင်းစိုးရ ဝန်ထမ်းများနှင့် လုပ်ငန်းရှင် အိမ်ထောင်ရှင်များ ပို့သတိထားရမည်နှစ်ဖြစ်သည်။ အပူလာကပ်သူများကြောင့် ကိုယ်စိတ်နှစ်ပါး ပူလောင်ရတတ်သည်။ အိမ်ထောင်ရေးတွင် အထင်လွှဲခံရတတ်သည်။ ပတ်ဝန်းကျင်ကြောင့် အိမ်တွင်းရေး စကားများရတတ်သည်။ အိမ်ထောင်ရေးတွင် စိတ်ကသိကအောက်ဖြစ်တတ်သည်။ ဇနီး၊ခင်ပွန်း၊သားမယားများအတွက် ငွေကြေးကုန်ကျမှုများရှိမည်။အိမ်ရာအတည်အကျမနေရခြင်း၊
ခဏခဏပြောင်းနေရတက်ခြင်း၊ အရွယ်ရောက်သော သားသမီးများ၊ဘာသာခြားများနှင့်အိမ်ထောင်ကျတာ၊ ရှင်ကွဲ၊ သေကွဲ ကွဲတာမျိုး ဖြစ်ရတက်ပါသည်။ ဘာသာခြားနှင့် ဖူးစားစုံခြင်း အိမ်ထောင်ရေ အချစ်ရေးမှာ မိဘ ဆွေမျို မောင်နှမဆွေမျိုး အသိုင်းအဝိုင်း မပြတ်မသားအခြေအနေများ များပြားတတ်၊ သဘောမတူ အနှောက်အယှက်၊ အဖျက်အစီး၊ စိတ်သောက အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရတတ်သည်။အချစ်ရေး/အိမ်ထောင်ရေးမှာ အကောင်းအဆိုး ဒွန်တွဲ ကြိုးစားကျော်လွှာရလိမ့်မည်။
ပညာရေးဂဏ္ဍ ဥာဏ်ပိုင်ဆိုင်ရာပညာရပ်များ တီထွင်ဆန်းသစ်သောပညာရပ်များ သင်ယူသင့်သည်။ ထူးချွန်အောင်မြင်လာလိမ့်မည်။ ပညာရေးမြှင့်တင်ခြင်း ၊ စာကြည့်တိုက်၊ စာအုပ်၊ စာပေဂဏ္ဍအလေးထား ဆောက်ရွက်ရတတ်သည်။ အသက် ၅ နှစ်မှ ၁၉နှစ် အတွင်း နှင့် အသက် ၂၄၊ ၂၆၊ ၂၇၊ ၄၀၊ ၄၁နှစ် ပိုင်းခြား ၄၄ကျော် အထက်ပိုင်းများ ကံကောင်းပါလိမ့်မည်။ ကျန်နှစ်ပိုင်းခြားတွေ့ကတော့…ယခုနှစ် စိတ်နှစ်ခွ စိတ်နှစ်မျိုး ဖြစ်နေတတ်သည်။ ပညာရေး ဆည်းဖူးနေသူများလည်း ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတတ်သည်။ သို့သော်အသက်မွေးကြောင်းအတွက် ဘဝရပ်တည့်ရေးအတွက် ဦးစာပေး လုပ်ကိုင်ရတတ်သည်
