လယ်အလုပ် အချက်အပြုတ် အကုန်လုပ်ပြီး သူ့ပါးစပ်မှာ ဇွန်းတပ်ကာ အသက်(၉၁)နှစ်အရွယ် အမေအိုကြီးကို ထမင်းခွံ့ကျွေးရှာတဲ့ လက်နှစ်ဖက် မရှိတဲ့သား
မိ ဘတို့၏ကျေးဇူးဆိုတာ မြင့်မိုရ်တောင်ထက်တောင် သာပါတယ်။ မိဘတွေက သားသမီးတွေကို ငယ်ရွယ်စဉ်မှာ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။
ငယ်ငယ်လေးကတည်းက သားသမီးတွေကို အစားအစာတွေပါ ခွံကျွေးခဲ့တာပါ။ ဒါ့ကြောင့် သားသမီးများကလည်း မိဘ၏ကျေးဇူးကို ပြန်လည်ဆပ်သင့်ပါတယ် ယခုဖြစ်ရပ်လေးကတော့ အသက်၉၁နှစ်အရွယ်အမေကိုလုပ်ကျွေးပြုစုနေတဲ့ လက်နှစ်ဖက်စလုံးမရှိတဲ့သားဖြစ်ပါတယ်။
သားဖြစ်သူ၏အသက်ကတော့ ၄၈နှစ်ရှိပါပြီ။ သူနာမည်ကတော့ ချန်ဂျန်ယင်းဖြစ်ပါတယ်။ သူတို့က တရုတ်နိုင်ငံ ချွန်ကွမ်းပြည်နယ်မှနေထိုင်ကြတာပါ သားဖြစ်သူက မိသားစု၆ယောက်ထဲမှာ အငယ်ဆုံးဖြစ်ကာ လယ်စိုက် ထမင်းဟင်းချက်အကုန်သူပဲ လုပ်ပါတယ်။
သူ့အနေဖြင့် အသက် (၇)နှစ်သားအရွယ်ကတည်းက မတော်တဆမှုတစ်ခုမှာ လက်နှစ်ဘက်စလုံး ဆုံးရှုံးခဲ့ရတာပါ ဒီလို ငယ်စဉ်ဘဝအရွယ်ထဲက လက်နှစ်ဖက်မရှိတော့တဲ့အတွက် အရမ်းအားငယ် ဝမ်းနည်းခဲ့ရမှာဖြစ်သလို
ဘဝရဲ့အရာရာမှာ ခက်ခဲပင်ပန်းမှုတွေ စိတ်ဒုက္ခတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပြီး ဒုက္ခိတတစ်ယောက်အနေနဲ့ မိသားစုအပေါ် မှီခိုစားသောက်ရပ်တည်ကြရစမြဲပါ ဒါပေမယ့် သူကတော့ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ (၉၁)နှစ်အရွယ် အမေအိုကြီးကို ချက်ပြုတ် လုပ်ကိုင်ကျွေးမွေးပြုစု စောင့်ရှောက်နေနိုင်တာ အံ့ဖွယ်ပါပဲ။
နေ့စဉ်နေ့တိုင်း လယ်ယာခြံအလုပ်တွေ လုပ်သလို၊ အိမ်မှုကိစ္စအဝဝ ရေဆွဲရေငင် ချက်ပြုတ်တာကအစ အားလုံးလုပ်ကာ အမေဖြစ်သူကို ဟင်းတွေထမင်းတွေ ကျွေးရာမှာလည်း သူ့ပါးစပ်မှာ ဇွန်းတပ်ပြီး နေ့တိုင်း ခွံကျွေးလေ့ရှိပါတယ်။
သူ့အကြောင်းဟာ လက်ရှိအချိန်မှာ လူမှုကွန်ယက်မှာ ကျော်ကြားနေကာ လူတိုင်းက အမေ့ကိုလုပ်ကျွေးတဲ့သူ့ကို ချီးကျူးထောပနာပြုနေကြပါတယ် ခြေလက်အင်္ဂါအစုံအလင်ရှိတဲ့ သားသမီးတွေတောင် မိဘကို လုပ်ကျွေးပြုစုဖို့ ခဲယဉ်းကြတဲ့ခေတ်ကြီးမှာလက်နှစ်ဖက်မရှိပေမဲ့ အကိုးအားထား ထိုက်တဲ့ သားတစ်ယောက်အဖြစ် အမေအိုကြီးကို လုပ်ကျွေးပြုစုနေတာ အံ့
သြ ချီူးကျူးဖွယ် မကုန်နိုင်ပေတကား ။
Video ကြည့်ရန် https://youtu.be/3Hhzd24G7Og
https://thadinyatkwat.com/archives/17466
No comments:
Post a Comment
Note: Only a member of this blog may post a comment.