ပညာရေး နှင့် အချစ်ရေးများ ရော့ထွေးနေခြင်းများကြုံတွေ့ရတတ်သည်။ မိမိရည်မှန်းချက်အတွက် အပျော်အပါးလိုက်စားမှုများ ရှောင့်ကြဉ်ပေးပါ။ သူငယ်ချင်းများ၏ ဆွဲဆောင်မှုကြောင့် လူမှုရေးပြဿနာများ ရှုပ်ထွေးလာစေနိုင်သည်။ ကျန်းမာရေးဂဏ္ဍ ကျန်းမာရေးတွင် မျက်စိရောဂါ၊ ဗိုက်အောင့်၊ လေနာခြင်း၊ အရေပြားရောဂါဖြစ်တတ်သည်။ အထူးသဖြင့် ကျန်းမားရေးဂရုစိုက်ပါ။ သောကမီးများ ဝန်ရံလာတတ်သဖြင့် အမှားအယွင်းယွင်း ဖြစ်တတ်သည်။ ဆေးစားမှားခြင်း၊ ဆေးကုသရာတွင် အနာတခြား ဆေးတခြားဖြစ်နေတတ်သည်။ကြာသပတေးသားသမီးများ ကံကောင်းစေလိုသော်….. အနောက်တောင်အရပ်မှာ ဇရပ်ဆောက်လှူခြင်း၊ အမိုးအကာ ပြုပြင်ခြင်း နှင့် ဘုရားစေတီဟောင်းဆေးသုတ် ပြုပြင်ခြင်းများ ကုသိုလ်ပြုပါ၊ ဒါန်းပင် စိုက်ပါ။အရှေ့မြောက်အရပ် လမ်းဘေးဝဲယာတွင် ထနောင်းပင် စိုက်ပါ။ အဝါရောင် အဆင်းရှိသော ဥဿဖရား ရတနာဝတ်ဆက်ဆင်း။
ကြာသပတေးသားသမီးများ ထီးထိုရန် အရှေ့အရပ်ရှိ ထီဆိုင်မှာ (စ၊ ဆ၊ အ၊ ပ)အက္ခရာ နှင့် (၅- စ,- ၉- အလယ်,-၀-အပိတ်) ထီးထိုးခြင်းနှင့် တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးများနဲ့ စပ်တူထီးထိုးသင့်သည်။ ဆောင်ရွက်စရာကိစ္စများ ➖ ယခုနှစ်တွင် ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် ဘုရားတွင်(မောရသုတ်) ရွတ်ဆိုပြိး ပုတီး(၅)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* အဝါရောင်၊ ဆင်စွယ်ရောင်၊ အစိမ်းနုရောင် * အဝတ်အထည်မျာဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။အကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ (စ၊ ဆ၊ အ၊ ပ)(၅- ၈- ၉- ၀) ယတြာ ➖ မိမိမွေးနေ့တွင် အုန်းညွန့်(၉)၊ ပိတောက်ညွန့်၊ မာလာကာညွန့်(၉)ညွန့်တို့ကိုပေါင်းပြိး ဘုရားတွင် လှူပေးပါ။ ယို(၅)မျိုး ဆွမ်းတော်ကပ်လှူပေးပါ။ သရက်သီး၊ သလဲသီး၊ သဘောင်္သီးများကို ဆွမ်းတော်ကပ်လှူပေးပါ။အရှေ့အရပ်ရှိ ဘုရားတွင် ထီး၊ တံခွန်၊ ကုက္ကား၊ ယပ်တောင်များ လှူပေးပါ။ ဘုရားတွင်(မောရသုတ်) ရွတ်ဆိုပြိး ပုတီးစိပ်၊ အဓိဌာန်ဝင်ခြင်းများဆောက်ရွက်ပေးပါ။

UNICODE FONT


https://www.everytimestory.com/knowledge/19015/

No comments:

Post a Comment

Note: Only a member of this blog may post a comment.

online shop registration

 မှတ်ပုံတင်ပုံ အဆင့်ဆင့်ကို ပုံများဖြင့် မျှဝေပေးလိုက်ပါတယ်နော် အသေးစိတ်ကတော့ Live လေးမှာ နားထောင်ကြည့်ပါရှင် ☺️ Live Link : https://fb.watc...

Popular

Contact Form

Name

Email *

Message *

Labels

ADS (417) Alcatel (3) All winner (3) Androd Xiaomi (255) Android Antivirus (6) Android application (15) Android Command (3) Android Coolpad (39) Android Font (61) Android Game (2) Android Google Application (13) Android Huawei Imei Repair (1) Android Huawei Y series (6) Android kingo root (4) Android MTK Driver (6) Android Samsung (17) Android Samsung A series (26) Android Samsung C series (5) Android Samsung E series (5) Android Samsung G series (82) Android Samsung Hard reset (7) Android Samsung I series (7) Android Samsung Imei repair (6) Android Samsung J series (66) Android Samsung Multi file (1) Android Samsung N series (34) Android Samsung P series (2) Android Samsung Root (8) Android Samsung S series (10) Android Samsung SC series (6) Android Samsung Solutions (3) Android Samsung T series (3) Android Tool (238) Antivirus (7) AOTO (6) AOVO (8) Aplus (6) Archos (1) Asus (6) Attila (14) BenWee (2) BLU (1) Bluemix (2) Book (5) book eng (1) book med (11) Boss style (1) box (2) Bravo (2) browser (3) Browser Adobe Flash Player (1) Browser Firefox (1) CAZSH (1) Cherry (5) China Phone (73) CircleTech (2) CKTEL (1) Ding Ding (2) Download best (17) Education Make up (5) emmc (1) Entertainment (5) Facebook (2) films (1) Finance (2) Firmware Collection (23) FRP (62) Funny (3) GFIVE (3) Gionee (4) Grand (1) HAIWEI (3) Hardware (16) Hello (40) Hisense (17) Hiway (2) Hopo (22) HTC (7) Huawei A series (25) Huawei B series (13) Huawei board software collection (14) Huawei C series (43) Huawei Clone (18) Huawei D series (3) Huawei Driver (1) Huawei E series (17) Huawei emmc data (1) Huawei F series (7) Huawei Flashtool (45) Huawei G series (51) Huawei H Series (8) Huawei J series (1) Huawei K series (3) Huawei L series (18) Huawei M series (5) Huawei N series (3) Huawei P series (10) Huawei R series (5) Huawei region code (3) Huawei S series (10) Huawei T series (10) Huawei U series (8) Huawei Update (104) Huawei V series (11) Huawei W series (3) Huawei Y series (56) I Mobile (1) ILOVFA (11) IMEI repair (13) imobile (1) Infinix (1) Infone (1) Inovo (38) ios firmware (3) ios icloud (4) IOS itune (8) IOS Itune Error (1) ios news (10) IOS Tool (10) IPhone Clone (22) K Touch (3) Kenbo (10) Kimfly (47) Kismo (3) KKP (19) knowledge (38) Lava (8) Leagoo (1) Leagool (2) LeEco (1) Leegoog (19) Lenovo (12) LG (5) Liven (23) LoLo love (14) M-Horse (11) magic (2) MAI (11) Marconi-W50E (1) MBO (97) MCT (2) medical knowledge (5) Meizu (58) MFT (4) MGT (33) mi account remove (55) Micro Art (2) mine (1) Momo (7) movies (12) MP3 (2) MPT (5) MyPhone (22) Newings (3) Nipda (3) Nokia (10) Nova (7) Open (1) Oppo (162) Oppo Clone (1) ORRO (7) OSE (3) PC (2) PHICOMM (5) photoshop (1) pinpaternpassword (1) player (1) Power (3) Prestigio (1) Professional (4) QBZ (1) Ramos (5) rapidleech (1) Recovery software (1) Red Star (1) Samsung B seires (1) Samsung Clone (204) Samsung combination (360) Samsung Full (45) Science (13) Server (2) SINGTECH (90) SKG (4) SM-J530F full (1) Sony (73) Speed (7) SYH (94) tayar (1) TCL (1) Teaching (2) tecno (92) Teeno (1) Telenor (7) TIMMY (4) titan (20) True Smart (51) trueme (1) TWZ (34) uneed (1) uptobox (2) VG (9) Video (12) Vinovo (8) VIOVO (3) Virtual card (1) Vital (15) Vitu (3) Vivo (190) Vivo Clone (1) Voto (1) vps (8) WainFord (1) Wave (33) web (2) Wiko (5) Window (82) window font (1) X-BO (76) XDU (8) ZTE (25)